နောက်ကျဂိုးတွေနဲ့ မန်ယူကို နိုင်ခဲ့တဲ့ အာဆင်နယ်

Published 1 year ago by Bawlonelive

နောက်ကျဂိုးတွေနဲ့ မန်ယူကို နိုင်ခဲ့တဲ့ အာဆင်နယ်

----------------------------------------------------------

အာဆင်နယ် ၃ - ၁ မန်ယူ 

အာဆင်နယ် က တစ်ပွဲလုံး အနိုင်ရဖို့ကြိုးစားခဲ့တယ်။ မန်ယူကလည်း အကောင်းဆုံး တုံ့ပြန်ခဲ့တယ်။ဒီတော့ အပြန်အလှန် ထိုးဖောက်မှုတွေကို မြင်ခဲ့ရပြီး ပွဲက မြိုင်မြိုင်ဆိုင်ဆိုင်လည်း ရှိခဲ့ပါတယ်။ 

ဦးဆောင်ဂိုးကိုတော့ မန်ယူက စရခဲ့တာပါ။ ပွဲချိန်(၂၇)မိနစ်မှာ ဟာဗက်ဇ် ရောင်းလိုက်တဲ့ ဘောလုံးကို အဲရစ်ဆင် က ရက်ရှ်ဖို့ဒ် လမ်းကြောင်းထဲ ထည့်ပေးလိုက်ပြီး ရက်ရှ်ဖို့ဒ် က ဘန်ဝှိုက် နဲ့ ဆလီဘာ တို့တားဆီးနေတဲ့ကြားက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချက်ခြင်းဆိုသလိုပဲ အာဆင်နယ် ချေပဂိုးရခဲ့ပြီး မန်ယူအထနှေးသွားတာကို အခွင့်အရေးအမြန်ယူကာ မာတင်နယ်လီ ခင်းပေးလိုက်တဲ့ ဘောလုံးကို အိုဒီဂတ် က ပွဲချိန်(၂၈)မိနစ်မှာ သူ့ရဲ့ပုံစံအတိုင်း ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ဒုတိယပိုင်းမှာတော့ အာဆင်နယ် က ပထမပိုင်းကထက်ပိုကောင်းလာခဲ့သလို ပွဲကိုလည်း ပိုစီးလာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သိသိသာသာကြီး အသာစီးယူနေတာမျိုးတော့မဟုတ်ပါဘူး။ ဒီအချိန်မှာ မန်ယူအတွက် ခက်ခဲဖို့အရာတွေက ဆက်တိုက်ဆိုသလိုဖြစ်လာပါတော့တယ်။ ကက်စ်မဲရိုး ၊ အဲရစ်ဆင် ကွင်းလယ်ကျလာချိန်မှာ မာတီနက်ဇ် နာ သွားပြီး မက်ဂွိုင်းယား လူစားဝင်လာခဲ့တာက အသင်းရဲ့ အထိုင်ကိုပျက်သွားစေတော့တာပါပဲ။ ဒီအချိန်မှာ အာဆင်နယ် က ဂျေးဆု ၊ တိုမီယာဆု ၊ ဗီအဲရာ တို့ကိုထည့်ပြီး ပွဲကိုဖြတ်ဖို့ ကြိုးစားလာပါတော့တယ်။ 

ပွဲချိန်(၈၉)မိနစ်မှာ မန်ယူအသင်းအတွက် ဂါနာချို ဂိုးသွင်းပေးခဲ့ပေမယ့် VAR က လူကျွံဘောဆိုပြီး ပယ်ဖျက်ခဲ့လို့ မန်ယူအသင်း နစ်နာခဲ့ရကာ ပွဲကအလှည့်အပြောင်းဖြစ်သွားပါတော့တယ်။ ပွဲချိန်(၉၆)မိနစ်မှာတော့ အာဆင်နယ် အနိုင်ဂိုးစရခဲ့သလို ဒီကလန်ရိုက်စ် ကန်သွင်းယူခဲ့တာဖြစ်ပြီး လွတ်နေတဲ့နေရာ တက်မကာတဲ့ မက်ဂွိုင်းယား ၊ ပိတ်ထားတဲ့နေရာ ကောင်းကောင်းမကာကွယ်နိုင်တဲ့ အိုနာနာ တို့​ကြောင့် ပေးလိုက်ရတာပါ။ အာဆင်နယ်အတွက် တတိယဂိုးကိုတော့ (၉၀+၁၁)မိနစ်မှာ ဂျေးဆု က တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးရပြီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အာဆင်နယ် က (၄)ပွဲကစား (၁၀)မှတ်ရရှိထားပြီး (၆)မှတ်သာ ရယူထားနိုင်သေးတဲ့ မန်ယူအတွက်တော့ ဒီထက်ပိုကောင်းအောင်မှ ရှေ့လာမယ့်ပွဲတွေမကစားနိုင်ရင် အသင်းတိုင်းတိုးတက်လာတဲ့ ပရီးမီးယားလိဂ်မှာ ထိပ်သီး(၄)သင်းစာရင်းဝင်ဖို့တောင် ခက်ခဲနိုင်ပါတယ်။

မက်ဆီ နဲ့ စီရော်နယ်လ်ဒို တို့ထပ်တွေ့ကြမယ်

သူတို့ (၂)ယောက်ရင်ဆိုင်တွေ့ကြမှာကို ကြည့်ရမှာနဲ့တင်တန်နေပါပြီ။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၇)

" ဟော့ဂဏန်းမထွက်ပါ "

Read More
ရီးယဲလ်အသင်းနဲ့ သတင်းတွေထွက်လာတဲ့ မော်ရင်ဟို

ဆော်ဒီကိုမသွားချင်တဲ့ မော်ရင်ဟိုကို ရီးယဲလ်ကသာ ကမ်းလှမ်းလာရင်မော်ရင်ဟို လုံးဝကို လက်ခံပါလိမ့်မယ်။

Read More
ဖရန့်ဖတ် ပြောင်းမယ့် ဗန်ဒီဘိခ်

အငှားစာချုပ်ကတော့ လာမယ့်ဇွန်လအထိ ဖြစ်ပါတယ်။

Read More
ကာရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဥ်တွေ ထွက်ပေါ်

မန်ယူ - နယူးကာဆယ် ၊ ဝက်စ်ဟမ်း - အာဆင်နယ် ပွဲစဥ်တွေကပွဲကောင်းတွေ အဖြစ်ရှိနေပါတယ်။

Read More