မန်ယူ - စပါး
Super Sunday ည (၁၁:၀၀) နာရီ
မန်ယူက နောက်ဆုံးပွဲမှာ ဝီဂန်ကိုနိုင်ထားသလို လူလည်း ဒီပွဲမှာပြန်ဆုံလာဖို့များနေပါတယ်။ ရက်ရှ်ဖို့ဒ် ခြေစွမ်းပြန်တက်လာတာ ဂါနာချို ပုံစံကောင်းရနေတာတွေက အားရစရာတွေပါပဲ။ မန်ယူအသင်းက အကျပိုင်းရောက်နေချိန်မှာတောင် ချယ်လ်ဆီး ၊ ဗီလာ တို့ကိုနိုင်ထားလို့ လျှော့တွက်လို့တော့မရပါဘူး။ စပါးကို နောက်ဆုံး (၂)ပွဲဆက်မနိုင်ထားတာက ဒီပွဲမှာ မန်ယူအသင်းနိုင်ဖို့ တွန်းအားတစ်ရပ်ပါပဲ။
နောက်ဆုံး (၆)ပွဲမှာ (၅)ပွဲထိနိုင်ထားတဲ့ စပါးက နိုင်သင့်နိုင်ထိုက်တဲ့ ပွဲဆို အနိုင်ယူနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ နည်းပြပိုစတီကိုဂလူး ကိုတော့ ချီးကျူးရမှာဖြစ်ပြီး သူကအသင်းကို ရလဒ်ကောင်းဘယ်လိုယူပေးရမလဲဆိုတာ ကောင်းကောင်းကြီးနားလည်ပါတယ်။ ဒီပွဲအတွက် အားနည်းချက်ကတော့ ဆွန်ဟောင်မင် ၊ ဆာ နဲ့ ဘစ်ဆူးမား တို့မပါတာပါပဲ။ ဒီပွဲမှာအသစ်ခေါ်ထားတဲ့ ဗာနာ တော့ ပါလာပါလိမ့်မယ်။
ဒီပွဲအတွက် ဂိုးရလဒ်မှာတော့ စပါးထက် အနိုင်ရလဒ်ပိုလိုနေတဲ့ မန်ယူအသင်းကိုပဲ ရွေးချင်ပါတယ်။ မန်ယူနိုင်မယ်။ (၂-၁)လောက်ဖြစ်နိုင်ပါတယ်။
အိမ်ကွင်းအားကလည်း မန်ယူအသင်းအတွက် ကောင်းတဲ့ သက်ရောက်မှုတစ်ခုဖြစ်စေပါလိမ့်မယ်
Read Moreဒီဒဏ်ရာကို ပါရီဆစ် ဟာလေ့ကျင့်ရေးကွင်းမှာ ရခဲ့တာဖြစ်ပြီး ညာဘက်ဒူးမှာဖြစ်ခဲ့တာဖြစ်သလို ခွဲစိတ်ကုသမှု ခံယူသွားမှာလည်းဖြစ်ပါတယ်။
Read Moreရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။
Read Moreဒီပွဲက အာဆင်နယ် ကောင်းသလို ပေါ်တို လည်းကောင်းခဲ့ပါတယ်။
Read MoreAdd-ons ကြေးလည်း ပါဝင်တာကြောင့် အနာဂတ်မှာ ပြောင်းရွှေ့ကြေးဟာ ပေါင်(၅၈)သန်းထိ မြင့်တက်လာနိုင်ပါတယ်။
Read More