လီဗာပူးလ် - အာဆင်နယ်
Sunday မနက် (၁၂:၀၀)နာရီ
ဒီပွဲက အမှတ်ပေးဇယား အဆင့် (၁)နဲ့ (၂)ရဲ့ပွဲဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က ရမှတ် (၃၉)မှတ် ၊ လီဗာပူးလ် က ရမှတ် (၃၈)မှတ်ပါ။ အဆင့် (၁)ပြန်ဖြစ်ချင်ရင် ဒီပွဲက အခွင့်အရေးဖြစ်တာကြောင့် လီဗာပူးလ် ဒီပွဲပုံမှန်ထက်ပိုပြီး ကြိုးစားလာပါလိမ့်မယ်။အရေးကြီးတာကတော့ ကွင်းလယ်ဖြစ်ပြီး အပေါက်ကြီးထပ်ဖြစ်မနေဖို့လိုပါတယ်။ မဟုတ်ရင် အာဆင်နယ် လုပ်သမျှခံလိုက်ရပါလိမ့်မယ်။ ကွင်းလယ်ကို ထိန်းညှိုကစားပြီး တိုက်စစ်ကိုသွားတာက ဒီပွဲမှာ လီဗာပူးလ် အတွက် အကောင်းဆုံးဖြစ်မယ့် အရာလို့မြင်ပါတယ်။ အသင်းကြီးအချင်းချင်း ပွဲတွေမှာ ရလဒ်မကောင်းပဲ နိုင်ပွဲလုံးဝမရသေးထားတဲ့ လီဗာပူးလ်အသင်းကြီးအချင်းချင်း နိုင်ပွဲယူချင်စိတ်လည်း ပြင်းပြနေပါလိမ့်မယ်။ ဆာလာ ကတော့ ဒီပွဲမှာ အဓိကစောင့်ကြည့်သွားရမယ့် သူပါပဲ။
အာဆင်နယ် အတွက် ဒီပွဲမှာအရေးကြီးဆုံးက ရမှတ်ရဖို့ပါ။ ချန်ပီယံဖြစ်ချင်ရင် လုံးဝကိုမရှုံးဖို့လိုပါတယ်။ ကစားထားတဲ့ နောက်ဆုံး (၅)ပွဲအနေအထားကိုကြည့်ရင် နိုင်အောင်ကစားတတ်တယ်ဆိုပေမယ့် မာကျောတဲ့ အသင်းတွေနဲ့ဆို ခက်ခဲတတ်တာကိုတော့တွေ့ရပါတယ်။ အန်ဖီးလ်မှာလည်း ရလဒ်ဆိုးနေကြဖြစ်လို့ ဒီပွဲမှာလည်းလုံးဝကိုခက်ခဲဖို့ပဲရှိပါတယ်။ အသင်းကောင်းတွေနဲ့ ကစားထားတဲ့ အဝေးကွင်းပွဲတွေမှာ အရှုံးရလဒ်လေးတွေတွေ့ထားတာကြောင့် ဒီပွဲမှာ အာဆင်နယ် ကို မျှော်လင့်ချက်မပိုသင့်ဘူးလို့ထင်ပါတယ်။
ဒီပွဲအတွက် အနိုင်ရလဒ်မှာတော့ အိမ်ရှင် လီဗာပူးလ် ကိုပဲ အကြိုက်တွေ့မိတာကြောင့် လီဗာပူးလ်နိုင်မယ်။(၁-၀)လို့ ခန့်မှန်းချင်ပါတယ်။
ဗာရန်း ကို ဇန်နဝါရီမှာ မန်ယူအသင်းက ပေးထွက်သွားမှာ မဟုတ်ပါဘူး။
Read Moreအိမ်ကွင်းကောင်းတဲ့ မန်စီးတီးကို လီဗာပူးလ် ကျော်ဖြတ်နိုင်မလားဆိုတာကသာ အဖြေတစ်ခုဖြစ်ပါတယ်။
Read More" မရှိသင့်တဲ့ VAR "
Read Moreဒုတိယပိုင်းမှာတော့ ပွဲက ပထမပိုင်းကလောက် မကောင်းတော့ပဲ လီဗာပူးလ်ကတော့ အာဆင်နယ်ထက်ပိုကောင်းအောင် ကစားလာနိုင်ခဲ့ပါတယ်။
Read Moreshort description
Read More