ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ စပါး
----------------------------------------
စပါးအသင်းဟာ တိုက်စစ်မှုး ဟယ်ရီကိန်း အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဟယ်ရီကိန်း အတွက် ယူရိုသန်း(၁၀၀)တန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာပါ။
လာမယ့် (၂၀၂၄)ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်မယ့် ကစားသမားအတွက် ယူရိုသန်း(၁၀၀)တန်ကမ်းလှမ်းမှု အနေအထားကိုတောင် လက်မခံခဲ့လို့ အံသြစရာဖြစ်ခဲ့ရပါတယ်။
ပြောရမယ်ဆို စပါးရဲ့အနေအထားက ရသလောက် စျေးညှစ်ယူနေတာဖြစ်ပြီး မရရင်လည်း နောက်နှစ်အလွတ်နဲ့ ပေးထွက်မယ်ဆိုတဲ့ ပုံစံပါပဲ။ ဒီတော့ ဟယ်ရီကိန်း ကို အလွတ်နဲ့လိုချင်တဲ့ အသင်းကြီးတွေရှိရင် လာမယ့်နှစ်ကြမှ အပြိုင်လုကြရပါလိမ့်မယ်။ဘိုင်ယန်မြူးနစ်အသင်းဘက်ကတော့ အသင်းတွင်းအစည်းအဝေးလုပ်သွားဖို့ရှိနေလို့ ကမ်းလှမ်းမှုအသစ် ရှိကောင်း ရှိလာနိုင်ပါတယ်။
ပြောရရင်တော့ဒိုင်ယာ ဘိုင်ယန်မြူးနစ်ကိုပဲ ရောက်တော့မလို ၊ စပါးမှာပဲ ဆက်ရှိမလို ဖြစ်နေတာပါ။
Read Moreနောက်ဆုံး (၃)ပွဲဆက် စပါးကိုမနိုင်ခဲ့တာဖြစ်ပြီး လူမစုံတဲ့ စပါးကိုတောင် အနိုင်မကန်နိုင်တော့ပါဘူး။
Read Moreမန်ယူအသင်းစိတ်ဓာတ်ပိုင်းတက်နေတဲ့ အနေအထား ၊ ကစားရမှာက အိမ်ကွင်း စတာတွေကြောင့် ရမှတ်ခွဲယူမယ့်ပွဲ ပိုဖြစ်နိုင်တယ်လို့ယူဆပါတယ်။
Read Moreထောက်ပြစရာရှိတာကတော့ ရိုမဲရိုး လက်နဲ့မထိခင် စပါးကစားသမား ပြစ်ဒဏ်ကျူးလွန်ခံရမှုကို VAR က လျစ်လျူရှုခဲ့တာပါပဲ။
Read More" ဆာလာ ရဲ့ လီဗာပူးလ် "
Read More