အာဆင်နယ် - စပါး ပွဲကြိုသုံးသပ်ချက်
-------------------------------------------
အာဆင်နယ် - စပါး
Super Sunday ည (၇:၃၀)နာရီ
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဥ်ဖြစ်နေပြီး လက်ရှိမှာ (၂)သင်းလုံးက ရမှတ်(၁၃)မှတ်စီ ရထားပြီး ရှုံးပွဲလည်း မရှိကြသေးလို့ ပုံမှန်ထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲ ဖြစ်နေပါတယ်။ (၂)သင်းလုံးရဲ့ ခြေစွမ်းကလည်း ကောင်းနေလို့ မှန်းဆရခက်ခဲတဲ့ ပွဲတစ်ပွဲ အဖြစ်လည်းရှိနေပါတယ်။
အာဆင်နယ် ကတော့ အရင် အာဆင်နယ် မဟုတ်တော့ပါဘူး။ ယုံကြည်လို့ ရသွားပါပြီ။ နည်းပြအာတီတာ ကြောင့် အသင်းကြီးပိုဆန်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။ အရင်က တော်ရုံအခက်အခဲကို မကျော်ဖြတ်နိုင်တဲ့ အာဆင်နယ် ဟာ အခုဆို ကျဥ်းထဲကျပ်ထဲရောက်နေရင်လည်း အနိုင်ရအောင် ဘယ်လိုကစားရမလဲဆိုတာ သိနေပါပြီ။ ချန်ပီယံဆုဖလားတွေ ရယူချင်တဲ့အသင်းတွေအတွက် ဒီအချက်ဟာ အရေးကြီးပြီး အာဆင်နယ်မှာတော့ ဒီအနေအထားရှိသွားခဲ့ပါပြီ။ ဒါက တိုးတက်မှု ကြီးကြီးမားမားပါပဲ။
နောက်တစ်ခုက စိတ်ဓာတ်ပိုင်းဖြစ်ပြီး နိုင်ပွဲဆာလောင်ချင်စိတ်လည်း အရင်ကထက်ပိုပြင်းထန်လာခဲ့သလို အားမလျော့ပဲ ကြိုးစားလာတာတွေလည်းမြင်နေရပါတယ်။ ပြောရရင်တော့ အကောင်းတွေများနေပြီး အဆိုးဆိုရင်တော့ဟာဗက်ဇ် ကို ကွင်းလာ်ဘယ်ခြမ်းမှာ အခုထက်ပိုအဆင်ပြေအောင် အာတီတာ ဘယ်လိုလုပ်ပေးမလဲဆိုတော့ အရာပဲ ဖြစ်ပါတယ်။ ဂျေးဆု ၊ ဆာကာ ၊ အိုဒီဂတ် တို့ကတော့ ဒီပွဲအတွက် အာဆင်နယ်မှာ စောင့်ကြည့်သွားရမယ့်သူတွေပဲ ဖြစ်ပါတယ်။
စပါးကတော့ နည်းပြသစ် ပိုစတီကိုဂလူး လက်ထက်မှာ ထင်ထားတာထက်ပိုကောင်းနေပါတယ်။ ဟယ်ရီကိန်း မရှိတော့လို့ ရုန်းကန်ရမယ်ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ အဆင်ပြေပြေသွားနိုင်ခဲ့တာပါ။ အဓိကကတော့ စိတ်ဓာတ်ပိုင်းနဲ့ ကစားသမားစုဖွဲ့မှု အပိုင်းတွေမှာ တိုးတက်လာကြတယ်လို့ မြင်ပါတယ်။ စပါးကောင်းနေတယ်ဆိုပေမယ့်လည်း နိုင်ထားတဲ့အသင်းတွေထဲမှာ အသင်းကြီးဆိုလို့ ရုန်းကန်နေရတဲ့ မန်ယူသာ ပါနေတာပါ။ ကျန်တာက နိုင်သင့်နိုင်ထိုက်တဲ့ အသင်းတွေဖြစ်ပါတယ်။ အခု အာဆင်နယ်နဲ့ ပွဲကမှ စပါးကို အစစ်အမှန်စမ်းသပ်မယ့် ပွဲ ဖြစ်ပါတယ်။ အာဆင်နယ် ကွင်းမှာဆို ရုန်းကန်ရတာကလည်း စပါးရဲ့ အစဥ်အလာဆိုးပါပဲ။ ဒါက သူတို့ရဲ့အားနည်းချက်လို့သာ ပြောရပါမယ်။
အာဆင်နယ် အိမ်ကွင်း ၊ အိမ်ကွင်းဆို စပါးကို အသာရတယ်ဆိုတာနဲ့ စပါးထက်ပိုကောင်းတဲ့ လူစာရင်းကြောင့် အာဆင်နယ်ကိုသာ အကြိုက်တွေ့ပါတယ်။ စပါး အမြင့်ဆုံး သရေသာမျှော်လင့်လို့ရမှာပါ။ မထင်မှတ်ပဲ သရေကျသွားနိုင်တဲ့ ပွဲမျိုးလည်းဖြစ်ပါတယ်။ အနိုင်ဆိုရင်တော့ အာဆင်နယ်ကိုပဲ ရွေးရမှာပါ။ အာဆင်နယ် ၂ - ၁ စပါး ဆိုတဲ့ ရလဒ်မျိုးဖြစ်နိုင်ပါတယ်။
တစ်ပွဲလုံးခြုံကြည့်ရင် မန်စီးတီးအတွက် မလွယ်ကူခဲ့ပါဘူး။
Read Moreဘာလို့လဲဆိုတော့ စပါးနဲ့တွေ့တိုင်းရလဒ်ဆိုးလို့ပါပဲ။
Read Moreလူမစုံလည်း ဘယ်လိုကစားရမယ်။ ရှိတဲ့သူနဲ့ ဂိုးရအောင် ဘယ်လိုလုပ်ရမယ်။ ရမှတ်ရအောင် ဘယ်လိုကစားရမယ် စတဲ့ အပိုင်းတွေမှာ အများကြီးမှ အများကြီးတိုးတက်လာခဲ့တာပါ။...
Read Moreမန်စီးတီးနဲ့တွေ့ရင် စပါးရလဒ်ကောင်းတဲ့ အချိန်တွေပြီးသွားပြီလို့မြင်ပါတယ်။
Read Moreဆော်ဒီကိုမသွားချင်တဲ့ မော်ရင်ဟိုကို ရီးယဲလ်ကသာ ကမ်းလှမ်းလာရင်မော်ရင်ဟို လုံးဝကို လက်ခံပါလိမ့်မယ်။
Read More