မန်ယူကိုနိုင်ပြီး အဆင့်(၁)ဖြစ်သွားတဲ့ အာဆင်နယ်

Published 11 months ago by Bawlonelive

မန်ယူကိုနိုင်ပြီး အဆင့်(၁)ဖြစ်သွားတဲ့ အာဆင်နယ်

------------------------------ 

မန်ယူ ၀ - ၁ အာဆင်နယ် 

ဒီပွဲက မျှော်လင့်ထားသလိုဖြစ်မလာတဲ့ပွဲပါ။ အာဆင်နယ် ဂိုးပြတ်အနိုင်ယူမယ်။ (၈-၂)လိုပွဲမျိုး ပြန်ဖြစ်မယ်ဆိုတာတွေနဲ့ ပြောင်းပြန်ကို ဖြစ်ခဲ့ပါတယ်။ အာဆင်နယ် က အနိုင်ကိုထိန်းဖို့လောက်ပဲ အာရုံရှိပြီး မန်ယူကို ပိတ်ကစားသွားခဲ့သလို သူတို့ရဲ့ပုံစံအတိုင်း တိုက်စစ်ကို မြိုင်မြိုင်မကစားနိုင်ခဲ့ပါဘူး။ ပြောရရင်တော့ စိတ်ကြိုက်ဖွင့်မကစားရဲခဲ့တာပါ။ မန်ယူအသင်းကတော့ ရှိတဲ့လူနဲ့ အကောင်းဆုံးကစားသွားခဲ့ပြီး ကစားပုံလည်း ကောင်းခဲ့ပါတယ်။ 

ဒီပွဲမှာ အမ်မရာဘတ် ကြောင့် အီဗန်စ် ၊ ကက်စ်မဲရိုး တို့ ကစားရချောင်ခဲ့သလို အာမက် လည်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီကစားသမား(၂)ယောက်ကို အခုလို ပွဲကစားချိန်များများ နည်းပြ တန်ဟက် ပေးသင့်တယ်လို့လည်းတွေးမိခဲ့ပါတယ်။ အာဆင်နယ်မှာတော့ အိုဒီဂတ် ခြေမပေါ်ပဲ ပျောက်တဲ့ပွဲဖြစ်ခဲ့ပြီး ဒီပွဲကိုနိုင်ခဲ့တဲ့ နေရာမှာ ခံစစ်ပိုင်းစွမ်းဆောင်ရည်တည်ငြိမ်လွန်းတာက အဓိက ဖြစ်ခဲ့သလို ဆလီဘာ ကတော့ အကောင်းဆုံးဖြစ်ခဲ့တာပါ။ 

အာဆင်နယ်အတွက် တစ်လုံးထဲသော အနိုင်ဂိုးကိုတော့ ဟာဗက်ဇ် ရဲ့ဖန်တီးမှုကနေ ထရော့ဆဒ် က ပွဲချိန်မိနစ်(၂၀)မှာသွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးမှာတော့ ကက်စ်မဲရိုး ရဲ့ လူကျွံဖမ်းတာမပါးနပ်မှု ၊ ဘစ်ဆာကာ ရဲ့ ဘောလုံးကာတဲ့နေရာမှားယွင်းမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဂါနာချို ကြိုးစားပေမယ့် အရာမထင်ခဲ့သလို မန်ယူအသင်း အင်ပြည့်အားပြည့် လူစုံတက်စုံရှိမနေခဲ့တာကပဲ အာဆင်နယ်အတွက် ကံကောင်းခဲ့တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲမှာ ကစားသွားတဲ့ပုံစံအရ ဖာနန်ဒက်စ် တစ်ယောက်လောက်သာပါရင်တောင် အာဆင်နယ်နိုင်ဖို့ မလွယ်လို့ပါပဲ။

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၉)

" လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ကြတဲ့ရက်သတ္တပတ် "

Read More
The Best FIFA ဆုအတွက် ဆန်ခါတင်စာရင်းထွက်ပေါ်

ဒီစာရင်းမှာပါဝင်လာတဲ့ သူတွေကတော့ မက်ဆီ ၊ ဟာလန်း နဲ့ဘာပေ တို့ဖြစ်ကြပါတယ်။

Read More
စပါးကို အနိုင်ယူပြီး ချန်ပီယံဆုဆီ ခြေတစ်လှမ်းထပ်တိုးခဲ့တဲ့ အာဆင်နယ်

စပါး နဲ့ အာဆင်နယ် က တန်းတစ်ခုကွာပါတယ်။ ဒီတော့ စပါး ဘယ်လိုပဲ ကြိုးစား ကြိုးစား အာဆင်နယ် ကို အရှုံးပေးလိုက်ရတာပါပဲ။

Read More
လီဗာပူးလ် - မန်ယူ ပွဲကြိုသုံးသပ်ချက်

ကောင်းတဲ့အချက်ကတော့ ခြေစွမ်းမကောင်းတောင် ပွဲတစ်ပွဲကို အနိုင်ယူနိုင်စွမ်းရှိတာဖြစ်ပါတယ်။

Read More
အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အိုဒီဂတ်

စာချုပ်သစ်အရ အိုဒီဂတ် ဟာ အာဆင်နယ် မှာ (၂၀၂၈)ခုနှစ်ထိ ဆက်ရှိပါလိမ့်မယ်။

Read More