The Best ဆုကိုရခဲ့တဲ့ မက်ဆီ
------------------------
(၂၀၂၃)ခုနှစ်အတွက် The Best ဆုကို မက်ဆီ ပဲ ရခဲ့ပါတယ်။ တကယ့်ကို အံအားသင့်စရာကြီးပါပဲ။ ဒီတော့ မက်ဆီ က ဖီဖာရဲ့သားဆိုတဲ့ အသံတွေပိုကျယ်လောင်လာခဲ့တယ်။
ဒီဆုရရှိမှုကို ဟာသကြီးလိုမြင်လာကြပါတယ်။ ဒီလိုတွေဖြစ်နေကြတာကိုလည်းအပြစ်ပြောလို့ မဟုတ်ပါဘူး။ လုပ်နေတဲ့ပုံတွေက ဟုတ်ကိုဟုတ်မနေလို့ပါ။
ဒီဆုက မဲပေးရွေးချယ်တဲ့စနစ်ဆိုတော့ မက်ဆီ က မဲတွေရပါတယ်။ မက်ဆီ ကို မဲပေးတဲ့သူတွေကလည်း နာမည်ကျော်နိုင်ငံအသင်းခေါင်းဆောင်တွေပါပဲ။
မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်ပဲ ပြောရမလား။ မက်ဆီရဲ့ အရှိန်အဝါလို့ပြောရမလားပါပဲ။ မက်ဆီ နဲ့ ဟာလန်း တို့ မဲအရေအတွက် (၄၈)မှတ်စီနဲ့တူနေခဲ့ပေမယ့် မက်ဆီ က နိုင်ငံအသင်းခေါင်းဆောင်တွေရဲ့မဲနဲ့အပို (၅)မှတ်ရခဲ့ပြီး ဒီဆုကိုရရှိခဲ့ပါတယ်။
ဒီတစ်ခါဖြစ်သင့်တာက ဟာလန်း ဆိုပေမယ့် ဒီတစ်ခါလည်း သူကံမကောင်းခဲ့ပါဘူး။ မက်ဆီ ကတော့ The Best ဆုကို (၃)ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ဒီဆုကို အများဆုံးရထားတဲ့ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
အခြေအနေတွေနဲ့ ခြေစွမ်းတွေအရ မိုင်နူး ကိုရွေးသင့်တာကတော့အမှန်ပါပဲ။
Read Moreအိမ်ကွင်းကောင်းတဲ့ မန်စီးတီးကို လီဗာပူးလ် ကျော်ဖြတ်နိုင်မလားဆိုတာကသာ အဖြေတစ်ခုဖြစ်ပါတယ်။
Read More" လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ကြတဲ့ရက်သတ္တပတ် "
Read Moreပရီးမီးယားလိဂ် ပွဲစဥ်(၂)အပြီးမှာတော့ လီဗာပူးလ်က ရမှတ်(၄)မှတ် ၊ နယူးကာဆယ် က (၃)မှတ်ရရှိထားကြပါတယ်။
Read Moreမန်ယူအသင်းရဲ့တိုက်စစ်မှုး အပျောက်ပုံစံမှာ တွမ်မီနေး နဲ့ ဖာနန်ဒက်စ် က တိုက်စစ်မှုး လိုလို ၊ No.10 Role လိုလိုကစားပြီး ၊ ခံစစ်ကိုလည်း ကူပါတယ်။
Read More