စပါး - မန်စီးတီး
စနေမနက် (၂:၃၀)နာရီ
လက်ရှိစပါးက ကောင်းနေတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ကမလွယ်လို့ ဒီပွဲမှာ ပုံမှန်ထက်ပိုပြီး အာရုံစိုက်လာမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ မန်ယူကိုသရေ ကစားထားပြီး အဲ့ပွဲကထက်ပိုကောင်းအောင်ကစားနိုင်မှသာ ဒီပွဲမှာရလဒ်ကောင်းဖို့ရှိပါတယ်။ မန်စီးတီးကို အိမ်ကွင်းမှာ ပြိုင်ပွဲစုံ(၅)ပွဲဆက်နိုင်ထားတယ်ဆိုတဲ့အချက်က ဒီပွဲအတွက် စိတ်ဓာတ်ပိုင်းကိုမြင့်တက်စေပါလိမ့်မယ်။ မတ်ဒီဆင် ပြန်ပါလာမှာကလည်း အားရစရာဖြစ်ပြီး နည်းပြပိုစတီကိုဂလူး ဘာလုပ်ပြမလဲဆိုတာနဲ့ တိုက်စစ်ကစားသမားသစ် ဗာနာ တို့ကိုတော့ စောင့်ကြည့်သွားကြရပါလိမ့်မယ်။
မန်စီးတီးကတော့ စပါးကွင်းမှာဆို ရုန်းကန်ရတာ ၊ နောက်ဆုံး (၂)ပွဲဆက်မနိုင်ထားတာ ၊ နောက်ဆုံး (၅)ပွဲမှာ (၃)ပွဲထိရှုံးထားတာတွေက စိတ်ဓာတ်ပိုင်းအတွက် ထိုးနှက်ချက်တွေပါပဲ။ ပုံမှန်ထက်ပိုကောင်းတဲ့ စိတ်ဓာတ်ပိုင်းနဲ့ ဒီပွဲကိုရင်ဆိုင်မှာ ရလဒ်ကောင်းမယ်ထင်ပါတယ်။ ဒီဘရိုင်း ၊ ရိုဒရီ ၊ ဘာနာဒိုဆေးဗားလ် ၊ ရိုဒရီ ကွင်းလယ်က အသက်ဖြစ်ပြီး ဒီပွဲရလဒ်မှာ ဒီကွင်းလယ်က အဓိက အဖြေပါပဲ။ နည်းပြဂွါဒီယိုလာလည်း မဖြစ်မနေကိုနိုင်ဖို့ကြိုးစားလာပါလိမ့်မယ်။
မန်စီးတီးအရင်က ဘယ်လိုပဲ ရလဒ်တွေဆိုးခဲ့ပါစေ။ ဒီပွဲစဥ်ကတော့ မန်စီးတီးအလှည့်လို့ယူဆပါတယ်။ မန်စီးတီးနိုင်မယ်။ (၁-၂)လောက်ဖြစ်နိုင်ပါတယ်။
ကာဗာဟယ်လ် က ဒဏ်ရာကြောင့် (၃)ပတ်ကနေ (၄)ပတ်ကြား နားရမယ့် ပုံစံဖြစ်ပါတယ်။
Read Moreတစ်နာရီကျော်လောက် နယူးကာဆယ်ရဲ့ တစ်ယောက်အသာ ၊ (၁)ဂိုးအသာကို အဝေးကွင်းမှာ နောက်ကလိုက်ကစားခဲ့ပြီး လီဗာပူးလ် ဟာ ဘာလဲဆိုတာကို ပြသနိုင်ခဲ့တယ်။
Read More" VAR လွှမ်းမိုးသော နေ့ရက်များ "
Read Moreချယ်လ်ဆီးအသင်းနဲ့ ကိုင်စီဒို က (၈)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး (၁)နှစ်သက်တမ်းတိုးခွင့်လည်းပါဝင်ပါတယ်။
Read Moreဘာပေ PSG ကသာထွက်ရင် ပြောင်းမယ့်အသင်းက ရီးယဲလ်သာဖြစ်လို့ဒီလိုသတင်းထွက်လာတာ ဘာမှတော့မဆန်းပါဘူး။
Read More