ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂)

Published 1 year ago by Bawlonelive

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂)

" အဲရစ်တန်ဟက် ကမ္ဘာထဲက ကြေကွဲသံစဥ် "

အန်ဖီးလ်ဟာ သူ့အရောင်နဲ့သူ။ လီဗာပူးလ်ဟာ လီဗာပူးလ်ပြန်ဖြစ်ခဲ့။ တိုက်စစ်ကစားပုံတွေဟာ ဘုန်းမောက်အတွက် အိပ်မက်ဆိုး။ကွင်းလယ်အသစ်နဲ့ (၂)ပွဲကစား (၄)မှတ်ဟာ အောင်မှတ်ထက်ပိုတယ်။ မက်အယ်လစ္စတာ နီတော့ အန်ဒိုနောက်ပွဲ ပွဲထွက်တာပေါ့လို့ ဖြေသိမ့်ကြရုံ။ 

ဘရိုက်တန် ပရိသတ်တွေ တစ်ကမ္ဘာလုံးဆိုကိုယ်က တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်ပြီပဲ။System နဲ့သွားတဲ့အသင်းတွေက ကောင်းကြတယ်။ ဒါပေမယ့် ဘရိုက်တန် ဟာ ဒုတိယ လက်စတာ မဟုတ်သလို ပရီးမီးယားလိဂ်ဟာလည်း ကပြီးသား ဇာတ်ကွက်ကို ထပ်ကမှာမဟုတ်ပါဘူး။ 

လူတိုင်းမှာဖြစ်ချင်တာရှိတယ်။ နောက်တစ်ခုကဖြစ်သင့်တာ။ ဖြစ်သင့်တာကိုလုပ်ရင်း ဖြစ်ချင်တာကို ပုံဖော်မှ လမ်းကြောင်းမှန်။ တဖြည်းဖြည်းပေါ့။ အလျင်လို အနှေးဖြစ်ဆိုတာလည်း ရှိသေးတာပဲ။ အဲရစ်တန်ဟက် ရဲ့ ခေါင်းမာမှုအောက်မှာတနင်္ဂနွေမနက်ခင်းဟာ အရည်တွေပျော်ကျလို့။အဲရစ်တန်ဟက် ကမ္ဘာထဲက ကြေကွဲသံစဥ်တွေ။ 

မန်စီးတီးဟာ မန်စီးတီးမဟုတ်တော့ကြောင်းထပ်ပြောမယ်။ ပုံစံမပျက် ပုံမှန်တော့ ရှေ့ဆက်နေလိမ့်မယ်။ ဒါပေမယ့် (၄)နှစ်ဆက် ဘယ်အသင်းမှချန်ပီယံမဖြစ်တဲ့ ကျိန်စာကို သူတို့ကျော်နိုင်မယ်မထင်။ 

အန်ဇို ၊ ကိုင်စီဒို နဲ့ဆို အရာအားလုံးဖြစ်နိုင်တယ်ဆိုပြီး ပွဲစဥ်(၁)အပြီး ကိုယ်တွေ ကြွေးကြော်ခဲ့တာပေါ့။ ဒီပေါင်သန်း (၂၀၀)ကျော် ကွင်းလယ်အတွဲဟာပွဲစဥ်(၂)မှာ ဟာသဖြစ်ခဲ့တယ်။ တစ်ယောက်က ပယ်နယ်တီလွဲတယ်။ တစ်ယောက်ကပယ်နယ်တီပေးတယ်။ အတွဲတော့ ညီခဲ့ကြတယ်။အကောင်းတော့မဟုတ်ဘူးပေါ့။ အဆိုးပြီးအကောင်းလာဖို့ မျှော်ရမှာပဲ။ 

အိုဒီဂတ် ရဲ့ ပယ်နယ်တီက (၂)ပွဲကစား (၆)မှတ်စာရင်းဆီပို့ပေးလိုက်တယ်။ တိုမီယာဆုအနီမှာ အလွဲဒိုင်များနဲ့ ပွဲစဥ်(၂)ဆိုပြီး ခေါင်းစဥ်တပ်ကြရုံ။အခက်အခဲတွေကြား ကောင်းသလိုဖြစ်အောင်လုပ်ရင်း နိုင်ပွဲရှာတတ်လာတာက အာဆင်နယ်ရဲ့ ကြီးမားတဲ့တိုးတက်မှု။ အပေါင်းလက္ခဏာဆန်တာတွေများလာတယ်။ ယုံကြည်လို့ရတဲ့ အာဆင်နယ် ဖြစ်လာတယ်။

လီဗာပူးလ် အာဆင်နယ် ပွဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ

ဘောလုံးမှာက သူ့အလှည့် ၊ ကိုယ့်အလှည့်ပြန်ပေးရတာလေးတွေရှိလို့ ဒါလေးတွေထည့်တွက်မယ်ဆို အရင်ကလို (၅)ဂိုးပြတ်တွေ ဘာတွေဖြစ်မလာနိုင်တော့ပါဘူး။

Read More
မျှတခဲ့တဲ့ သရေရလဒ်

ဒီပွဲကြည့်ပြီး ထွက်လာတာက (၂)သင်းလုံး ဘာလို့ ကိုင်စီဒို ကို လိုချင်တာလဲ ဆိုတဲ့ အဖြေပါ။

Read More
ဆော်ဒီအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ မန်စီနီ

မန်စီနီ ဟာ ဆော်ဒီအသင်းမှာ (၄)နှစ်အတွက် ယူရိုသန်း(၁၀၀)တန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Read More
ဟယ်ရီကိန်း ကို ယူရိုသန်း(၁၀၀)ကျော်နဲ့ ကမ်းလှမ်းလိုက်တဲ့ ဘိုင်ယန်မြူးနစ်

ဟယ်ရီကိန်းဆီက ရနိုင်သမျှအားလုံးယူပြီးပြီဆိုတော့ လက်ရှိကမ်းလှမ်းမှုဟာ လက်ခံသင့်တဲ့ အခြေအနေတစ်ခုပါ။

Read More
မာဆေးလ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘာပေ

ဒဏ်ရာကြောင့် ဘာပေ ကိုပွဲချိန် (၃၂)မိနစ်မှာပဲ ရာမို့စ် နဲ့ လူစားလဲခဲ့ရပါတယ်။

Read More