ဒီယွန်း ကို စာချုပ်သစ်ကမ်းလှမ်းဖို့ရှိနေတဲ့ ဘာစီလိုနာ
---------------------------
ဘာစီလိုနာအသင်းဟာ ကျဆင်းမှုတွေရှိနေတာကြောင့် အရင်လိုပြန်ဖြစ်ဖို့ အခက်အခဲတွေမျိုးစုံကြားကနေ ကြိုးစားနေရတာပါ။ ချန်ပီယံလိဂ်နဲ့ ဝေးနေတာကြာပြီဖြစ်သလို လက်ရှိမှာလည်း စိန်ခေါ်ဖို့ခက်နေပေမယ့် ဘာစီလိုနာဆိုတဲ့ အရှိန်အဝါက ကစားသမားတွေကို အရည်ပျော်ကျတဲ့ ပုံပါပဲ။
ဒီယွန်း ဆိုလည်း မန်ယူကိုမသွားချင်လို့ ဘာစီလိုနာမှာ ကပ်သပ်ပြီးနေခဲ့သလို အခုဆိုရင်တော့ သူ့ဖြစ်ချင်တာဖြစ်ရပါပြီ။ ဒါကတော့ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒေကို က ဒီယွန်း ကို စာချုပ်သစ်ကမ်းလှမ်းဖို့ စီစဥ်ထားတယ်လို့ ပြောခဲ့တာကြောင့်ပါပဲ။
" ဒီယွန်း ကို နှစ်ပေါင်းများစွာအသင်းဆက်နေစေချင်တာက ကျွန်တော်တို့ ဖြစ်ချင်တဲ့ အရာပါ။ သူက ထိပ်တန်းအဆင့်မှာ ကစားနေပါတယ်။ ကလပ်အသင်းကိုလည်း ချစ်ပါတယ် " လို့ ဒေကိုက ပြောခဲ့တာပါ။
ဒီယွန်း ရဲ့ လက်ရှိစာချုပ်က (၂၀၂၆)ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပေမယ့် ဘာစီလိုနာ ကတော့ စာချုပ်သစ်အတွက် ကြိုးစားနေပါပြီ။ ဒီယွန်း ကလည်း ဘာစီလိုနာမှာသာ ကစားချင်တဲ့သူမျိုး ဖြစ်ပြီး ငြင်းဆန်မယ့်သူလည်းမဟုတ်တာကြောင့် မကြာခင်မှာ စာချုပ်သစ်သတင်းကို မြင်တွေ့ရနိုင်ပါတယ်။
" VAR လွှမ်းမိုးသော နေ့ရက်များ "
Read Moreသူကတော့ အားလုံးရဲ့အချစ်တော လေတိုးရင်တောင်ဒဏ်ရာရတဲ့ အထာကြွယ်တဲ့မာစီယဲလ် ပဲ ဖြစ်ပါတယ်။
Read Moreမန်စီးတီး ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ယူပြီး မန်ယူအသင်း အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တယ်။
Read Moreမက်ဆီ ထွက်ခွာအပြီး ဘာပေ လည်း ထွက်ခွာလုနီးပါးဖြစ်နေချိန်မှာ နေမာ က ပါ ထွက်ခွာချင်နေတာပဲဖြစ်ပါတယ်။
Read Moreပယ်လ်မာ ကို မခေါ်ခင်တည်းက စိတ်ဝင်စားနေခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
Read More