ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၂)
" ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ် "
⚽⚽⚽⚽
⚽ အချိန်တန်ရင် စပါးက စပါးပဲဆိုတာ အလာကားမဟုတ်ပါဘူး။ အခုလည်း အဲ့လိုပဲ ဖြစ်သွားတာမဟုတ်လား။ စပါးချန်ပီယံဖြစ်မယ်ဆိုတဲ့ ဆရာတွေလည်းကြက်ပျောက် ငှက်ပျောက်ပေါ့။ဒီရာသီ ကောင်းနေတဲ့ စပါးအတွက် ဖြစ်နိုင်ခြေရှိတဲ့ အမြင့်ဆုံးအောင်မြင်မှုက ထိပ်သီး (၄)သင်းစာရင်းပါပဲ။
⚽ အချိန်တန်ရင် နိုင်မယ်ဆိုတာသိနေတဲ့ အာဆင်နယ်ရဲ့ နိုင်ပွဲမှာအရေးကြီးတာက ဟာဗက်ဇ် အခုထိအဆင်ပြေမနေသေးတာပါပဲ။ အသင်းပြောင်းမှားသွားပြီလားနဲ့ သူ့နဲ့ကီးမကိုက်တာကို ဇွတ်လုပ်နေတယ်ဆိုတဲ့ အသံတွေ အာဆင်နယ်ရပ်ဝန်းဆီမှာကြားနေရတယ်။ ကစားသမားတစ်ယောက်အတွက် အသင်းပုံစံတစ်ခုလုံးကို ပြောင်းဖို့ ဆိုတာမလွယ်ပေမယ့် အာတီတာမှာ ဟာဗက်ဇ် ကို ကူညီဖို့ အခုထက်ပိုကောင်းတဲ့ အဖြေရှိသင့်တာတော့အမှန်ပါပဲ။
⚽ ကယ်တင်ရှင် ဘယ်သူလဲဟေ့ဆိုပြီး ပွဲတိုင်းရှာရတာ ရင်မောစရာဆိုပေမယ့် နိုင်မယ့်ပွဲတိုင်း ကယ်တင်ရှင်ရှိနေတာကလည်း ကံတရားတစ်ခုပါပဲ။ ရုန်းကန်နေရပေမယ့် နိုင်ဖို့အတွက်တော့ လုံလောက်တဲ့အရာတစ်ခု အသင်းမှာရှိနေတုန်းလို့ ဆိုနိုင်ပါတယ်။ တိုက်စစ်ပိုင်း ကစားသမားတွေ ဂိုးရဖို့ခက်နေချိန်မှာ ကွင်းလယ်နဲ့ ခံစစ် က သွင်းဂိုးတွေရှာဖွေပေးနေလို့ ဒီအရာက အဆိုးထဲကအကောင်းပါပဲ။
⚽ ဒီရာသီမှာ ထွေထွေထူးထူးပြောစရာမရှိတဲ့ အသင်းကလီဗာပူးလ်အသင်းပါပဲ။ နိုင်သင့်တဲ့ပွဲတွေနိုင်မယ်။ မထင်မှတ်ပဲရမှတ်ဆုံးရှုံးမယ်။ မာကျောတဲ့အသင်းတွေနဲ့ဆို နိုင်ပွဲရဖို့ခက်ခဲတယ်။ ဒီအချက်တွေက အကုန်ပါပဲ။ ဒါပေမယ့် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အဆင့် (၂)အသင်းပါ။ သူတို့သာ ပြင်ဆင်စရာရှိတာတွေ အမြန်ပြင်ဆင်နိုင်ရင်မိုးပေါ်ကလေယာဥ်ပျံ လီဗာပူးလ် က ချန်ပီယံဆိုတာတွေပြန်ဖြစ်လာနိုင်ပါတယ်။
⚽ ပွဲဘယ်လို ပြီးလို့ပြီးသွားမှန်းမသိတဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ခဲ့တဲ့ အထိ ချယ်လ်ဆီး - မန်စီးတီး ပွဲကကောင်းခဲ့ပါတယ်။ အနိုင်မခံ အရှုံးမပေး ပုံစံတွေ ၊ နောက်ဆုံးမိနစ်သွင်းဂိုးတွေကြောင့် ဒါဟာ ပရီးမီးယားလိဂ်ပဲဆိုတဲ့ အသံတွေကလည်း တညံညံပါပဲ။ ပယ်လ်မာ ရဲ့ ပယ်နယ်တီ ချေပဂိုးကြောင့် ထိပ်ဆုံးက မန်စီးတီးနဲ့ အဆင့် (၅)နေရာက ဗီလာတို့ရဲ့ကြားကွာခြားချက်က (၃)မှတ်တည်းပါ။ ဘာမဆိုဖြစ်နိုင်တဲ့ပရီးမီးယားလိဂ် ၊ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်ဆိုတဲ့ နာမည်ကိုဆက်ထိန်းပေးသွားတဲ့ သွင်းဂိုးတစ်ဂိုးလို့လည်း မြင်မိပါတယ်။
မန်စီးတီး က သူတို့ရဲ့လူငယ်ထုတ်ကုန်တွေထဲက အကောင်းဆုံးတစ်ယောက်ကို ရောင်းချမယ့် ဆုံးဖြတ်ချက်က အံအားသင့်စရာကြီးပါ။
Read Moreဟယ်ရီကိန်းဆီက ရနိုင်သမျှအားလုံးယူပြီးပြီဆိုတော့ လက်ရှိကမ်းလှမ်းမှုဟာ လက်ခံသင့်တဲ့ အခြေအနေတစ်ခုပါ။
Read Moreမန်စီးတီးအသင်းအတွက်လည်း သတင်းကောင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
Read Moreဘောလုံးမှာက သူ့အလှည့် ၊ ကိုယ့်အလှည့်ပြန်ပေးရတာလေးတွေရှိလို့ ဒါလေးတွေထည့်တွက်မယ်ဆို အရင်ကလို (၅)ဂိုးပြတ်တွေ ဘာတွေဖြစ်မလာနိုင်တော့ပါဘူး။
Read Moreခံစစ်ကနေ တောက်လျှောက် တိုက်စစ်ထိ ဗန်ဒီဗန် ရဲ့ဆွဲထွက်မှုကို ခွင့်ပြုခဲ့ရပြီး သူ့ရဲ့ဖန်တီးမှုကနေ ဂျွန်ဆင် က ပွဲအစ (၃)မိနစ်မှာတင် စပါးကို ဦးဆောင်စေခဲ့ပါ...
Read More