မာတီနက်ဇ် ဆို အင်တာပါပဲ
------------------------------
ဟိုးအရင်နှစ်တွေတုန်းက ဘောလုံးသမားတွေကို သူတို့ရဲ့ကလပ်အသင်းတွေနဲ့ဝေခွဲမရအောင်တွဲ မြင်ကြပါတယ်။အခုခေတ်မှာတော့ ဒါမျိုးကမရှိသလောက်ပါပဲ။
ဒီလိုမျိုးမရှိသလောက်ကို ဖြစ်နေတဲ့အထဲမှာတော့ မာတီနက်ဇ် ကိုထည့်ကြရပါလိမ့်မယ်။ အခုလက်ရှိမှာက မာတီနက်ဇ် ဆို အင်တာပါပဲ ဖြစ်နေပါပြီ။
ခြေစွမ်းကလည်း တစ်ရာသီထက် တစ်ရာသီပိုကောင်းလာတယ်။ အသင်းရဲ့ ဦးဆောင်သူလည်းဖြစ်နေပြီ။ Ballon d'or ဆုကိုရနိုင်တဲ့ ကစားသမားအဆင့်ကိုလည်း ရောက်နေခဲ့ပြီ။
အသင်းပြောင်းမယ်ဆို ပြောင်းချင်တဲ့အသံပေးလိုက်ရုံနဲ့ ခေါ်မယ့်အသင်းတွေစီသွားမှာဖြစ်ပေမယ့် အင်တာမှာပဲ သူဆက်နေဖို့ရွေးချယ်တာကို သဘောကျပါတယ်။
မာတီနက်ဇ် အင်တာနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီဖြစ်လို့ (၂၀၂၉)ခုနှစ်အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ လစာကတော့ ယူရို(၉)သန်းဖြစ်ပြီး အပိုဆုကြေးတွေလည်း ပါဝင်ပါတယ်။
မာတီနက်ဇ် က အင်တာရဲ့ ပရောဂျက်အသစ်တွေကို စိတ်ဝင်စားပါတယ်။ ဒီတော့လည်း အင်တာမှာပဲ ဆက်နေဖို့ဆန္ဒရှိခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာအင်တာမီလန် က နာပိုလီ ကိုခြေစွမ်းအသာနဲ့ ကစားသွားခဲ့တာပါ။
Read Moreအသင်းကိုလည်း တန်ဟက် စိတ်တိုင်းကျပြင်ဆင်နေပြီး အပြောင်းအရွှေ့တွေကအချိန်နည်းနည်း ကြန့်ကြာတာမျိုးတွေရှိပေမယ့် အချိန်တန်ရင် သူ လိုချင်တဲ့သူ အကုန်ရနေပါတယ်။
Read Moreအားကိုးရတဲ့အဓိကကစားသမားပြန်လာတာ အားတက်စရာပါ။
Read Moreဘိုကာဂျူနီယာအသင်းမှာတော့ ကာဗာနီ ဟာ ဂန္ထဝင်ကျောနံပါတ်(၁၀)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး ဒီနံပါတ်ကို ဝတ်ဆင်ခွင့်ရတာက သူ့အတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။
Read Moreဟာလန်း ဟာ မန်စီးတီးအသင်းနဲ့ ပထမဆုံးရာသီမှာတင် ပြိုင်ပွဲစုံ သွင်းဂိုး (၅၂)ဂိုး ထိသွင်းယူခဲ့တာပါ။
Read More