လေဗာကူဆင်မှာပဲဆက်နေဖို့ ရွေးချယ်ခဲ့တဲ့ အလွန်ဆို
------------------------------
လေဗာကူဆင်မှာ အလွန်ဆို လုပ်ပြထားတာက အံအားသင့်စရာတွေဖြစ်လို့ ဘောလုံးလောကအတွက် ကမ္ဘာ့အဆင့်နည်းပြတစ်ဦးထပ်ပေါ်လာတယ်ဆိုပြီး ညွန်းမယ်ဆိုရပါတယ်။ ဒီတော့လည်း အလွန်ဆို ကို လိုချင်တဲ့အသင်းတွေရှိလာတာ ဘာမှတော့မဆန်းပါဘူး။
သူကို လိုချင်တဲ့အသင်းကတော့ သူရဲ့ကစားသမားဘဝအသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးလ် နဲ့ ဘိုင်ယန်မြူးနစ်တို့ပါ။ အလွန်ဆို လည်း လေဗာကူဆင်မှာပဲဆက်နေရမလား။ အသင်းပြောင်းရမလား တော်တော်လေး စဥ်းစားခဲ့ပုံပါပဲ။
နောက်ဆုံးမှာတော့ သူ လေဗာကူဆက်မှာဆက်နေဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်။ ဒါက အလွန်ဆို အတွက် ရာနှုန်းပြည့်မှန်ကန်တဲ့ ရွေးချယ်မှုလို့ ပြောချင်ပါတယ်။
ဘာလို့လဲဆို အသင်းသစ်တစ်သင်းကိုရောက်သွားရင် အောင်မြင်မှုတန်းရဖို့ဆိုတာ မလွယ်ပါဘူး။တကယ်သာ အဲ့လိုဖြစ်သွားခဲ့ရင်သူ့ရဲ့ နည်းပြဘဝအစကတန့်သလိုဖြစ်သွားနိုင်ပါတယ်။လေဗာကူဆင်မှာ ဆက်နေပြီး ရသလောက်လုပ်ပြီး ရှေ့ဆက်ရမှာပါ။အလွန်ဆို ရဲ့ လေဗာကူဆင်နဲ့စာချုပ်သက်တမ်းကတော့ (၂၀၂၆)ခုနှစ်အထိ ဖြစ်ပါတယ်။
နောက်ဆုံး (၃)ပွဲဆက် စပါးကိုမနိုင်ခဲ့တာဖြစ်ပြီး လူမစုံတဲ့ စပါးကိုတောင် အနိုင်မကန်နိုင်တော့ပါဘူး။
Read Moreချန်ပီယံလိဂ်ပွဲမှာ ကြွက်သားဒဏ်ရာ ရခဲ့ပြီး ပထမပိုင်းမပြီးခင်မှာပဲ ဆာကာ ဟာ လူစားလဲခံခဲ့ရတာပါ။
Read Moreဒီတော့ ကွန်တီ ဟာ ဆော်ဒီကို သွားမယ်ဆို သွားဖို့အတွက် နီးနီးစပ်စပ်ရှိခဲ့တဲ့ပုံပါပဲ။
Read Moreနည်းပြတန်ဟက် ရဲ့ နည်းစနစ်နဲ့ ကိုက်ညီမှုမရှိလို့ မန်ယူအသင်းကနေ ထွက်ခဲ့ရတဲ့ ဒီဂီယာ ဟာ ထိပ်တန်းအဆင့်လက်စွမ်းမှာရှိနေတုန်းဖြစ်ပါတယ်။
Read Moreမန်စီးတီးအသင်းနဲ့သက်တမ်းကတော့(၁)နှစ်ပဲ တိုးခဲ့တာဖြစ်ပေမယ့် (၂၀၂၆) ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်တယ်။
Read More