UEFA Men's Player of the Year ဆုအတွက် ဆန်ခါတင် စာရင်းထွက်ပေါ်
-----------------------------------------
၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ UEFA Men's Player of the Year ဆုအတွက် ဆန်ခါတင် (၃)ဦးစာရင်းထွက်ပေါ်လာခဲ့ပါပြီ။ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့သူတွေကတော့ မန်စီးတီးကစားသမား (၂)ဦးဖြစ်တဲ့ ဒီဘရိုင်းနား နဲ့ ဟာလန်း ၊ လက်ရှိအင်တာမိုင်ယာမီ မှာ လုပ်ပြသမျှဖြစ်နေတဲ့ မက်ဆီ တို့ ဖြစ်ပါတယ်။
ဒီဆုကို ဒီဘရိုင်းနား နဲ့ ဟာလန်း တို့ (၂)ဦးထဲက (၁)ဦးရရင်တော့ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်လာမှာဖြစ်ပြီး မက်ဆီ ရရင်တော့ သူ့အတွက် (၃)ကြိမ်မြောက်ဆု (အရင်က ၂ ကြိမ်ရယူထား) ဖြစ်လာမှာပါ။
အခုတစ်ကြိမ်မှာတော့ ဘယ်သူရမလဲဆိုတဲ့ ရေပန်းစားမှုသိပ်မရှိပဲ ဒီဘရိုင်းနား ဟာလန်း အတွဲနဲ့ မက်ဆီ က အပြိုင်ဆိုသလို ဖြစ်နေပါတယ်။၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ UEFA Men's Player of the Year ဆုကို ဘယ်သူရမလဲဆိုတာကိုတော့ သြဂုတ်လ (၃၁)ရက်နေ့မှာ ကြေညာသွားမှာဖြစ်ပါတယ်။
အချိန်တွေ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။
Read Moreကစားသမားဘဝအတွက်လည်း နောက်တစ်ဆင့်ကိုလှမ်းရမယ့် အချိန်ဖြစ်နေပါပြီ။
Read Moreဒီတော့ လေဗာကူဆင် နဲ့ ဘိုင်ယန်မြူးနစ် ကြား ပွဲစဥ် (၂၂)အပြီးမှာ ရမှတ်(၈)မှတ်ထိ ကွာသွားခဲ့ပါပြီ။
Read Moreချန်ပီယံလိဂ်ပွဲမှာ ကြွက်သားဒဏ်ရာ ရခဲ့ပြီး ပထမပိုင်းမပြီးခင်မှာပဲ ဆာကာ ဟာ လူစားလဲခံခဲ့ရတာပါ။
Read Moreဗိုလ်လုပွဲအဆင့်ကို မစ်ဒယ်ဘရော့ ၊ ဖူလ်ဟမ်တို့တက်တာထက်စာရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့တက်တာကဘောလုံးဝါသနာရှင်တွေအတွက်ပိုပြီးတော့ စိတ်ကျေနပ်စရာဖြစ်ပါလိမ်...
Read More