ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၇)
" ဟော့ဂဏန်းမထွက်ပါ "
ကစားပုံတော့ မကောင်းဘူး။အချိန်တန်တော့ (၂)ဂိုးနဲ့ နိုင်တယ်ဆိုတည်းက ချယ်လ်ဆီး ဟာ မျှော်လင့်လို့ ရနေတုန်းဆိုတာ သိသာပါတယ်။ ချယ်လ်ဆီး အားပေးသူတွေကိုယ်တိုင်အားမရနေပေမယ့်တစ်ဖက်မှာလည်း ဖြစ်လာနိုင်တာတွေရှိနေပါတယ်။ ထိပ်သီး (၄)သင်းဝင်ဖို့က ခက်လောက်မယ်ဆိုပေမယ့် ဒီရာသီမှာ ဥရောပဝင်ခွင့်လောက်တော့ ချယ်လ်ဆီး ဖြစ်နိုင်ပါတယ်။
အနိုင်သေချာတဲ့ ပွဲတွေကို မန်စီးတီး မနိုင်တော့ဘူး ဆိုတာက စဥ်းစားရကျပ်ပါတယ်။ ကောင်းလှပါတယ်ဆိုတဲ့ အိမ်ကွင်းမှာ (၂)ဂိုးအနိုင်ကနေ (၂)ဂိုးပြန်ပေးရပြီး ပြိုင်ဘက်က ပဲလေ့စ် ဖြစ်နေတာကြောင့် ပုံမှန်မဟုတ်တော့တာတော့ အမှန်ပါပဲ။ လက်ရှိမန်စီးတီး က ပျောက်ဆုံးနေတဲ့မန်စီးတီးပါ။ မန်စီးတီး က မန်စီးတီး ပြန်ဖြစ်လာဖို့ အမြန်ဆုံးလိုအပ်နေပါပြီ။
ရာသီအစကမိုးလားကဲလားတွေဖြစ်ခဲ့ကြပေမယ့်အချိန်တန်တော့ဘရိုက်တန် က ဘရိုက်တန်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ အာဆင်နယ်အတွက်ဘရိုက်တန် က အခက်အခဲမဖြစ်ခဲ့တာဘာမှတော့မဆန်းပါဘူး။ ဒီရာသီ အာဆင်နယ်က ပြည့်စုံမှုရှိတဲ့ အာဆင်နယ်ပါ။ အာဆင်နယ် ချန်ပီယံမဖြစ်နိုင်ဘူးဆိုပြီး ပြောဆိုမှုတွေရှိနေပေမယ့် ချန်ပီယံဖြစ်နိုင်ခြေက ပြီးခဲ့တဲ့ရာသီကထက်ပိုများတာတော့ အမှန်ပါပဲ။ အချိန်ကိုက်ဆိုသလို ဟာဗက်ဇ် ပြန်လာနိုင်ခဲ့တာကလည်း တောင်းဆုတစ်ခုပြည့်ခဲ့ရသလိုပါ။
ပရီးမီးယားလိဂ်ရဲ့ စနေနေ့ အစောဆုံးပွဲ ၊ ပရီးမီးယားလိဂ်ရဲ့ Super Sundayနောက်ဆုံးပွဲတွေဟာ မထင်ထားတာတွေ အမြဲလိုလိုဖြစ်နေကြပါ။ ဒီလိုအချိန်မှာလီဗာပူးလ် - မန်ယူပွဲဟာ အရာအားလုံးလီဗာပူးလ် ဖြစ်နေတော့ စိုးရိမ်စရာကောင်းခဲ့တာ အမှန်ပါပဲ။ တစ်ခြမ်းစောင်းရင်ကြောက်စရာ ကောင်းတယ်ဆိုပေမယ့်တစ်ခြမ်းစောင်းနေပြီး လီဗာပူးလ်မှ လီဗာပူးလ် ဖြစ်နေကြပါတယ်။ ဒီတော့ ဟော့ဂဏန်းမထွက်ဘူး ဆိုတဲ့ ထုံးစံအတိုင်းမမျှော်လင့်ထားတာတွေဖြစ်ခဲ့ပြီး အားအနည်းဆုံး မန်ယူအသင်းကို လီဗာပူးလ်သရေနဲ့သာ ကျေနပ်လိုက်ရပါတော့တယ်။လီဗာပူးလ်အတွက် ဇယားထိပ်ဆုံးကဆင်းပေးလိုက်ရတဲ့ပွဲ ဖြစ်ခဲ့သလို မန်ယူအတွက်တော့ စိတ်ဓာတ်ပိုင်းနဲ့ ယုံကြည်မှု ပိုမြင့်တက်ခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ကိုင်စီဒို က (၈)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး (၁)နှစ်သက်တမ်းတိုးခွင့်လည်းပါဝင်ပါတယ်။
Read Moreပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲတွေ ရလဒ်ဆိုးနေတာကို ချန်ပီယံလိဂ် အိမ်ကွင်းနိုင်ပွဲနဲ့ ချေဖျက်ပြရပါလိမ့်မယ်။
Read Moreအဲဒီ(၂)ပွဲဆက်နောက်ဆုံးမိနစ်တွေမှာ ရင်ခံခဲ့ရလို့ ကံမကောင်းခဲ့ဘူးလို့လည်း ပြောရပါလိမ့်မယ်။
Read Moreဘာလို့လဲဆိုတော့ စပါးနဲ့တွေ့တိုင်းရလဒ်ဆိုးလို့ပါပဲ။
Read Moreလာမယ့်ရာသီမှာ အလွန်ဆိုရီးယဲလ်နည်းပြဖြစ်လာမလားဆိုတာကလည်း စိိတ်ဝင်စားဖို့ကောင်းတဲ့ အခြေအနေတစ်ခုပါ။
Read More