ရာထူးတွေကနေ နုတ်ထွက်ခဲ့တဲ့ ရူဘီအာလက်စ်
-----------------------------------------
စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရူဘီအာလက်စ် ဟာ စပိန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်တော့ အသင်းသားတွေနဲ့ နှုတ်ဆက်နေချိန်ကွင်းလာယ်တိုက်စစ်ကစားသမားဟာမိုဆို အလှည့်အရောက်မှာ နှုတ်ခမ်းကိုနမ်းလိုက်တာ အားလုံးအသိဖြစ်ပါလိမ့်မယ်။ ဥက္ကဌတစ်ယောက် အနေနဲ့ မသင့်တော်တဲ့ အရာကို လုပ်ခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်လို့ နှုတ်ဆက်နေချိန်နဲ့ အောင်ပွဲခံနေချိန်တွေမှာလည်း ရူဘီအာလက်စ် ရဲ့ အသင်းသားတွေအပေါ်အပြုအမူတွေက လိုတာထက်ပိုခဲ့ပါတယ်။
မီဒီယာတွေအတွက် ဝေဖန်ချင်စရာ ကိစ္စကြီးဖြစ်သွားပြီး ကြီးမားတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ရူဘီအာလက်စ် ဟာ အခုဆို သူ့လုပ်ရပ်နဲ့ပတ်သက်ပြီး တာဝန်ယူသွားခဲ့ပါတယ်။ ဒါကတော့ ရူဘီအာလက်စ် ဟာ အခုဆို စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရာထူးနဲ့ UEFA ဒုတိယ ဥက္ကဌ ရာထူးတွေကနေ နုတ်ထွက်သွားခဲ့တာပါပဲ။
သူ့ကြောင့် စပိန်ဘောလုံးလောကပုံရိပ်ကျဆင်းခဲ့ရပြီး မလုပ်သင့်တဲ့အရာကိုလုပ်ခဲ့တာကြောင့် အကျိုးဆက်အနေနဲ့ ပေးဆပ်မှုကြီးမားသွားခဲ့ရတာပဲ ဖြစ်ပါတယ်။
ဘယ်လင်ဂမ် ကို ကြည့်ရတာ ဇီဒန်းနဲ့ ကာကာ ပေါင်းစပ်ထားသလိုပါပဲ။
Read Moreဒီစာရင်းမှာပါဝင်လာတဲ့ သူတွေကတော့ မက်ဆီ ၊ ဟာလန်း နဲ့ဘာပေ တို့ဖြစ်ကြပါတယ်။
Read Moreချီယေဆာ အတွက် ကမ်းလှမ်းမှုတွေကိုလည်း လမ်းဖွင့်ပေးထားပြီး ယူရိုသန်း (၆၀)လောက် ရဖို့တော့ မျှော်လင့်နေပါတယ်။
Read Moreဆန်ချို ကို စိတ်ဝင်စားတဲ့ အသင်းက နည်းပြ ဂျရတ် ရဲ့ အယ်လ်အီတီဖတ်အသင်းဖြစ်ပြီး အငှားနဲ့ ခေါ်ချင်တယ်ဆိုတာပါ။
Read Moreဒီ(၂)သင်းကြားမှာ ကွာခြားချက်တစ်ခုရှိသလို ပွဲအဖြေကိုပြောင်းလဲပေးနိုင်သူတွေကလည်း မန်ယူမှာသာရှိတာပါ။
Read More