စပါးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ မန်ယူ

Published 6 months ago by Bawlonelive
စပါးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ မန်ယူ
--------------------------------------------------------
 
မန်ယူ ၀ - ၃ စပါး
 
ဒီပွဲမှာ မန်ယူအသင်းက ရှုံးသင့်လို့ကိုရှုံးသွားခဲ့ရတာပါ။ စပါးကောင်းတာထက် သူတို့ကိုယ်တိုင်က ရှုံးပွဲတစ်ပွဲကို ပုံဖော်သွားတယ်လို့မြင်ပါတယ်။ ပထမဆုံး အမှားကတော့ ပွဲအစအထနှေးလွန်းတာပါ။ ခံစစ်ကနေ တောက်လျှောက် တိုက်စစ်ထိ ဗန်ဒီဗန် ရဲ့ဆွဲထွက်မှုကို ခွင့်ပြုခဲ့ရပြီး သူ့ရဲ့ဖန်တီးမှုကနေ ဂျွန်ဆင် က ပွဲအစ (၃)မိနစ်မှာတင် စပါးကို ဦးဆောင်စေခဲ့ပါတယ်။ မထင်မှတ်ပဲ ဂိုးပေးလိုက်ရတာကြောင့် မန်ယူအသင်း ကစားကွက်တည်ရ တော်တော်ခက်သွားပြီး စပါးရဲ့ဖိအားပေးမှုတွေကိုသာ ဆက်တိုက်ခံခဲ့ရပါတယ်။ အူဂါတေး လည်း မန်ယူအသင်းနဲ့အသားကျဖို့လိုသေးပြီး ပွဲချိန် (၃၅)မိနစ်ကျော်လောက်မှာ မန်ယူအသင်း ပုံမှန်အတိုင်းပြန်ကစားနိုင်ခဲ့ပေမယ့် (၄၂)မိနစ် ဖာနန်ဒက်စ်ရဲ့ တိုက်ရိုက်အနီကတ်က ပွဲရဲ့အဖြေဖြစ်သွားခဲ့ပါတယ်။
 
(၁၀)ယောက် (၁၁)ယောက်မှာတော့ ပွဲကမလွယ်တော့တဲ့ အခြေအနေဖြစ်သွားပြီး ပွဲချိန် (၄၇)မိနစ် ကလူဆက်စကီး ရဲ့ ဒုတိယဂိုးက ပွဲရဲ့အဆုံးသတ်ဖြစ်သွားခဲ့ပါတယ်။ (၁၀)ယောက်တည်းနဲ့ ဒုတိယပိုင်း မန်ယူအသင်းရဲ့ ကစားပုံကောင်းတယ်လို့ ပြောလို့ရပြီး ဒီအနေအထားက စပါးပွဲထိန်းလိုက်တာကြောင့်လည်းပါပါတယ်။ ဂါနာချို ၊ မေဆန်မောင့် ၊ မာတီနက်ဇ် တို့လည်း ကြိုးစားအားထုတ်မှုအပြည့်နဲ့ ကစားသွားခဲ့ပြီး မန်ယူအသင်းဘက်မှာ ကြံဖန်ချီးကျူးရမယ့် အရာလည်းဖြစ်ပါတယ်။ စပါးအတွက် ပွဲသိမ်းဂိုးကိုတော့ ပွဲချိန်(၇၇)မိနစ်မှာ ထောင့်ကန်ဘောကနေ တစ်ဆင့် ဆိုလန်ကီ က သွင်းယူခဲ့တာပါ။ မန်ယူအသင်းရဲ့ ဒီနှစ်ဘောလုံးရာသီအစကတော့ တော်တော်လေးကို ဆိုးဝါးနေပြီး နည်းပြတန်ဟက် ကလည်း အခုအချိန်ထိ ပရီးမီးယားလိဂ်မှာ စပါးနည်းပြ ပိုစတီကိုဂလူး ကို မနိုင်ဖူးသေးပါဘူး။
ရင်ခုန်စရာသိပ်မရှိခဲ့တဲ့ မန်စီးတီး အာဆင်နယ်ပွဲ

ချန်ပီယံမျှော်လင့်ချက်ကိုယ်စီကို ဆက်ထိန်းသွားကြတဲ့ သဘောပါပဲ။

Read More
Ballon d'Or ဆုကို အပြိုင်လုကြမယ့် မက်ဆီ နဲ့ ဟာလန်း

သူတို့ (၂)ယောက်တည်းက (၁)ယောက်ပဲ ရပါလိမ့်မယ်။

Read More
အာဆင်နယ် ကွာတားဖိုင်နယ်တက်ပြီ

ဒီပွဲက အာဆင်နယ် ကောင်းသလို ပေါ်တို လည်းကောင်းခဲ့ပါတယ်။

Read More
ချယ်လ်ဆီး - မန်စီးတီး ပွဲကြိုသုံးသပ်ချက်

ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၆)ကြိမ်မှာ (၆)ကြိမ်လုံး မန်စီးတီးပဲ နိုင်ထားတဲ့အထိ လက်ရှိမှာ ချယ်လ်ဆီးအပေါ်အသာယူထားတာပါ။

Read More
မန်ယူ - ချယ်လ်ဆီး ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် လီဗာပူးလ် တို့ ဒီနေ့လိုဖြစ်လာဖို့ အချိန်အများကြီးယူခဲ့ရတာကြောင့် စိတ်ရှည်သင့်တယ်လို့လည်းမြင်ပါတယ်။

Read More