ပရီးမီးယားလိဂ် ဒိုင်ယာရီ (၈)
" ပရီးမီးယားလိဂ် ဟုခေါ်သည် "
⚽⚽⚽⚽
⚽ ဉာဏ်များလွန်းတဲ့ ပရီးမီးယားလိဂ်မှာ ပိုကောင်း ပိုသာတာနဲ့ ဂိုးပြတ်နိုင်ရောလား။ ဒီတော့စပါးဘက်ကို ယိမ်းကြတာပေါ့။ ဘောလုံးပွဲတွေက ထင်သလောက် ရိုးရှင်းနေရင်ပျော်စရာကြီးတွေဖြစ်နေလိမ့်မယ်။ စပါး ကတော့နိုင်ပေးပါတယ်။ ဒါပေမယ့် ရိုးရာမပျက်သွင်းဂိုး (၁)ဂိုးနဲ့။
⚽ ကိုယ်မျှော်နေတဲ့ ချယ်လ်ဆီး ဟာဒါပါပဲ။ စတာလင် ၊ ပယ်လ်မာ ၊ ဂျက်ဆင် တို့ အတွဲပိုမိလာရင် ပိုဖြစ်လာမယ်ဆိုတာ ယုံကြည်ပြီးသား။ ပြိုင်ပွဲစုံ (၃)ပွဲဆက်အနိုင်မှာ ဂိုးပြတ်နိုင်ပွဲ (၁)ပွဲပါ ထပ်ပေါင်းကြတာပေါ့။ နောက်ဆို ချယ်လ်ဆီးကို အခုထက် ပိုယုံပေးကြရတော့မယ်။
⚽ (၉၂)မိနစ်အထိ ရှုံးနေတဲ့ အသင်းပွဲအပြီးမှာ နိုင်သွားတယ်။ ဘဝက ရုပ်ရှင်မဟုတ်ဘူး။ ဒါပေမယ့် ရုပ်ရှင်ဆန်တယ်ဆိုမင်းသား က တွမ်မီနေး ပဲ။ကယ်တင်ရှင်ဟာ မင်းပါပဲ နေရာမှာ တွမ်မီနေး ဖြစ်သွားခဲ့သလို အရင်ကပြောခဲ့တာတွေ ဗွေမယူပါနဲ့ဆိုပြီးလည်း တောင်းပန်နေကြပြီ။ ပွဲမပြီးခင် မန်ယူရှုံးပြီမပြောနဲ့ဆိုတဲ့ အသံတွေ ညံခဲ့တဲ့ ညတစ်ညပါပဲ။ ရလဒ်တွေဆိုးနေတဲ့အသင်းအတွက် ချိန်မြိန်တဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့တယ်။
⚽ ဆာလာ ရဲ့သွင်းဂိုး (၂)ဂိုးဟာ နိုင်ပွဲအတွက် မလုံလောက်ခဲ့ဘူး။ ပုံမှန်ဆိုရင်ဒါက လီဗာပူးလ်ပွဲပဲ။ ဒါပေမယ့် ပြိုင်ဘက်က ဘရိုက်တန်ဖြစ်နေတော့ သူတို့ရဲရင့်မှုအောက်ကို မရောက်အောင် တုံ့ပြန်ရတာကပဲ အခက်အခဲတစ်ခုမဟုတ်လား။ နိုင်တာပိုကောင်းပေမယ့် သရေဆိုလည်းအဆင်ပြေတာပါပဲ။ လီဗာပူးလ်တွေ ကျေနပ်ခဲ့ကြမယ့် သရေလို့ မြင်ပါတယ်။
⚽ အာဆင်နယ် မန်စီးတီးကို နိုင်ခဲ့ပြီ။ နိုင်သင့်တဲ့အချိန်မှာ နိုင်ခဲ့တာက မှန်ကန်မှုတစ်ခု။ ဒီနိုင်ပွဲက အာဆင်နယ်ရဲ့ ယုံကြည်မှုကိုပိုမြင့်တက်လာစေလိမ့်မယ်။ အရာအားလုံးကိုတော့ အာတီတာ က စတင်ခဲ့ပြီး သူ့ကြောင့်သာဒီအသင်း ဒီလိုဖြစ်လာခဲ့ရတာ။ ဂွါဒီယိုလာအတွက်တော့ မပျော်ရတဲ့ နေ့ရက်တွေပေါ့။ပြန်ပျော်ရအောင် သူဘယ်လိုတွေလုပ်ဦးမလဲဆိုတာကတော့ စ်ိတ်ဝင်စားစရာ။
ကွာတားဖိုင်နယ်အဆင့်မှာ အသင်းကောင်းတွေ တော်တော်များများတက်လာလို့ အရင်နှစ်တွေကထက် စိတ်ဝင်စားဖို့ပိုကောင်းပါတယ်။
Read Moreလူတန်ကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ မန်စီးတီး -----------------------------အသင်းရဲ့ အဓိက တိုက်စစ်မှုး ဟာလန်း မပါခဲ့လို့ ဂိုးတွေရဖို့ ရုန်းကန်ခဲ့ရပြီ...
Read Moreဒီပွဲမှာ အပြစ်တင်ချင်တယ်ဆိုရင်တော့ ရည်ရွယ်ချက်မရှိပဲ ဘောလုံးကို လက်နဲ့ထိခဲ့တဲ့ အနေအထားမှာ ပယ်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ပဲ ဖြစ်ပါလိမ့်မယ်။
Read Moreဘာ Plan မှမရှိဘူးဆိုပြီး ဝေဖန်ခံခဲ့ရတဲ့ နည်းပြတန်ဟက် သူ့ရဲ့ Plan တွေကို အကြိမ်ကြိမ်ပြသခဲ့တဲ့ပွဲလို့လည်း ပြောလို့ရပါတယ်။
Read Moreအသင်းကောင်း (၂)သင်းဖြစ်သလို ရှုံးဖို့လည်း မလွယ်ကြတဲ့ အသင်းတွေပါ။
Read More