ပရီးမီးယားလိဂ် ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး နောက်ခံလူများ

Published 1 year ago by Bawlonelive
ပရီးမီးယားလိဂ် ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး နောက်ခံလူများ
----------------------------------- 
 
ဒီတစ်ခါမှာတော့ ပရီးမီးယားလိဂ် ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး နောက်ခံလူတွေရဲ့ အကြောင်းကိုဖော်ပြပေးသွားမှာပါ။ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းပြောင်းခဲ့ရတဲ့အခါ ဒီကစားသမားတွေ ဘယ်လိုရင်ဆိုင်ခဲ့ရလဲ နဲ့ လက်ရှိအခြေအနေတွေက ဘယ်လိုတွေဖြစ်နေလဲဆိုတာကိုကြည့်လိုက်ကြရအောင်...
 
(၁)မက်ဂွိုင်းယား
 
 
ပရီးမီးယားလိဂ် ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံးနောက်ခံလူ က မန်ယူနောက်ခံလူမက်ဂွိုင်းယား ပါ။ ဒါ့အပြင် မက်ဂွိုင်းယား ဟာ ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး နောက်ခံလူလည်းဖြစ်ပါတယ်။ ဒီဂုဏ်ပုဒ်တွေကိုတော့ မက်ဂွိုင်းယား က လက်စတာအသင်းကနေ မန်ယူအသင်းဆီ ပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့ခဲ့လို့ရရှိခဲ့တာပါ။ မန်ယူအသင်းဟာ သူ့ကိုမျှော်လင့်တကြီးခေါ်ခဲ့ပေမယ့် အသင်းခေါင်းဆောင်ဖြစ်အပြီးနောက်ပိုင်းမှာ အရင်ကခြေစွမ်းမျိုးပြန်မရတော့ပဲ မက်ဂွိုင်းယား ဆိုတာနဲ့ အနောက်က အမှားပေါင်းသောင်းခြောက်ထောင် က ဒွန်တွဲလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသင်းခေါင်းဆောင်လက်ပတ်လည်းပြုတ် အမှားတွေကလည်းဆက်လုပ်နေတုန်း​ ဖြစ်တာကြောင့် အခုဆို ဝက်စ်ဟမ်းအသင်းကို ပေါင်သန်း(၃၀)နဲ့ ပြောင်းရွှေ့ရတော့မှာဖြစ်ပါတယ်။ မက်ဂွိုင်းယား ကတော့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ခြင်းမရှိခဲ့ပါဘူး။
 
(၂) ဂဗာဒီအော်လ်
 
 
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားနဲ့ ထွန်းတောက်ခဲ့တဲ့ အသက်(၂၁)နှစ်အရွယ် လိုက်ပစ်ဇ် နောက်ခံလူ ဂဗာဒီအော်လ် ကို မန်စီးတီးအသင်း တော်တော်လိုက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဂဗာဒီအော်လ် ကို မန်စီးတီးအသင်း ပြောင်းရွှေ့ကြေးပေါင်(၇၇)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် ရဲ့နောက်ခံလူအတွက် ဒုတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံးလည်းဖြစ်ပါတယ်။ နည်းပြဂွါဒီယိုလာ ကတော့ ဂဗာဒီအော်လ် ကြောင့် အသင်းရဲ့ ဘယ်ခြမ်းဗဟိုခံစစ်ဟာ ပိုကောင်းသွားမယ်လို့ ယုံကြည်နေပါတယ်။ ဘယ်နောက်ခံလူနေရာမှာပါ ဂဗာဒီအော်လ် ဟာ ကစားနိုင်တာကြောင့် နည်းဗျူဟာအပြောင်းအလဲလုပ်ရတာ ခုံမင်တဲ့ ဂွါဒီယိုလာ အတွက် အပိုဆုပါပဲ။ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ဂဗာဒီအော်လ် ပြသနိုင်မလားဆိုတာ စောင့်ကြည့်သွားကြရပါလိမ့်မယ်။
 
(၃) ဗန်ဒိုက်
 
 
ဗန်ဒိုက် ကတော့ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပြောင်းရွှေ့ကြေးပေါင်(၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ အဲ့အချိန်က ဗန်ဒိုက် ရဲ့ ပြောင်းရွှေ့ကြေးကများလွန်းတယ်ဆိုတဲ့ ဝေဖန်သံတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒိုက် ကတော့ ဝေဖန်သံတွေကို ခြေစွမ်းနဲ့ တတိတ်သွားအောင်လုပ်ခဲ့ပြီး သူ့ဘာလဲဆိုတာကိုပြသနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဗန်ဒိုက် ဟာ လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။
 
 
 
 
လီဗာပူးလ် - ချယ်လ်ဆီး ပွဲကြိုသုံးသပ်ချက်

ဒီပွဲမှာ ချယ်လ်ဆီးက ဘယ်လိုရလဒ်ပဲ ထွက်ထွက်ဖိအားကင်းကင်းနဲ့ ကစားရမှာက ကျေနပ်စရာပါ။

Read More
အာဆင်နယ် - စပါး ပွဲကြိုသုံးသပ်ချက်

(၂)သင်းလုံးရဲ့ ခြေစွမ်းကလည်း ကောင်းနေလို့ မှန်းဆရခက်ခဲတဲ့ ပွဲတစ်ပွဲ အဖြစ်လည်းရှိနေပါတယ်။

Read More
မန်ယူ - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

အဲဒီ(၂)ပွဲဆက်နောက်ဆုံးမိနစ်တွေမှာ ရင်ခံခဲ့ရလို့ ကံမကောင်းခဲ့ဘူးလို့လည်း ပြောရပါလိမ့်မယ်။

Read More
UEFA Men's Player of the Year ဆုအတွက် ဆန်ခါတင် စာရင်းထွက်ပေါ်

အခုတစ်ကြိမ်မှာတော့ ဘယ်သူရမလဲဆိုတဲ့ ရေပန်းစားမှုသိပ်မရှိပဲ ဒီဘရိုင်းနား ဟာလန်း အတွဲနဲ့ မက်ဆီ က အပြိုင်ဆိုသလို ဖြစ်နေပါတယ်။

Read More
မေဆန်မောင့် နားရမယ်

ရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။

Read More