ချယ်လ်ဆီး - အာဆင်နယ်
စနေည (၁၁:၀၀) နာရီ
ပြိုင်ပွဲစုံ (၃)ပွဲဆက်နိုင်အပြီးမှာ ချယ်လ်ဆီးအခြေအနေတစ်ခုကိုရလာပြီး အရင်ကထက်ပိုတည်ငြိမ်လာခဲ့ပါတယ်။ အရမ်းကောင်းနေတာမျိုးမဟုတ်ပေမယ့် တိုးတက်မှုတော့ရှိလာခဲ့တာပါ။ ခံစစ် နဲ့ ကွင်းလယ် တည်ငြိမ်လာအပြီးမှာ တိုက်စစ်ပိုင်းပါတက်လာခဲ့ပြီး စတာလင် ၊ ဂျက်ဆင် ၊ ပယ်လ်မာ အတွဲက အချိတ်အဆက်မိနေပါတယ်။ အာဆင်နယ်ကို အိမ်ကွင်းမှာ ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲဆက် အရှုံးကနေ ချယ်လ်ဆီး ပြန်လာရတော့မယ့် အချိန်ပဲ ဖြစ်ပါတယ်။
အာဆင်နယ်က ပုံစံကောင်းရနေပြီး အားနည်းချက်လည်း နည်းပါတယ်။ ဆာကာ လည်း ပြန်ပါလာနိုင်တော့မှာဖြစ်လို့ အကောင်းတွေချည်းပါပဲ။ အကုန်ကောင်းနေပေမယ့် နောက်ပွဲ ဆီဗီလာနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲ ကစားရမယ့် အနေအထား ၊ လန်းစ်ကိုလည်း ရှုံးထားတာတွေကြောင့် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ပွဲကျပ်ကာလတစ်ခုကြားကို ရောက်နေတယ်လို့ ပြောရပါလိမ့်မယ်။
ဒီပွဲ အခြေအနေက တစ်သင်းနဲ့တစ်သင်းနိုင်ဖို့ခက်ပြီး သရေကိုပိုဦးတည်နေတယ်လို့ ထင်ပါတယ်။ တစ်ဖက် (၁)ဂိုးစီနဲ့ သရေကျမယ့်ပွဲလို့ ခန့်မှန်းချင်ပါတယ်။
ဒီရာသီအစမှာလည်း အလွန်ဆို ရဲ့ လေဗာကူဆင်အသင်းဟာ အဖွင့်တော်တော်လှနေပါတယ်။
Read Moreမက်ဂွိုင်းယား ကတော့လုံးဝကိုပုံစံကောင်းပြန်ရသွားခဲ့ပြီဖြစ်ပြီး အိုနာနာ ကလည်းသူ့ရဲ့ အဆင့်အတန်းတစ်ခုကို ဒီပွဲမှာပြသနိုင်ခဲ့ပါတယ်။
Read More" အဲရစ်တန်ဟက် ကမ္ဘာထဲက ကြေကွဲသံစဥ် "
Read Moreမန်ယူအသင်း ရှုံးကိုရှုံးမယ်လို့ ထင်ထားခဲ့ကြပေမယ့် အဝေးကွင်းမှာ နည်းဗျူဟာကျ ကစားခဲ့ပြီး ရမှတ်တစ်မှတ်အရယူနိုင်ခဲ့ပါတယ်။
Read Moreချယ်လ်ဆီး - အာဆင်နယ် လန်ဒန်ဒါဘီ
Read More