မန်ယူ ကယ်တင်ခဲ့ကြတဲ့ မက်ဂွိုင်းယား နဲ့ အိုနာနာ
--------------------------------------
မန်ယူ ၁ - ၀ ကိုပင်ဟေဂင်
မန်ယူကို အမြဲတမ်းလိုလို အခက်အခဲဖြစ်အောင် လုပ်လေ့ရှိတဲ့ ကစားသမား (၂)ဦးက ဒီပွဲမှာ မန်ယူကို ကယ်တင်ခဲ့ကြတာပါ။ မက်ဂွိုင်းယား ကတော့လုံးဝကိုပုံစံကောင်းပြန်ရသွားခဲ့ပြီဖြစ်ပြီး အိုနာနာ ကလည်းသူ့ရဲ့ အဆင့်အတန်းတစ်ခုကို ဒီပွဲမှာပြသနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာတော့ မန်ယူအသင်းရဲ့ ကစားပုံက တော်တော်လေးပျင်းစရာကောင်းခဲ့ပါတယ်။ ကစားနေတာသာရှိပြီး ကွင်းလယ် နဲ့ တောင်ပံတိုက်စစ်တွေက ဘာဆိုဘာမှဖြစ်မလာပါဘူး။ ကိုပင်ဟေဂင် ကတော့ အခွင့်အရေးတချို့ ရခဲ့ပြီး ပထမပိုင်းမှာ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်ယူအသင်းဟာ ပထမပိုင်းကနဲ့ ပြောင်းပြန်ဖြစ်သွားပြီး ဒါကတော့ မထင်မှတ်ထားတဲ့ လူစားလဲမှုတစ်ခုကြောင့်ပါပဲ။ အသင်းရဲ့ ကွင်းလယ်ကို ထိန်းကြောင်းပေးနေတဲ့ အမ်မရာဘတ် ကိုထုတ်ပြီး အဲရစ်ဆင် ကို နည်းပြတန်ဟက်က ထည့်ခဲ့တာပါ။ ဒီလူစားလဲမှုက အသင်းကစားပုံ ပြန်တက်ခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်ခဲ့ပြီး အဲရစ်ဆင် ကြောင့် ကွင်းလယ်အသာစီးရသွားသလို တိုက်စစ်လမ်းကြောင်းတွေပိုပွင့်လာခဲ့ပါတယ်။
ဘယ်ခြမ်းကို အပြောင်းအလဲအဖြစ် ဂါနာချို ၊ လင်ဒီလော့ဖ် တို့ကိုပါ ထည့်အပြီးမှာ ဘယ်ခြမ်းတိုက်စစ်ပါပိုကောင်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် (၇၂)မိနစ်မှာ မန်ယူအသင်း ဂိုးရခဲ့ပြီး အဲရစ်ဆင် ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကို မက်ဂွိုင်းယား က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ အဲ့နောက်ပိုင်းမှာလည်း မန်ယူအသင်း အခွင့်အရေးတွေထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
ပွဲပြီးခါနီးမှာတော့ တွမ်မီနေး ကြောင့် မန်ယူပယ်နယ်တီပေးခဲ့ရပြီး ကိုပင်ဟေဂင် က လာဆင် ကန်ခဲ့ပေမယ် အိုနာနာ က လက်စွမ်းပြကာကွယ်သွားခဲ့တာကြောင့် မန်ယူအသင်း ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲကို ရရှိခဲ့ပါတယ်။
ဖိုဒန် ရဲ့ အလန်းစားဂိုး ကစောစောစီးစီးပွဲပြီးပြီလို့ မပြောရုံတမယ်ဖြစ်ခဲ့တာပါ။
Read More" လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ကြတဲ့ရက်သတ္တပတ် "
Read Moreပယ်လ်မာ ကို မခေါ်ခင်တည်းက စိတ်ဝင်စားနေခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
Read Moreအိမ်ကွင်းအားကလည်း မန်ယူအသင်းအတွက် ကောင်းတဲ့ သက်ရောက်မှုတစ်ခုဖြစ်စေပါလိမ့်မယ်
Read Moreလီဗာပူးလ်ကနေ ဘာစီလိုနာ ပြောင်းခဲ့တာက အခုလိုဖြစ်ရခြင်းတွေရဲ့ မြစ်ဖျားခံရာပါပဲ။
Read More