အာဆင်နယ် - မန်စီးတီး ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

အာဆင်နယ် - မန်စီးတီး

Super Sunday ည (၁၀:၀၀)နာရီ 

အဆင့်(၁)နဲ့ အဆင့်(၃)အသင်းတို့ရဲ့ ပွဲ ဖြစ်ပြီး အာဆင်နယ်က ရမှတ်(၁၇)မှတ် ၊ မန်စီးတီး က ရမှတ်(၁၈)မှတ်ရရှိထားပြီး (၂)သင်းကြား ရမှတ် (၁)သာကွာနေပါတယ်။ ဒါကြောင့် အမှတ်ပေးဇယား အပြောင်းအလဲ ဖြစ်လာနိုင်တဲ့ ပွဲမို့လို့ လုံးဝအမှားခံလို့ မရကြပါဘူး။ 

အာဆင်နယ်ကတော့ မန်စီးတီးဆို အမြဲရှုံးတဲ့နေရာကနေ ယှဥ်ကစားနိုင်တဲ့ အသင်းအဆင့်ဖြစ်လာခဲ့ပါပြီ။ ဒါက တိုးတက်မှုတစ်ခုပါပဲ။ ဒီရာသီ အာဆင်နယ် က ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် ထက်ပိုကောင်းပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲ ရမှတ်ဆုံးရှုံးနေတာကိုတော့ ပြင်ဖို့လိုပါတယ်။ ရုန်းကန်နေရတုန်းဖြစ်နေတဲ့ ဟာဗက်ဇ် အတွက် နည်းပြအာတီတာ အဖြေရှာပေးရမှာဖြစ်လို ဒဏ်ရာအခြေအနေရှိနေတဲ့ ဆာကာ ပါဝင်လာနိုင်မလားကိုလည်း စောင့်ကြည့်သွားရဦးမှာပါ။ အာဆင်နယ် က မန်စီးတီးအကြောင်းကောင်းကောင်းကြီး သိထားပြီးပြီဖြစ်လို့ ဒီပွဲမှာ လုံးဝရမှတ်ဆုံးရှုံးလို့ မရဘူးဆိုတာ အပြည့်အဝ နားလည်နေပါလိမ့်မယ်။ 

မန်စီးတီး ဝုလ်ဗ်ကို ရှုံးခဲ့တာ ကောင်းတယ်လို့ထင်ပါတယ်။ မဟုတ်ရင် ပရီးမီးယားလိဂ်က ပျင်းစရာကြီးဖြစ်နေလို့ပါ။ လက်ရှိ မန်စီးတီး က အားလျော့မှုတွေရှိနေပြီး အဓိကက ဒီဘရိုင်းနား ၊ ရိုဒရီ မပါတဲ့ ကွင်းလယ်နဲ့ အာဆင်နယ်ကို ကျော်ဖြတ်နိုင်မလားဆိုတာပါပဲ။ ဒီအရာက ဒီပွဲအတွက် စမ်းသပ်ချက်တစ်ခုပါ။ ပွဲကြီးတွေမှာ ပျောက်တတ်ပြီး လတ်တလော ဂိုးရဖို့ ခက်ခဲနေတဲ့ တိုက်စစ်မှုး ဟာလန်း ကိုလည်း စောင့်ကြည့်သွားရပါလိမ့်မယ်။ 

လက်ရှိ ဒီ (၂)သင်းမှာတော့ အာဆင်နယ် က ပိုကောင်းနေတယ်လို့ မြင်ပါတယ်။ အာဆင်နယ် အိမ်ကွင်းလည်း ဖြစ်နေလို့ အာဆင်နယ် ကိုပိုကြိုက်မိပြီး မန်စီးတီးကို (၁-၀)လောက်နဲ့ နိုင်သွားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဘိုင်ယန်နဲ့ပွဲမှာ လူနင် ပဲကစားမယ်

ကာဒစ်ကို (၃-၀) နဲ့ နိုင်တဲ့ပွဲမှာ ဒဏ်ရာကနေကာလရှည်နားနေခဲ့ရတဲ့ ကော်တိုအာ ကစားသွားခဲ့ပါတယ်။

Read More
ဗီလာကို Comeback နဲ့ အနိုင်ယူပြီး ဖိအားအနည်းငယ် လျှော့ချနိုင်ခဲ့တဲ့ မန်ယူ

နည်းပြတန်ဟက် လည်း ဖိအားအနည်းငယ်လျှော့ချနိုင်ခဲ့ပါတယ်။

Read More
မန်ယူ - ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်

နည်းပြတန်ဟက်မှာလည်း မန်ယူအသင်းအတွက် နိုင်ပွဲရှာဖွေပေးရမယ်ဆိုတဲ့ ဖိအားရှိနေပါတယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၄)

" VAR မျဥ်းတစ်ကြောင်းကြောင့် ကွဲအက်သွားခဲ့တဲ့ အသည်းတွေ "

Read More
စပါးကို ဂိုးပြတ်နိုင်ခဲ့တဲ့ ချယ်လ်ဆီး

စပါးအသင်း ရသွားတဲ့ အနီကတ် (၂)ကတ်က ဒီပွဲရဲ့အဖြေပါပဲ။

Read More