ဖလားတစ်လုံးကိုတော့ လက်လွှတ်လိုက်ရပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်
-----------------------------
လေဗာကူဆင်က Heidenheim ကိုအဝေးကွင်းမှာ (၁-၂)နဲ့ နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် က ဘိုချမ် ကို အဝေးကွင်းမှာ (၃-၂)နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီတော့ လေဗာကူဆင် နဲ့ ဘိုင်ယန်မြူးနစ် ကြား ပွဲစဥ် (၂၂)အပြီးမှာ ရမှတ်(၈)မှတ်ထိ ကွာသွားခဲ့ပါပြီ။
ဘွန်ဒက်စ်လီဂါ က ပွဲပြီးသွားပြီလို့သာ ပြောရပါတော့မှာဖြစ်ပြီး ဖလားတစ်လုံးကိုတော့ ဘိုင်ယန်မြူးနစ် လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ ပြိုင်ပွဲစုံ (၃)ပွဲဆက် ရှုံးအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါ ကိုတော့ မေ့လိုက်ရတာပဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာတော့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရှိနေပါသေးတယ်။ ဆုဖလားလိုချင်လို့ အသင်းပြောင်းလာတဲ့ ဟယ်ရီကိန်း လည်း အခုထက်ထိစပါးက ကံက ပါလာနေသေးတဲ့ပုံပါပဲ။တူဟယ်လ် လည်း ရာသီကုန်လောက်ထိပဲရှိတော့မယ့် ပုံဖြစ်ပြီး ဘိုင်ယန်မြူးနစ် အတွက် ခက်ခဲတဲ့ရာသီတစ်ခုပဲ ဖြစ်ပါတယ်။
PSG အတွက်က ဗိုလ်လုပွဲတက်လာတာ ပုံမှန်ပဲဖြစ်ပေမယ့် ရုန်းကန်နေရတဲ့ လိုင်ယွန် ဗိုလ်လုပွဲတက်လာတာကတော့ ခံစားလို့ကောင်းတာ အမှန်ပါပဲ။
Read Moreဒီဘရိုင်းနား ပြန်လာတာက မန်စီးတီးအတွက် အားအင်တစ်ရပ်ပါပဲ။
Read Moreလူတန်တောင်းကို (၁-၀)နဲ့နိုင်တဲ့ပွဲမှာ အဲရစ်ဆင်နဲ့ဟွိုင်းလွန် တို့ ဒဏ်ရာရခဲ့ကြသလို အခုဆိုရင်တော့ ဒီကစားသမား (၂)ဦးနားရမယ့် အချိန်တွေထွက်ပေါ်လာခဲ့ပြီဖြစ...
Read Moreမန်စီးတီးနဲ့တွေ့ရင် စပါးရလဒ်ကောင်းတဲ့ အချိန်တွေပြီးသွားပြီလို့မြင်ပါတယ်။
Read Moreအိမ်ရှင်နိုင်ငံ (၆)နိုင်ငံထိ ရှိလာမှာလည်း ဖြစ်ပါတယ်။
Read More