ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့မယ့် ပယ်လ်မာ

Published 1 year ago by Bawlonelive

ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့မယ့် ပယ်လ်မာ

------------------------------------ 

မန်စီးတီးလူငယ်တိုက်စစ်ကစားသမား ပယ်လ်မာ ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ မန်စီးတီး က သူတို့ရဲ့လူငယ်ထုတ်ကုန်တွေထဲက အကောင်းဆုံးတစ်ယောက်ကို ရောင်းချမယ့် ဆုံးဖြတ်ချက်က အံအားသင့်စရာကြီးပါ။ 

ကွန်မြူနတီဒိုင်း နဲ့ ဥရောပစူပါဖလားမှာ ပယ်လ်မာ ဟာ သူ့ကိုယ့်သူဘာလဲဆိုတာ သက်သေပြသခဲ့ပြီးဖြစ်သလို အသက်ကလည်း အခုမှ (၂၁)နှစ်ပဲရှိ​သေးတာကြောင့် ဂွါဒီယိုလာ အရောင်တင်ပေးရင် တင်ပေးနိုင်သလောက် ပိုတောက်ပမယ့် အနာဂတ် မန်စီးတီး ကြယ်ပွင့် လို့ ထင်ထားခဲ့ကြတာပါ။ 

ဒါပေမယ့် မန်စီးတီး ကတော့ ပယ်လ်မာ ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀) ၊ Add-Ons ကြေး ပေါင်(၅)သန်းနဲ့ ရောင်းချတော့မှာဖြစ်ပါတယ်။အပြောင်းအရွှေ့ပိတ်သိမ်းခါနီးဖြစ်လို့ လုပ်စရာရှိတာတွေကို မြန်မြန်ဆန်ဆန်လုပ်ကြမှာပါ။ ပယ်လ်မာ မကြာခင်မှာ ချယ်လ်ဆီးဂျာစီကိုင်ပါလိမ့်မယ်။

ရိုးမားအသင်းကို ပြောင်းရွှေ့မယ့် လူကာကူ

လူကာကူ ဟာ ဒီနေ့ နေ့လည်မှာ ရိုးမားကို သွားရောက်မှာဖြစ်ပြီး အငှားကြေးက ယူရို(၅)သန်းအထက်ဖြစ်ပါတယ်။

Read More
အက်ဖ်အေဖလားချန်ပီယံ မန်ယူ

မန်စီးတီး ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ယူပြီး မန်ယူအသင်း အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တယ်။

Read More
တစ်လတာအကောင်းဆုံး ဆုတွေကို ရရှိခဲ့ကြတဲ့ ပိုစတီကိုဂလူး နဲ့ ဆွန်ဟောင်မင်

စက်တင်ဘာလထဲမှာတော့ စပါးအသင်းဟာ ပရီးမီးယားလိဂ်(၄)ပွဲကစားခဲ့ပြီး (၃)ပွဲနိုင် ၊ (၁)ပွဲသရေရလဒ် ရရှိခဲ့ပါတယ်။

Read More
ဂါလာတာစာရေး ကို ပြောင်းရွှေ့ခဲ့တဲ့ အီကာဒီ

ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမယ့် အီကာဒီ ဟာ ဂါလာတာစာရေးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၆)သန်းရရှိသွားမှာ ဖြစ်ပါတယ်။

Read More
အက်ဖ်အေဖလားမှာ တွေ့ဆုံနေကြတဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်

ဇန်နဝါရီလ ပထမအပတ်ထဲမှာ ဒီပွဲစဥ်ကို ကစားသွားကြရမှာဖြစ်ပါတယ်။

Read More