ကိုပင်ဟေဂင် - မန်ယူ
ကြာသပတေးမနက် (၂:၃၀)နာရီ
ကိုပင်ဟေဂင် ရဲ့ ခြေစွမ်းကိုတော့ အိုးထရက်ဖို့ဒ်မှာ မြင်ခဲ့ပြီးပါပြီ။ အဆင့်တစ်ခုရှိပြီး Play ပိုင်းကောင်းသလို စုဖွဲ့မှုလည်း ကောင်းပါတယ်။ နောက်ဆုံးမိနစ်မှာရတဲ့ ပယ်နယ်တီကိုမဝင်ခဲ့လို့သာ ရှုံးခဲ့ရတာပါ။ ဒိန်းမတ်လိဂ်ကို ဦးဆောင်နေပြီး ခြေစွမ်းလည်းကောင်းပေမယ့် ချန်ပီယံလိဂ်မှာ ရလဒ်ဆိုးနေတော့ ချန်ပီယံလိဂ်နဲ့ ကံမစပ်ဘူးလားလို့တောင် တွေးချင်စရာပါ။ ကိုပင်ဟေဂင်အနေနဲ့ ဒီပွဲမှာအမြင့်ဆုံးသရေလောက်သာ မျှော်လင့်ခွင့်ရှိပါလိမ့်မယ်။
မန်ယူကတော့ ဖူလ်ဟမ်ကို နိုင်အပြီးမှာ ဖိအားအနည်းငယ်လျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့အတွက် အခုပွဲကို အနိုင်ကန်ရမယ်ဆိုတဲ့ ဖိအားရှိနေတုန်းပါ။ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ် (၂)ပွဲဆက် ကစားရတာက ပွဲစဥ်ဇယားကပေးတဲ့ အခွင့်အရေးဖြစ်ပြီး ဒါကိုလည်း အရယူဖို့လိုပါတယ်။ ဖူလ်ဟမ်နဲ့ပွဲက ခြေစွမ်းအတိုင်းဆို မန်ယူရလဒ်ကောင်းနိုင်ပါလိမ့်မယ်။
ဒီ(၂)သင်းကြားမှာ ကွာခြားချက်တစ်ခုရှိသလို ပွဲအဖြေကိုပြောင်းလဲပေးနိုင်သူတွေကလည်း မန်ယူမှာသာရှိတာပါ။ မန်ယူနိုင်မယ့် ပွဲစဥ်ဖြစ်ပါတယ်။ (၁-၃)လောက်နဲ့ နိုင်ပါလိမ့်မယ်။
စီရော်နယ်လ်ဒို ဒီစာရင်းထဲမှာ ၂၀၀၃ နောက်ပိုင်းပထမဆုံးအကြိမ် မပါဝင်ခဲ့ခြင်းက ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။
Read Moreဟာဇက် ဟာအသက်(၃၂)နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Read Moreအခုဆို ဒေါ့ဘွတ်ခ် အက်သလက်တီကို ကို ရောက်ရှိိဖို့ တော်တော်လေးနီးစပ်နေ ပြီဖြစ်ပါတယ်။
Read Moreဒါကတော့ စပါးနည်းပြပိုစတီကိုဂလူး ဟာ နည်းပြရာထူးကနေ အစောဆုံးထုတ်ပယ်ခံရနိုင်တယ်ဆိုတာပါပဲ။
Read Moreဒီစာရင်းမှာပါဝင်လာတဲ့ သူတွေကတော့ မက်ဆီ ၊ ဟာလန်း နဲ့ဘာပေ တို့ဖြစ်ကြပါတယ်။
Read More