ဘာမင်ဂမ် မှာ ခက်ခဲနေတဲ့ ရွန်နီ
-----------------------------
ရွန်နီ ကို အလားအလာကောင်းတွေရှိနိုင်တဲ့ နည်းပြတစ်ဦးလို့ ယူဆထားကြပေမယ့် လက်ရှိမှာတော့ ရုန်းကန်နေရပါတယ်။ ရွန်နီ ဟာ သူ့ရဲ့အရည်အချင်းပိုကိုပြသပြီး နည်းပြဘဝနောက်တစ်ဆင့်ကိုတက်ဖို့ အင်္ဂလန်ကို ပြန်ရောက်လာခဲ့ပေမယ့် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါပေမယ့် ရွန်နီ ဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းမှာ ခက်ခဲနေပါတယ်။ ဒီအသင်းကို သူစရောက်တုန်းက အမှတ်ပေးဇယားအဆင့် (၅)နေရာမှာပါ။ သူတာဝန်ယူထားတဲ့ (၁၅)ပွဲမှာ ဘာမင်ဂမ်အသင်းက (၂)ပွဲသာနိုင်ထားပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့် (၂၀)နေရာကိုလည်း ရောက်သွားပါပြီ။
တန်းဆင်းဇုန်နဲ့ (၆)မှတ်ထိ ကွာနေသေးပေမယ့် တန်းဆင်းဇုန်နဲ့က ကပ်နေတာကြောင့် ရလဒ်ကောင်းတွေ မြန်မြန်ပြန်ရဖို့လိုပါတယ်။ မဟုတ်ရင် ရွန်နီ လည်း ဖိအားတွေပိုများလာပါလိမ့်မယ်။
မန်စီးတီးမှာ ပျောက်ဆုံးနေပြီး ရုန်းကန်နေရတဲ့ ကယ်ဗင်ဖိလစ် ကို ဂွါဒီယိုလာ လည်း မကူညီနိုင်ပါဘူး။
Read Moreဒါဟာ လက်ရှိမှာ ခြေစွမ်းပိုင်းအတက်အကျ ပုံမှန်မရှိတဲ့ ချယ်လ်ဆီးအသင်းအတွက် အားရစရာအခြေအနေတစ်ခုပါပဲ။
Read More" ပရီးမီးယားလိဂ် ဟုခေါ်သည် "
Read Moreဘိုင်ယန်မြူးနစ်ကိုသွားဖို့ အခွင့်အရေးရတုန်းမှာ ဒိုင်ယာ က အမိအရဖမ်းဆုပ်ခဲ့တာဖြစ်ပါတယ်။
Read Moreထုံးစံအတိုင်း နေမာ ဆော်ဒီလိဂ်ကိုပဲသွားမှာပါ။
Read More