မန်စီးတီး - မန်ယူ ပွဲကြိုသုံးသပ်ချက်

Published 3 months ago by Bawlonelive

မန်စီးတီး - မန်ယူ ပွဲကြိုသုံးသပ်ချက်

------------------------------ 

မန်စီးတီး - မန်ယူ

စနေည (၈:၃၀)နာရီ 

မန်စီးတီး က အကောင်းဆုံးအသင်းဆိုပေမယ့် ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီကလောက်တော့ မကောင်းပါဘူး။ စပါး ၊ ဝက်စ်ဟမ်း တို့နဲ့ပွဲတွေမှာလည်း အမှားလေးတွေရှိခဲ့ပြီး ပွဲအဖြေပြောင်းလဲနိုင်တဲ့ အခြေအနေမျိုးတွေဖြစ်ခဲ့လို့ ဒီပွဲမှာတော့ ဒီလိုမျိုးတွေလုပ်လို့မရပါဘူး။ အီဒါဆန် မပါနိုင်ရင် အားနည်းနိုင်တယ်ဆိုပေမယ့် အော်တီဂါ ကြောင့် အဆင်ပြေပြေတော့ရှိပါတယ်။ ပရီးမီးယားလိဂ် (၄)နှစ်ဆက်ချန်ပီယံဖြစ်ထားတာ ပွဲချိန်အတွင်း (၃၅)ပွဲဆက်ရှုံးပွဲမရှိတာ မန်ယူအသင်းနဲ့ နောက်ဆုံးတွေ့ဆုံမှု (၇)ကြိမ်မှာ (၆)ကြိမ်ထိ နိုင်ထားတာတွေက အားရစရာအချက်အလက်တွေ ဖြစ်ပါတယ်။ 

မန်ယူအသင်းကတော့ ဒီဗိုလ်လုပွဲကို ခက်ခက်ခဲခဲနဲ့ တက်လာခဲ့ရတာပါ။ ကံကြမ္မာရဲ့ဖေးမမှုတွေလည်း ရရှိခဲ့တော့ မန်ယူအသင်းဘက်မှာ ဒီအရာလေးတော့ရှိနေပါတယ်။ လက်ရှိမှာ လူစုံလို့ခြေစွမ်းပြန်ကောင်းလာခဲ့သလို တိုက်စစ်မှုးစစ်စစ်မပါပဲ ကွင်းလယ်ကို အားပြုပြီး ကစားဖို့ ဒီပွဲမှာ နည်းပြတန်ဟက် ပြင်ဆင်နေပါတယ်။ ဒီပွဲအတွက် မန်ယူအသင်းရဲ့ပွဲထွက်လူစာရင်းကတော့ ဒီရာသီ အတောင့်တင်းဆုံးပွဲထွက်လူစာရင်းလည်း ဖြစ်လာနိုင်ပါတယ်။ 

မန်ယူအသင်းဘက်မှာ ကံတရားရှိတယ်ဆိုပေမယ့် ခြေစွမ်းမှာတော့ မန်စီးတီးက ပိုသာလို့ အနိုင်ရလဒ်အတွက် မန်စီးတီးကိုပဲ ရွေးချယ်ချင်ပါတယ်။ (၂-၁)ဆိုတဲ့ ရလဒ်မျိုးဖြစ်နိုင်ပါတယ်။

ဘာကာမှာ ပျော်တဲ့ ဒီယွန်း

ဒီယွန်း က ဒီအရာတွေအားလုံးက အတုအယောင်တွေလို့သာပြောသွားခဲ့ပါတယ်။

Read More
PSG နဲ့အသံတွေထွက်နေတဲ့ ရက်ရှ်ဖို့ဒ်

စည်းကမ်းပိုင်းအားနည်းမှုကြောင့်အပြစ်ပေးခံထားရချိန်မှာ အချိန်ကိုက်ဆိုသလိုကို စိတ်ဝင်စားတဲ့သတင်းက ထွက်လာခဲ့တာပါ။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂)

" အဲရစ်တန်ဟက် ကမ္ဘာထဲက ကြေကွဲသံစဥ် "

Read More
PSG က ထွက်မယ့် ဘာပေ

ဘာပေ PSG ကသာထွက်ရင် ပြောင်းမယ့်အသင်းက ရီးယဲလ်သာဖြစ်လို့ဒီလိုသတင်းထွက်လာတာ ဘာမှတော့မဆန်းပါဘူး။

Read More
မန်စီးတီး အတွက် ဒီဘရိုင်းနား ပြန်လာပြီ

ဒီဘရိုင်းနား ပြန်လာတာက မန်စီးတီးအတွက် အားအင်တစ်ရပ်ပါပဲ။

Read More