ဒဏ်ရာကနေပြန်လာတဲ့ အန်ကွန်ကူ
----------------------------------------
ချယ်လ်ဆီးအသင်းရဲ့ ကစားသမားသစ်တစ်ဦး ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ကစားသမား အန်ကွန်ကူ ဟာ အသင်းအတွက် ဒဏ်ရာကနေပြန်လာခဲ့ပါပြီ။ ဒါဟာ လက်ရှိမှာ ခြေစွမ်းပိုင်းအတက်အကျ ပုံမှန်မရှိတဲ့ ချယ်လ်ဆီးအသင်းအတွက် အားရစရာအခြေအနေတစ်ခုပါပဲ။
ခြေစွမ်းကောင်းလို့ အားကိုးတကြီးခေါ်ထားကာမှ ဒဏ်ရာကြောင့် ရာသီတစ်ဝက်နီးပါး နားလိုက်ရတဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှုးသစ်ရဲ့စွမ်းဆောင်ရည်တွေကို မြင်တွေ့ရတော့မှာပါ။ ဂျက်ဆင် ကလွဲပြီး တခြားအားကိုးစရာမရှိတဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အန်ကွန်ကူ က နောက်ထပ်ရွေးချယ်စရာတစ်ခုပါပဲ။
လာမယ့် Sunday မှာကစားမယ့်ဘရိုက်တန်နဲ့ ပွဲမှာတော့ အန်ကွန်ကူ အသင်းရဲ့ လူစာရင်းမှာ ပါဝင်ဖို့ အခွင့်အရေးရှိနေပါတယ်။ နည်းပြပိုချက်တီနို ကတော့ မနက်ဖြန်မှာ အကဲဖြတ်မှုတွေ ပြုလုပ်ပြီးမှ ပွဲပေးကစားသင့် ၊ မကစားသင့် ကို ဆုံးဖြတ်သွားမယ်လို့ ပြောထားပါတယ်။ အခြေအနေတွေအရတော့ ဘရိုက်တန်နဲ့ ပွဲမှာအန်ကွန်ကူ ချယ်လ်ဆီးအသင်းရဲ့ အရန်လူစာရင်းမှာ ပါလာနိုင်ပါတယ်။
ပြောရမယ်ဆို တန်ဟက် ခေါင်းမာမှုကိုလျော့သင့်ပါပြီ။
Read Moreပရီးမီးယားလိဂ် ပွဲစဥ်(၂)အပြီးမှာတော့ လီဗာပူးလ်က ရမှတ်(၄)မှတ် ၊ နယူးကာဆယ် က (၃)မှတ်ရရှိထားကြပါတယ်။
Read Moreစပါးကလည်း အဲ့လိုပဲဖြစ်ပြီး ဂိုးမပေးရအောင် ကြိုးစားနေရင်းသာ အချိန်ကုန်ခဲ့ရတာပါ။
Read Moreကာလအတန်ကြာ အဖြေမထွက်ဖြစ်နေတဲ့ ဂရင်းဝုဒ် ရဲ့ ဇာတ်လမ်းက အဖြေထွက်သွားခဲ့တာပါပဲ။
Read Moreထွက်ပေါ်နေတဲ့ ပွဲစဥ်တွေကလူစိတ် ဝင်စားစရာအတွဲတွေဆိုပေမယ့် စပိန် - ဂျာမနီ တွေ့ဆုံမှုကိုတော့ ကျော်နိုင်ကြမယ် မထင်ပါဘူး။
Read More