မေဆန်မောင့် နားရမယ်
-----------------------------------
မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်(၂)ပွဲ ကစားပေးထားပြီး ဘာဆိုဘာမှ မလုပ်ပြရသေးတဲ့ ကွင်းလယ်လူသစ် မေဆန်မောင့် ဟာ စပါးနဲ့ပွဲက ရခဲ့တဲ့ဒဏ်ရာကြောင့် အနားယူရဖို့ရှိနေပါတယ်။ သူကိုယ်တိုင်လည်း အသင်းနဲ့အဆင်ပြေဖို့ကြိုးစားနေပေမယ့် အဆင်ကပြေမနေတော့ အသင်းနဲ့ အံဝင်ဖို့ အချိန်ယူရဦးမယ့် ပုံပါပဲ။
အခုဆိုရင်တော့ မေဆန်မောင့် ဟာ နော်တင်ဟမ် ၊ အာဆင်နယ် နဲ့ပွဲတွေကို လွဲဖို့ရှိပြီး နိုင်ငံတကာပွဲစဥ်တွေအထိ နားရဖို့ရှိနေခဲ့ပါတယ်။ ရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။ ဒဏ်ရာကနေပြန်လာရင် အဆင်ပြေပြေဖြစ်နေဖို့သာ မျှော်လင့်ကြရပါလိမ့်မယ်။
အာဆင်နယ် လီဗာပူးလ် တို့ ဒီနေ့လိုဖြစ်လာဖို့ အချိန်အများကြီးယူခဲ့ရတာကြောင့် စိတ်ရှည်သင့်တယ်လို့လည်းမြင်ပါတယ်။
Read Moreဒီပွဲက အာဆင်နယ် ကောင်းသလို ပေါ်တို လည်းကောင်းခဲ့ပါတယ်။
Read Moreလက်ရှိမန်ယူဟာ မနှစ်က မန်ယူကိုတောင် မမီသေးပါဘူး။
Read MoreAdd-ons ကြေးလည်း ပါဝင်တာကြောင့် အနာဂတ်မှာ ပြောင်းရွှေ့ကြေးဟာ ပေါင်(၅၈)သန်းထိ မြင့်တက်လာနိုင်ပါတယ်။
Read Moreဒီတစ်ကြိမ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဟယ်ရီကိန်း အတွက် ယူရိုသန်း(၁၀၀)တန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာပါ။
Read More