ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ လုခ်ရှော
---------------------------
လက်ရှိ အချိန်ထိ မန်ယူအသင်းမှာ ဒဏ်ရာအခြေအနေတွေအများကြီးရှိနေပေမယ့် လုခ်ရှောပြန်လာတာက မန်ယူအသင်းကို အားပေးသူတွေအတွက် အားဆေးတစ်ခွက်ပါပဲ။ သူပြန်လာခဲ့လို့ခံစစ်ပိုင်းအတွက် ကစားသမား ရွေးချယ်မှုတစ်ခုတော့ ပိုသွားခဲ့ပါပြီ။
ရီဂွယ်လွန် ၊ ဒါလော့ ၊ လင်ဒီလော့ဖ် တို့နဲ့ အဆင်ပြေသလို လှည့်သုံးခဲ့ရတဲ့ ဘယ်နောက်ခံနေရာက လုခ်ရှော ပြန်ပါလာပြီဆိုတာနဲ့ လိုအပ်နေတဲ့ အစိတ်အပိုင်းလေးတစ်ခု စက်ပစ္စည်းမှာထည့်လိုက်သလိုမျိုး အသင်းက ပိုကောင်းကောင်းနဲ့လည်ပတ်သွားနိုင်ပါတယ်။ လုခ်ရှောကြောင့် ခံစစ်ပိုင်းပိုကောင်းလာမယ်။ ကစားကွက်ပိုင်း ပိုတည်ငြိမ်သွားမယ်။ သူ့ရဲ့အထောက်အပံတွေကြောင့် ရုန်းကန်နေရတဲ့ ရက်ရှ်ဖို့ဒ်လည်းပိုပြီး ကစားရချောင်လာ နိုင်ပါတယ်။
အခုဆိုရင်တော့ ဒဏ်ရာကြောင့် (၃)လကြာနားနေခဲ့ရတဲ့ လုခ်ရှော လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။ အဲဗာတန်နဲ့ ပွဲမှာပါလာဖို့ ရာခိုင်နှုန်းများနေပါတယ်။
သူ့ကြည့်ရတာ ဘောလုံးကစားရတာလည်း တော်တော်လေးကိုပျော်ရွှင်နေတဲ့ပုံပါ။
Read Moreမက်ဆီ လည်း ဒီဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေလို့ ဟာလန်း အတွက် စိုးရိမ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဟာလန်း ကသာ ဒီဆု ကိုအရယူနိုင်ခဲ့တာပါ။
Read MorePSG ကနေ ထွက်ခဲ့တဲ့ အချိန်အရောက်မှာ ရာမို့စ် ရဲ့ အနာဂတ်ဟာ ဘယ်ကိုရောက်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
Read Moreသူကို လိုချင်တဲ့အသင်းကတော့ သူရဲ့ကစားသမားဘဝအသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးလ် နဲ့ ဘိုင်ယန်မြူးနစ်တို့ပါ။
Read More" မှန်းဆရခက်ခဲတဲ့ ပရီးမီးယားလိဂ် "
Read More