ဂါလာတာစာရေး - မန်ယူ ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

ဂါလာတာစာရေး - မန်ယူကြာသပတေး မနက် (၁၂:၁၅)နာရီ 

(၂)သင်းလုံးအတွက် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။ အိမ်ရှင် ဂါလာတာစာရေးအသင်းက လက်ရှိမှာအနိမ့်အမြင့်လေးတွေနဲ့သွားနေပေမယ့် မာကျောမှုကတော့ ပုံမှန်အတိုင်းပါပဲ။ အသင်းမှာ ဒဏ်ရာပြသနာဘာမှမရှိ အားရစရာဖြစ်သလို အိမ်ကွင်းအားနဲ့လည်း မန်ယူအသင်းကို အပြည့်အဝဖိအားပေးနိုင်ပါလိမ့်မယ်။ ကစားသမား အင်အားကလည်း ဘယ်ဥရောပအသင်းကိုမဆို ယှဥ်နိုင်စွမ်းရှိပါတယ်။ ဒီပွဲမှာတော့ ဂါလာတာစာရေးဘက်မှာ အီကာဒီ ၊ ဇာဟာ ၊ မာတန်စ် တိုက်စစ်အတွဲအဖက်ကိုတော့ အဓိကထားစောင့်ကြည့်သွားရပါလိမ့်မယ်။ 

မန်ယူအသင်းကတော့ အဲဗာတန်ကို နိုင်ခဲ့တဲ့ပွဲမှာ အားရစရာတွေရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်က ကွာခြားမှုတွေရှိပါတယ်။ ခံစစ် ၊ ကွင်းလယ် ၊ တိုက်စစ် နေရာစုံ ဒဏ်ရာတွေများနေတာကလည်း အားလျော့စရာပါ။ အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မိုင်နူး ဒီပွဲမှာပါလာရင် စွမ်းဆောင်ရည်ကောင်းတွေပြန်ိုင်မလားဆိုတာကလည်း စောင့်ကြည့်သွားရပါလိမ့်မယ်။ ရပ်ရှ်ဖို့ဒ် ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကိုလွဲမှာဖြစ်ပြီး တိုက်စစ်မှုးဟွိုင်းလွန် ကတော့ ပါလာပါလိမ့်မယ်။ ဘိုင်ယန်မြူးနစ် ၊ ကိုပင်ဟေဂင် တို့ကိုအဝေးကွင်းတွေမှာ ရှုံးထားလို့ ဒီပွဲမှာလည်း ရလဒ်ကောင်းနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာတော့ကောင်းပါတယ်။ 

ဒီပွဲအတွက် ရလဒ်ခန့်မှန်းတဲ့နေရာမှာတော့ မန်ယူအသင်းရဲ့ ကြိုးစားအားထုတ်မှုကောင်းတဲ့အချက် ၊ ဒီပွဲနိုင်မှ ဘိုင်ယန်မြူးနစ်နဲ့ပွဲက စိတ်ဝင်စားစရာဖြစ်နေဦးမယ့် အချက် စတာတွေကြောင့် မန်ယူအသင်းကိုပဲ အနိုင်ပေးချင်ပြီး (၀-၂)နဲ့ နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

မန်ယူ - ကိုပင်ဟေဂင် ပွဲကြိုသုံးသပ်ချက်

အိမ်ကွင်းအားကလည်း မန်ယူအသင်းအတွက် ကောင်းတဲ့ သက်ရောက်မှုတစ်ခုဖြစ်စေပါလိမ့်မယ်

Read More
စပါး - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

(၂)သင်းလုံး ပွဲစဥ်(၆)ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲလုံးဝမရှိကြသေးပါဘူး။

Read More
လီဗာပူးလ် - ချယ်လ်ဆီး ပွဲကြိုသုံးသပ်ချက်

ဒီပွဲမှာ ချယ်လ်ဆီးက ဘယ်လိုရလဒ်ပဲ ထွက်ထွက်ဖိအားကင်းကင်းနဲ့ ကစားရမှာက ကျေနပ်စရာပါ။

Read More
စပါးကွင်းမှာနိုင်ခဲ့ပြီဖြစ်တဲ့ မန်စီးတီး

စပါးကလည်း အဲ့လိုပဲဖြစ်ပြီး ဂိုးမပေးရအောင် ကြိုးစားနေရင်းသာ အချိန်ကုန်ခဲ့ရတာပါ။

Read More
မန်ယူကိုနိုင်ပြီး အဆင့်(၁)ဖြစ်သွားတဲ့ အာဆင်နယ်

အာဆင်နယ် က အနိုင်ကိုထိန်းဖို့လောက်ပဲ အာရုံရှိပြီး မန်ယူကို ပိတ်ကစားသွားခဲ့သလို သူတို့ရဲ့ပုံစံအတိုင်း တိုက်စစ်ကို မြိုင်မြိုင်မကစားနိုင်ခဲ့ပါဘူး။

Read More