အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီး
--------------------------------
ချယ်လ်ဆီး ၄ - ၄ မန်စီးတီး
ဒီပွဲက ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲစဥ်တစ်ပွဲလို့ ပြောရမှာပါ။ ချယ်လ်ဆီးက တော်တော်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီး က ပိုကောင်းခဲ့ပါတယ်။ မန်စီးတီး ဘာလို့ ပိုကောင်းတယ်လို့ပြောလဲဆိုရင်တော့ မန်စီးတီးမဟုတ်ပဲ တခြားတစ်သင်းသာဆို ဒီပွဲကိုရှုံးသွားမှာ ဖြစ်လို့ပါပဲ။ မန်စီးတီး က နိုင်ခါနီးမှ သရေဖြစ်သွားခဲ့တာပါ။
ပွဲစတည်းက ချယ်လ်ဆီးက ပွဲကိုတင်ကစားခဲ့တာဖြစ်ပြီး တခြားအသင်းသာဆို ပြိုသွားနိုင်လောက်တဲ့ အနေအထားပါ။ ချယ်လ်ဆီးရဲ့ ကြံခိုင်မှုအားပြုတဲ့ မြန်နှုန်းမြင့် ကစားဟန်ကို ပွဲချိန် (၁၀)မိနစ်လောက်မှာပဲ မန်စီးတီး ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး ဝေါ်လ်ကာ ၊ ဒီယက်စ် ၊ ရိုဒရီ တို့လိုကစားသမားမျိုးတွေရှိနေတာကြောင့်လည်း အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် (၂၅)မိနစ်မှာ မန်စီးတီး ဦးဆောင်ဂိုးစရခဲ့ပြီး ကူကူရယ်လာကြောင့် ရခဲ့တဲ့ ပယ်နယ်တီကို ဟာလန်း က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် (၂၉)မိနစ်မှာ သီယာဂိုဆေးဗားလ် က ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ မန်စီးတီးမှာ ခက်ခဲနေတာတစ်ခုရှိပြီး ဒါကတော့ ကွင်းလယ်ပါပဲ။ ဘာနာဒိုဆေးဗားလ် နဲ့ အယ်ဗာရက်ဇ် တို့ဟာ ခံစစ်ကူတဲ့နေရာမှာ အားလျော့သူတွေဖြစ်တာကြောင့် သူတို့ရှိနေလို့ ကွင်းလယ်ခံစစ်နေရာအတွက် အကန်ဂျီ က တက်ကစားပေးနေရပါတယ်။
ဒီအချိန်မှာ ချယ်လ်ဆီးက ဖိအားအရမ်းပေးလာတဲ့အခါ ရိုဒရီ က အယ်ဗာရက်ဇ် ၊ အကန်ဂျီ က ဘာနာဒိုဆေးဗားလ် (၂)ယောက်စာ ကစားပေးနေရသလိုဖြစ်လာပြီး ချယ်လ်ဆီးနေရာလွတ်တွေ ပိုရလာကာ ပွဲချိန်(၃၇)မိနစ်မှာ ရီစီဂျိမ်းစ် ခင်းပေးလိုက်တဲ့ ဘောလုံးကို စတာလင် က ပိတ်သွင်းပြီး ချယ်လ်ဆီးကို ဦးဆောင်စေခဲ့ပါတယ်။ ဒီလိုအနေအထားမျိုးမှာ တော်ရုံအသင်းဆိုအခြေအနေမကောင်းနိုင်တော့ပေမယ့် ဘာနာဒိုဆေးဗားလ် ကွင်းလယ်မှာ ပြန်လှုပ်လာတာကြောင့် မန်စီးတီး ကစားပုံပြန်ငြိမ်လာပါတယ်။ ပွဲချိန် (၄၅+၁)မိနစ်မှာ မန်စီးတီး ချေပဂိုးပြန်ရခဲ့ပြီး ဘာနာဒိုဆေးဗားလ် ရဲ့ ဖြတ်တင်ဘောကို အကန်ဂျီ က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းစစခြင်း ပွဲချိန် (၄၇)မိနစ်မှာ မန်စီးတီး တတိယဂိုးရခဲ့ပြီး ဟာလန်း က သွင်းယူပေးခဲ့တာပါ။ (၂-၃)ဖြစ်နေချိန်မှာ မန်စီးတီးအသင်းလုပ်ရမှာက အယ်ဗာရက်ဇ် ကိုထုတ်ပြီး ကိုဗာချစ် ကိုထည့်ကာ ကွင်းလယ်ကိုပိုတည်ငြိမ်အောင်လုပ်ရမှာပါပဲ။ ဒီလိုမလုပ်ခဲ့တော့ ချယ်လ်ဆီးကို အခွင့်အရေးပေးနေရပြီး ပွဲချိန် (၆၇)မိနစ်မှာ ဂယ်လမ်ဟာ ရဲ့ကန်ချက်ပြန်ထွက်လာတာကို ဂျက်ဆင် က ပိတ်သွင်းကာ (၃-၃)ဖြစ်စေခဲ့ပါတယ်။
ပွဲချိန် (၈၆)မိနစ်မှာတော့ မန်စီးတီး စတုတ္ထဂိုးရခဲ့ပြီး ရိုဒရီ ရဲ့ကန်ချက် သီယာဂိုဆေးဗားလ်နဲ့ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးနိုင်တော့မယ် ထင်နေချိန်မှာပဲ ဘရိုဂျာ ကို ဖြတ်ထုတ်တာကြမ်းခဲ့လို့ ချယ်လ်ဆီး ပယ်နယ်တီရခဲ့ပြီး ပယ်လ်မာ က ပွဲချိန် (၉၅+၅)မိနစ်မှာ ချေပဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။
အချိန်တွေ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပြီး ချယ်လ်ဆီးအသင်းကတော့ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ရလဒ်ကို ရခဲ့တာဖြစ်ပါတယ်။
မန်စီးတီး ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ယူပြီး မန်ယူအသင်း အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တယ်။
Read More" မန်ချက်စတာ က မိုးပြာရောင် "
Read Moreပယ်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးက အကုန်ဂိုးဝင်ခဲ့ပြီး ဆီဗီလာ က နောက်ခံလူ ဂူဒဲလ် လွဲချော်ခဲ့တာကြောင့် မန်စီးတီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
Read Moreရာသီကုန်ထိသာ အာမခံချက်ရထားလို့ တန်ဟက် အတွက်လည်း လက်ကျန်ပွဲတိုင်းက အရေးကြီးပါတယ်။
Read Moreပရီးမီးယားလိဂ် ပွဲစဥ်(၂)အပြီးမှာတော့ လီဗာပူးလ်က ရမှတ်(၄)မှတ် ၊ နယူးကာဆယ် က (၃)မှတ်ရရှိထားကြပါတယ်။
Read More