ဂျက်ဆင် ကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ဝေးခဲ့ရတဲ့ ချယ်လ်ဆီး

Published 8 months ago by Bawlonelive

ဂျက်ဆင် ကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ဝေးခဲ့ရတဲ့ ချယ်လ်ဆီး

------------------------------ 

မန်စီးတီး ၁ - ၀ ချယ်လ်ဆီး 

ပရီးမီးယားလိဂ်က (၄-၄) ၊ (၁-၁) သရေကျတဲ့ပွဲတွေမှာ ချယ်လ်ဆီးဟာ ဒီရလဒ်ကောင်းတွေကို နည်းဗျူဟာပိုင်း မှန်ကန်မှုတွေကြောင့်ရခဲ့တာပါ။ ဆိုလိုချင်တဲ့ သဘောက မန်စီးတီးကို ယှဥ်ကစားဖို့မလွယ်လို့ ရလဒ်ကောင်းမယ့်လမ်းကိုရွေးခဲ့ကြတာဖြစ်ပါတယ်။ အခုပွဲကတော့ အဲဒီပွဲတွေနဲ့ ပြောင်းပြန်ပါ။ ချယ်လ်ဆီးက မန်စီးတီးကို အကောင်းဆုံးယှဥ်ကစားသွားခဲ့ပါတယ်။ မန်စီးတီးကတောင် အနိမ့်ပိုင်းရောက်နေတဲ့ အချိန်တွေရှိခဲ့ပြီး အနိုင်ရလဒ်က ကံတရားဖေးမမှုလို့တောင် ပြောလို့ရပါတယ်။ 

ဒီပွဲမှာ မန်စီးတီးရဲ့ နေရာစုံက အားရစရာမရှိခဲ့ပါဘူး။ ပြောရမယ်ဆို မန်စီးတီးက အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ပုံစံမျိုးတောင်မကစားနိုင်ခဲ့တာပါ။ ခံစစ်အစွန်တွေဆိုလည်း တစ်ပွဲလုံးပေါက်နေခဲ့ပြီး ချယ်လ်ဆီးက ကောင်တာတိုက်စစ်အားမကောင်းလို့သာ မန်စီးတီးခံသာခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာတော့ ချယ်လ်ဆီးတိုက်စစ်မှုး ဂျက်ဆင် ကိုအပြစ်တင်ရမှာဖြစ်ပြီး သူသာအပိုင်အခွင့်အရေးတွေကို မဖြုန်းတီးခဲ့ပဲ အသုံးချနိုင်ခဲ့မယ်ဆို ချယ်လ်ဆီးက (၂)ဂိုးလောက်တော့ အေးဆေးရပါတယ်။ ဂျက်ဆင် က ဒါတိုက်စစ်မှုးလားလို့ မေးခွန်းထုတ်ရလောက်အောင်အထိ ဂိုးသွင်းတိကျမှုက ညံဖျင်းခဲ့တာပါ။ 

ပွဲပြီးခါနီးမှာ မန်စီးတီး က တိုက်စစ်ပိုကစားလာနိုင်ခဲ့ပေမယ့် ထိထိရောက်ရောက်တော့မဟုတ်ပါဘူး။ ဒီလိုနဲ့ ပွဲချိန် (၈၄)မိနစ်မှာ ဒိုကူ ၊ ဒီဘရိုင်းနား အတွဲအဖက်ကနေ ပီထရိုဗစ် ကာကွယ်လိုက်တဲ့ ဘောလုံးက ဘာနာဒိုဆေးဗားလ် ရှေ့ကျသွားပြီး ဘာနာဒိုဆေးဗားလ် က ရလာတဲ့ရှားရှားပါးပါးအခွင့်အရေးကို အမှားအယွင်းမရှိ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီး ဖိအားများနေချိန်မှာ ခြေစွမ်းမကောင်းခဲ့ပေမယ့် ချယ်လ်ဆီးကို အနိုင်ယူကာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကနေ ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့တာကတော့ မန်စီးတီးအတွက် ကျေနပ်စရာပါ။ လက်ရှိချန်ပီယံ မန်စီးတီးအသင်း နဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့်အသင်းက ကိုဗင်ထရီလား ၊ မန်ယူ လား ဆိုတာကိုတော့ စောင့်ကြည့်သွားကြရပါလိမ့်မယ်။

ဒါဝင်နူးနက်ဇ် ရဲ့ ဂိုးတွေနဲ့ အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့ လီဗာပူးလ်

တစ်နာရီကျော်လောက် နယူးကာဆယ်ရဲ့ တစ်ယောက်အသာ ၊ (၁)ဂိုးအသာကို အဝေးကွင်းမှာ နောက်ကလိုက်ကစားခဲ့ပြီး လီဗာပူးလ် ဟာ ဘာလဲဆိုတာကို ပြသနိုင်ခဲ့တယ်။

Read More
မန်ယူ က ဒီလောက်ပါပဲ

ဒါက ဒီရာသီ ချန်ပီယံလိဂ်မှာ မန်ယူအသင်း ဘယ်လိုမှ အဖြေမရှာနိုင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၅)

" 3 In 1 လွှမ်းမိုးသော နေ့ရက်များ "

Read More
အင်တာမီလန်ကို ပြောင်းမယ့် ဆွန်းမား

အသက်(၃၄)နှစ်အရွယ် ဝါရင့်ဂိုးသမား ဆွန်းမား ကို ယူရို(၆)သန်းနဲ့ ပြန်လည် ခေါ်ပါတော့မယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၇)

" ဟော့ဂဏန်းမထွက်ပါ "

Read More