ဒဏ်ရာကြောင့် နားရမယ့် ပါရီဆစ်

Published 11 months ago by Bawlonelive

ဒဏ်ရာကြောင့် နားရမယ့် ပါရီဆစ် 

---------------------------- 

စပါးတောင်ပံ ကစားသမားပါရီဆစ် ရာသီကုန်ထိ ဒဏ်ရာကြောင့် နားရဖို့ရှိနေပါတယ်။ ဒဏ်ရာကတော့ ပြင်းထန်တဲ့ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာပဲဖြစ်ပါတယ်။ ဒီဒဏ်ရာကို ပါရီဆစ် ဟာလေ့ကျင့်ရေးကွင်းမှာ ရခဲ့တာဖြစ်ပြီး ညာဘက်ဒူးမှာဖြစ်ခဲ့တာဖြစ်သလို ခွဲစိတ်ကုသမှု ခံယူသွားမှာလည်းဖြစ်ပါတယ်။ 

စပါးအသင်းရလဒ်ကောင်းတွေနဲ့ ရှေ့ဆက်နေချိန်မှာ ဒဏ်ရာတွေက စတင်ထိုးနှက်နေခဲ့ပြီပဲ ဖြစ်ပါတယ်။ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာဟာ ကုသရကြာသလို ပြန်လာရင်လည်း အရင်လိုပြန်ဖြစ်ဖို့ တည်ဆောက်ရတာ ခက်ပါတယ်။ 

ပါရီဆစ် ဟာ စပါးအသင်းနဲ့ ဒီနှစ်ဘောလုံးရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ သူ့ရဲ့စပါးကစားသမားဘဝက ပြီးသွားပြီလို့တောင် ပြောလို့ရပါတယ်။အသင်းအတွက်ရော ကစားသမားအတွက်ပါထိခိုက်မှုရှိတဲ့ ဒဏ်ရာပါပဲ။

PSG ကိုပြောင်းဖို့များနေတဲ့ အိုဆီမန်

PSG အသင်း နဲ့နီးနီးစပ်စပ်သတင်းတွေထွက်လာခဲ့ပါတယ်။

Read More
ရီးယဲလ် ရဲ့ လူငယ်တိုက်စစ်

ဗီနီစီယက်စ်နဲ့ ရိုဒရီဂို တို့က အဆင် သင့်ရှိနေကြတယ်။

Read More
နိုင်ပွဲတစ်ပွဲကို လွှင့်ပစ်ခဲ့တဲ့ မန်ယူ

နိုင်ပွဲတစ်ပွဲကို လွှင့်ပစ်ခဲ့ချန်ပီယံလိဂ်မှာ ကစားရလိုက် မကစားရလိုက်အနေအထားမှာ ချန်ပီယံလိဂ်မှာ ဘယ်လိုနိုင်အောင်ကစားရမလဲဆိုတာ မသိတော့ပုံပါပဲ။

Read More
ရာထူးတွေကနေ နုတ်ထွက်ခဲ့တဲ့ ရူဘီအာလက်စ်

ချန်ပီယံဖြစ်လို့ နှုတ်ဆက်နေချိန်နဲ့ အောင်ပွဲခံနေချိန်တွေမှာလည်း ရူဘီအာလက်စ် ရဲ့ အသင်းသားတွေအပေါ်အပြုအမူတွေက လိုတာထက်ပိုခဲ့ပါတယ်။

Read More
ဆော်ဒီအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ မန်စီနီ

မန်စီနီ ဟာ ဆော်ဒီအသင်းမှာ (၄)နှစ်အတွက် ယူရိုသန်း(၁၀၀)တန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Read More