အာဆင်နယ် ကွာတားဖိုင်နယ်တက်ပြီ

Published 6 months ago by Bawlonelive

အာဆင်နယ် ကွာတားဖိုင်နယ်တက်ပြီ

 ----------------------------------

အာဆင်နယ် ၁ - ၀ ပေါ်တို (၂ ကျော့ပေါင်း ရလဒ် ၁-၁ ၊ ပယ်နယ်တီမှာ ၄-၂ နဲ့ အာဆင်နယ် နိုင်) 

နောက်ဆုံးမှာတော့ အာဆင်နယ်အသင်းလိုချင်တဲ့ ရလဒ်တစ်ခုကို အရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန်ထက်ပိုခက်ခဲခဲ့တာတော့ အမှန်ပါ။ ပိုလည်းကြိုးစားခဲ့ရပါတယ်။ ချန်ပီယံလိဂ် အိမ်ကွင်းပွဲဆိုရင် အာဆင်နယ် ဟာ ယုံစားလို့ရတဲ့အသင်းဆိုတာကိုလည်း အိမ်ကွင်းပွဲတိုင်းပြသနေခဲ့တာပါ။ ဒီပွဲက အာဆင်နယ် ကောင်းသလို ပေါ်တို လည်းကောင်းခဲ့ပါတယ်။ ပေါ်တို ကို ဘာလို့ကောင်းတယ်ဆိုပြီး ပြောရလည်း ဆိုရင်တော့ အာဆင်နယ် ကစားကွက်အောက်ကို မရောက်ဖို့ အကောင်းဆုံးလုပ်သွားလို့ပါ။ ဆိုလိုချင်တဲ့ သဘောက အာဆင်နယ် အပေါ်စီးကတော့ ကစားနေပေမယ့် အေးအေးဆေးဆေးနဲ့ လုပ်ချင်သလို လုပ်လို့မရခဲ့ပဲ တွဲလုံးတွေနဲ့ တိုက်စစ်လမ်းကြောင်းဖွင့်ဖို့ ကြိုးစားနေချိန်မှာ ပေါ်တို က ကြုံသလိုဖျက်ပြီး ဘောလုံးပြန်ရတာနဲ့ တိုက်ရိုက်တိုက်စစ်ဆင်ဖို့လုပ်ခဲ့ပါတယ်။ အာဆင်နယ်အတွက် အရေးပါတဲ့ ဂိုးကိုတော့ အသင်းကို ကယ်တင်နေကြ ထရော့ဆဒ် က ပွဲချိန် (၄၁)မိနစ်မှာ အိုဒီဂတ် ရဲ့ ဖန်တီးမှုကို အပိုင်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲချိန်မိနစ် (၈၀)နောက်ပိုင်းက ပိုစိတ်ဝင်စားစရာကောင်းခဲ့ပြီး အာဆင်နယ်အသင်း တိုက်စစ်ပိုအားကောင်းခဲ့သလို ဂိုးဖြစ်သွားနိုင်တဲ့ အခြေအနေတွေလည်းရှိခဲ့ပါတယ်။ အချိန်ပို နာရီဝက်မှာလည်း ပေါ်တို က ကြံကြံခံခဲ့ပြီး ပယ်နယ်တီထိ ရောက်သွားခဲ့ပါတယ်။ ပယ်နယ်တီမှာတော့ အာဆင်နယ် က (၄)ကြိမ်မှာ (၄)ကြိမ်လုံးဝင်ခဲ့ပြီး ပေါ်တိုဘက်က ဝမ်ဒဲလ်နဲ့ ဂယ်လီနို တို့ရဲ့ ကန်ချက် (၂)ကြိမ်ကိုတော့ ဂိုးသမားရာယာ က လက်စွမ်းပြကာကွယ်ခဲ့ကာ အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

အာဆင်နယ် - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

ဆုဖလား (၂)လုံးကို အချိန်တိုအတွင်းလက်လွှတ်လိုက်တယ်လို့ ပြောခံရပါလိမ့်မယ်။

Read More
တစ်လတာအကောင်းဆုံး နည်းပြဆုကို ထပ်ရခဲ့တဲ့ ပိုစတီကိုဂလူး

ဒါကတော့ စပါးနည်းပြပိုစတီကိုဂလူး ဟာ နည်းပြရာထူးကနေ အစောဆုံးထုတ်ပယ်ခံရနိုင်တယ်ဆိုတာပါပဲ။

Read More
ကာရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဥ်တွေ ထွက်ပေါ်

မန်ယူ - နယူးကာဆယ် ၊ ဝက်စ်ဟမ်း - အာဆင်နယ် ပွဲစဥ်တွေကပွဲကောင်းတွေ အဖြစ်ရှိနေပါတယ်။

Read More
ဂျာမနီအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဟန်ဆီဖီလစ်

လက်ရှိမှာတော့ ဂျာမနီအသင်းနည်းပြရာထူးအတွက် နာမည်ကျော်လူငယ်နည်းပြ နာဂယ်စ်မန်း က ရေပန်းစားနေပါတယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၄)

" ၂၀၂၄ မန်ယူ နဲ့ ဒါဇင်ဝက် အာဆင်နယ် " 

Read More