ဂါလာတာစာရေး ကို ပြောင်းရွှေ့ခဲ့တဲ့ အီကာဒီ

Published 1 year ago by Bawlonelive

ဂါလာတာစာရေး ကို ပြောင်းရွှေ့ခဲ့တဲ့ အီကာဒီ 

-------------------------------------------------- 

ဂါလာတာစာရေးအသင်းမှာ အငှားနဲ့လာကစားနေတဲ့ PSG တိုက်စစ်မှုး အီကာဒီဟာ ဂါလာတာစာရေးအင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ အငှားနဲ့ ဂါလာတာစာရေးအသင်းဆီ လာကစားတဲ့ ပြီးခဲ့တဲ့ရာသီက အီကာဒီ ဟာ စွမ်းဆောင်ရည်ကောင်းတွေပြနိုင်ခဲ့တာကြောင့် အခုလို အပြီးသတ်ခေါ်ယူခဲ့တာပါ။ 

ဂါလာတာစာရေးအသင်းဟာ အီကာဒီကို (၃)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးက ယူရို(၁၀)သန်းသာဖြစ်သလို PSG အသင်းဆီ (၄)ရာသီအတွင်းခွဲပေးရမှာဖြစ်ပါတယ်။ ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမယ့် အီကာဒီ ဟာ ဂါလာတာစာရေးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၆)သန်းရရှိသွားမှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရာသီက ဂါလာတာစာရေးအသင်းတိုက်စစ်ကို အီကာဒီ ဟာ အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၂၆)ပွဲမှာ (၂၃)ဂိုးထိသွင်းယူခဲ့ကာ တူရကီစူပါလိဂ် ချန်ပီယံဆုကို ဂါလာတာစာရေးအသင်း ဆွတ်ခူးနိုင်ခဲ့ရာမှာ အဓိကနေရာက ပါဝင်ခဲ့သူဖြစ်ပါတယ်။

စပါးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ မန်ယူ

ခံစစ်ကနေ တောက်လျှောက် တိုက်စစ်ထိ ဗန်ဒီဗန် ရဲ့ဆွဲထွက်မှုကို ခွင့်ပြုခဲ့ရပြီး သူ့ရဲ့ဖန်တီးမှုကနေ ဂျွန်ဆင် က ပွဲအစ (၃)မိနစ်မှာတင် စပါးကို ဦးဆောင်စေခဲ့ပါ...

Read More
အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ မိုင်နူး

အခြေအနေတွေနဲ့ ခြေစွမ်းတွေအရ မိုင်နူး ကိုရွေးသင့်တာကတော့အမှန်ပါပဲ။

Read More
အနာဂတ်လှုပ်ခတ်နေတဲ့ ပိုချက်တီနို

ချယ်လ်ဆီးအခြေအနေတော်တော်​လေးကို ဆိုးသွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၁၂)နေရာအထိကို ရောက်သွားခဲ့ပါတယ်။

Read More
ခြေစွမ်းမှန်ပြန်ရလာတဲ့ ဟာဗက်ဇ်

ချယ်လ်ဆီးကနေ အာဆင်နယ် အပြောင်းမှာ အဆင်ပြေဖို့တော်တော်လေး ခက်ခဲခဲ့ပါတယ်။

Read More
အက်ဖ်အေဖလားမှာ တွေ့ဆုံနေကြတဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်

ဇန်နဝါရီလ ပထမအပတ်ထဲမှာ ဒီပွဲစဥ်ကို ကစားသွားကြရမှာဖြစ်ပါတယ်။

Read More