မန်စီးတီး ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ယူပြီး မန်ယူအသင်း အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တယ်။
ဒီပွဲအတွက် အစောကြီးတည်းက တန်ဟက် ပြင်ထားခဲ့တဲ့ Game Plan ကလည်း အလုပ်ဖြစ်ခဲ့ပါတယ်။
တိုက်စစ်မှုးမပါပဲ ကွင်းလယ်ကိုအားပြိုင်ရင်း ရလာတဲ့အခွင့်အရေးတွေကနေ သွင်းဂိုးတွေရှာဖွေခဲ့တယ်။
မန်စီးတီး ဘောလုံးကိုင်ထားပေမယ့် ကျစ်လစ်တဲ့ ကွင်းလယ်ခံစစ်နဲ့ ခံစစ်တန်းကိုကျော်ဖြတ်ဖို့ ခက်ခဲခဲ့တယ်။
အမ်မရာဘတ် ကြောင့် ခံစစ်တန်းက လုံလုံခြုံခြုံပိုရှိခဲ့တယ်။ ကွင်းလယ်က ပိုငြိမ်ခဲ့တယ်။
ဗာရန်း က သူ့ရဲ့မန်ယူကစားသမားဘဝ နောက်ဆုံးပွဲမှာအကောင်းဆုံးဦးဆောင်မှုကိုပြခဲ့တယ်။
ဒိုကူ မန်စီးတီးအတွက် အကောင်းဆုံးရုန်းပေးရင်း ချေပဂိုးတစ်ဂိုးပြန်ရှာပေးခဲ့ပေမယ့် ဆေးမမီဖြစ်ခဲ့ရတယ်။
မေးခွန်းထုတ်ခွင့်ရမယ်ဆို ဂျွန်စတုန်းစ် ၊ အကီ ဗဟိုခံစစ်အတွဲ နဲ့ ကိုဗာချစ် ကို ပွဲထုတ်ပြီး ဖိုဒန် ကို ဘယ်ခြမ်းထုတ်ကစားခဲ့တဲ့ ဂွါဒီယိုလာ ကို ဒီ (၄)ယောက်နေရာတွေအတွက် မေးခွန်းထုတ်ချင်တယ်။
ဂါနာချို နဲ့ မိုင်နူး က သူတို့ဟာ ဒီအသင်းရဲ့အနာဂတ်တွေဖြစ်ကြောင်းပြသတယ်။
ဖာနန်ဒက်စ် လိုအပ်နေတဲ့ နေရာမှန်သမျှကို ဖြည့်ပြီးကစားပေးခဲ့တယ်။
ဒီလိုနဲ့ မန်စီးတီး လို ပွဲချိန်အတွင်းအနိုင်ရဖို့ အင်မတန်ခက်ခဲတဲ့အသင်းကောင်းကို မန်ယူအသင်း အနိုင်ယူခဲ့တယ် ...
(၂၀၁၅)ခုနှစ်နောက်ပိုင်း အာဆင်နယ်ကို အိမ်ကွင်း ပရီးမီးယားလိဂ်ပွဲမှာမရှုံးထားပါဘူး။
Read Moreကွာတားဖိုင်နယ်အဆင့်မှာ အသင်းကောင်းတွေ တော်တော်များများတက်လာလို့ အရင်နှစ်တွေကထက် စိတ်ဝင်စားဖို့ပိုကောင်းပါတယ်။
Read Moreသူပြန်လာခဲ့လို့ခံစစ်ပိုင်းအတွက် ကစားသမား ရွေးချယ်မှုတစ်ခုတော့ ပိုသွားခဲ့ပါပြီ။
Read Moreလက်ရှိ ဒီ (၂)သင်းရဲ့ ခြေစွမ်းမှာတော့ အာဆင်နယ်က မန်ယူထက် အနည်းငယ်ပိုသာပါတယ်။
Read Moreမန်စီးတီး နိုင်ကိုနိုင်မယ်လို့ ထင်ထားတဲ့ ပွဲမျိုးမှာ သရေကျခဲ့တာဖြစ်ပြီး ကံတရားက မန်စီးတီးဘက်မှာရှိမနေခဲ့တာလည်း ဖြစ်ပါတယ်။
Read More