အနိုင်ကို စာလုံးပေါင်းပြမှပဲ ရတော့မယ်

Published 6 months ago by Bawlonelive

အနိုင်ကို စာလုံးပေါင်းပြမှပဲ ရတော့မယ်

---------------------------- 

တန်ဟက် ကတော့ Clean Sheets ရတာကိုကြွယ်နေပါတယ်။ 

ဘိုင်ယန်ကို နိုင်ခဲ့တဲ့အသင်းကို သရေရခဲ့တာဆိုပြီး ဂုဏ်ယူကောင်းလည်း ဂုဏ်ယူနေနိုင်ပါတယ်။ 

ပြောရရင်တော့ အမှားကြီးပါပဲ။ 

အဆင့် (၁၄)နေရာ ရောက်နေတာကိုတော့မသိချင်ယောင်ဆောင်နေပါတယ်။ 

ဗီလာနဲ့ပွဲမှာ ကစားပုံကတော့ မဆိုးပါဘူး။ဒါပေမယ့် နိုင်ဖို့အတွက်လည်း မလုံလောက်ခဲ့ပါဘူး။ 

အခုဆို နောက်ဆုံးကစားထားတဲ့ (၅)ပွဲမှာ(၄)ပွဲသရေ (၁)ပွဲရှုံးနဲ့ မန်ယူအသင်း နိုင်ပွဲပျောက်ဆုံးထားပါတယ်။ 

စပါးနဲ့ပွဲမှာ ဖာနန်ဒက်စ် သာ အထုတ်မခံခဲ့ရရင် မန်ယူအသင်း သရေလောက်တော့ ရနိုင်ခြေရှိခဲ့ပါတယ်။ 

မန်ယူအသင်းရဲ့ ပုံစံကပြိုင်ဘက်ကိုအနိုင်ယူဖို့ခက်သလို ပြိုင်ဘက်ကို မရှုံးအောင်လည်းကစားတတ်နေပါတယ်။ 

ဒါပေမယ့် ဘောလုံးပွဲမှာ လိုအပ်နေတာကအနိုင်ရလဒ်ပါ။ အနိုင်ရလဒ်ကို မဖော်ဆောင်နိုင်ရင်တော့ ဘာအဓိပ္ပါယ်မှရှိနေမှာမဟုတ်ပါဘူး။ 

မန်ယူအသင်းကလည်း ဘယ်လို ​အနိုင်ယူရမှန်းမသိဘူးဆိုတော့ မန်ယူအသင်းအတွက်အနိုင်ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းပြမှပဲ ရပါတော့မယ်။

မန်ယူမှာပဲရှိနေမယ့် မာစီယဲလ်

သူကတော့ အားလုံးရဲ့အချစ်တော လေတိုးရင်တောင်ဒဏ်ရာရတဲ့ အထာကြွယ်တဲ့မာစီယဲလ် ပဲ ဖြစ်ပါတယ်။

Read More
စပိန်ထိပ်သီးတွေ ခေါ်ချင်နေကြတဲ့ ဂရင်းဝုဒ်

နဂိုတည်းက အရည်အချင်းရှိတဲ့သူမို့လို့ ဂီတာဖေး မှာအစွမ်းပြနေတာ ဘာမှတော့မဆန်းပါဘူး။

Read More
မန်ယူ - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

ဒီရာသီမှာ Top 3 စာရင်းဝင်အသင်းတွေဆို လုံးဝမနိုင်သေးဘူးဆိုတဲ့ အချက်ကလည်း နည်းပြတန်ဟက်နဲ့ ကစားသမားတွေဖြေရှင်းရမယ့် ပုစ္ဆာပါပဲ။

Read More
ကစားသမား ဘဝကနေ အနားယူခဲ့ပြီဖြစ်တဲ့ ဟာဇက်

ဟာဇက် ဟာအသက်(၃၂)နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ကြောင်း ​ကြေညာခဲ့ပါတယ်။

Read More
ရလဒ်​တွေဆက်တိုက်ဆိုးနေတဲ့ ဘိုင်ယန်မြူးနစ်

ချန်ပီယံလိဂ်ပွဲမှာ ရလဒ်ကောင်းတစ်ခုလိုခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

Read More