ဥရောပစူပါဖလား ကို အရယူခဲ့တဲ့ မန်စီးတီး

Published 1 year ago by Bawlonelive

လိုအပ်ချက်တွေရှိခဲ့ပေမယ့် ဥရောပစူပါဖလား ကို အရယူခဲ့တဲ့ မန်စီးတီး

--------------------------------------- 

မန်စီးတီး (၁-၁) ဆီဗီလာ

(ပယ်နယ်တီ ၅-၄ နဲ့ မန်စီးတီးနိုင်) 

ပုံမှန်ပွဲတစ်ပွဲအတိုင်း မန်စီးတီး နိုင်ခဲ့တာပါပဲ။ ဒါပေမယ့် ပြောင်းလဲမှုတွေကတော့ ရှိပါတယ်။ ပြောရရင် မန်စီးတီးအနည်းငယ် ကျသွားတယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဂန်ဒိုဂန် ကို လက်လွှတ်လိုက်တယ်။ ဒီဘရိုင်းနား နားရမယ်။ ဘာနာဒိုဆေးဗားလ် မပါလာတဲ့ အချိန်မှာ အရင်ကလိုမဟုတ်ခဲ့တာ ဘာမှတော့မဆန်းပါဘူး။ ဒီလိုပြောလို့ အသင်းက မကောင်းနေတာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် အရင်ကလိုမဟုတ်တော့ပဲ ပြိုင်ဘက်ကိုကျော်ဖြတ်ဖို့လည်း ပိုခက်ခဲလာခဲ့ပါတယ်။ 

ဒီတော့ ထုံးစံအတိုင်း မာကျောတဲ့ ဆီဗီလာ က မန်စီးတီးကို ဒုက္ခပေးခဲ့ပါတယ်။ ဆီဗီလာခံစစ်နဲ့ ဂိုးသမား က ကောင်းခဲ့ပြီး ဟာလန်းကလည်း ပွဲကြီးဆို မတိုးတာမျိုး ဒီပွဲမှာထပ်မြင်ခဲ့ရပါတယ်။ မန်စီးတီး က ဘောလုံးကိုင်ထားတာသာများနေပြီး ဘာမှဆက်မဖြစ်ပဲ ကိုင်ထားတာကသာအဖတ်တင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကိုတော့ ဆီဗီလာက စရခဲ့တာဖြစ်ပြီး ပွဲချိန်(၂၅)မိနစ်မှာ တိုက်စစ်မှုး အယ်လ်နက်ဆရီ က သူ့ရဲ့ပုံစံအတိုင်းခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ 

မန်စီးတီးဘက်မှာ သဘောကျမိတာကတော့ ရိုဒရီ နဲ့ ပယ်လ်မာ ပါပဲ။ ရိုဒရီ ကတော့ ခြေစွမ်းတည်ငြိမ်လွန်းတဲ့ ကစားသမားလို့ ချီးကျူးချင်ပြီး မန်စီးတီးအသင်းကို ထိန်းပေးထားတဲ့သူလို့လည်း ပြောလို့ရပါတယ်။ ပယ်လ်မာ ကတော့ ဒဏ်ရာတွေ ၊ ကစားသမားအရောင်းတွေများသွားလို့ ခက်ခဲနေတဲ့ဂွါဒီယိုလာ အတွက် အချိန်ကိုက်ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး ဆီဗီလာခံစစ် သူ့ကြောင့်အလုပ်များခဲ့ပါတယ်။ မန်စီးတီးအသင်းရခဲ့တဲ့ ပွဲချိန်(၆၃)မိနစ်ချေပဂိုးကလည်း ရိုဒရီ ရဲ့ ဖန်တီးမှုကနေ ပယ်လ်မာ က သွင်းယူခဲ့တာပါ။ ကွန်မြူနတီဒိုင်း ၊ ဥရောပစူပါဖလား (၂)ပွဲဆက် ပယ်လ်မာ က ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ တစ်ဖက်(၁)ဂိုးစီသရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးက အကုန်ဂိုးဝင်ခဲ့ပြီး ဆီဗီလာ က နောက်ခံလူ ဂူဒဲလ် လွဲချော်ခဲ့တာကြောင့် မန်စီးတီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဥရောပစူပါဖလား ကိုအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။

ဂါနာချို က လူမကျွံပါဘူး - တန်ဟက်

ဟွိုင်းလွန် ကို ပယ်နယ်တီ ဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကိုလည်း ပယ်နယ်တီပါလို့ ထပ်ပြောခဲ့ပါတယ်။

Read More
PSG က ထွက်ခွာချင်နေတဲ့ နေမာ

မက်ဆီ ထွက်ခွာအပြီး ဘာပေ လည်း ထွက်ခွာလုနီးပါးဖြစ်နေချိန်မှာ နေမာ က ပါ ထွက်ခွာချင်နေတာပဲဖြစ်ပါတယ်။

Read More
ချယ်လ်ဆီး - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

ချယ်လ်ဆီး - အာဆင်နယ် လန်ဒန်ဒါဘီ

Read More
အပြိုင်ရှုံးကြတဲ့ အာဂျင်တီးနား နဲ့ ဘရာဇီးလ်

အာဂျင်တီးနား က အိမ်ကွင်းမှာ ဥရုဂွေးကို (၀-၂)နဲ့ ရှုံးတာဖြစ်ပြီး ဘရာဇီးလ် က ကိုလံဘီယာ ကို (၂-၁)နဲ့ ရှုံးခဲ့တာပါ။

Read More
တိုက်စစ်အားဖြည့်နေတဲ့ PSG

တစ်ဖက်မှာ ဘာပေ ထွက်တော့မယ်ဆိုတော့ အသင်းရဲ့ တိုက်စစ်အားကိုလျော့မသွားအောင် အားဖြည့်နေတဲ့ သဘောပါပဲ။

Read More