နယူးကာဆယ် - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

နယူးကာဆယ် - လီဗာပူးလ်

Super Sunday ည (၁၀:၀၀)နာရီ 

ပထမဆုံး စပြောရရင်တော့ ဒီပွဲက ကြည့်လို့ကောင်းမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်ဆိုတာပါ။ ပရီးမီးယားလိဂ် ပွဲစဥ်(၂)အပြီးမှာတော့ လီဗာပူးလ်က ရမှတ်(၄)မှတ် ၊ နယူးကာဆယ် က (၃)မှတ်ရရှိထားကြပါတယ်။ လက်ရှိ (၂)သင်းလုံးရဲ့ ခြေစွမ်းတွေကတော့ ကောင်းနေတယ်လို့ ပဲပြောရပါလိမ့်မယ်။ 

နယူးကာဆယ် က တိုးတက်မှုတွေနဲ့ ရှေ့ဆက်နေတဲ့ အသင်းပါ။ ပရီးမီးယားလိဂ် ပွဲစဥ်(၂)မှာ မန်စီးတီးကို ရှုံးခဲ့တယ်ဆိုပေမယ့် ယှဥ်ကစားလာနိုင်တဲ့ အခြေအနေမျိုးတွေရှိလာခဲ့ပါတယ်။ စိတ်ဓာတ်ပိုင်းကောင်းတာနဲ့ အသင်းလိုက် ကစားပုံ ကောင်းတာတွေအပါအဝင် တခြားအသင်းတွေထက် ဖိအားကင်းကင်းနဲ့ ကစားနိုင်တာတွေက နယူးကာဆယ်အသင်းရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းခြေစွမ်းဖြစ်ပြီး မာကျောကောင်းမွန်သလို ဘယ်အသင်းကိုမဆိုလည်း အနိုင်ယူနိုင်စွမ်းရှိပါတယ်။ လက်ရှိအချိန်က လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်နောက်ဆုံး(၄)ကြိမ်ဆက်အရှုံးကနေ နယူးကာဆယ် ရုန်းထွက်ရတော့မယ့် အချိန်ရောက်ပါပြီ။ နယူးကာဆယ် အိမ်ကွင်းမှာ တစ်ခုခုလုပ်ပြမယ်လို့ထင်ပါတယ်။ 

လီဗာပူးလ်ကတော့ အဝေးကွင်းခြေစွမ်း အားနည်းပါတယ်။ အဝေးကွင်းမှာ မာကျောတဲ့အသင်းတွေနဲ့ ကစားရင် ရုန်းကန်ရပြီး ရှုံးလည်း ရှုံးသွားတတ်ပါတယ်။ ဒီအရာတွေက နည်းပြယာဂန်ကလော့ ပြင်ဆင်သွားရမှာတွေ ဖြစ်ပေမယ့် အခုချိန်ထိတော့မပြင်နိုင်သေးပါဘူး။ ဒါတွေအပြင် အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ဆာလာ ရဲ့ အပြောင်းအရွှေ့သတင်းတွေက အသင်းရဲ့ ခြေစွမ်းအပေါ် အနည်းနဲ့ အများတော့ထိခိုက်နိုင်ပါတယ်။ လီဗာပူးလ်ရဲ့ အားသာချက်ကတော့ တိုက်စစ်ပိုင်းဖြစ်ပြီး အချိန်မရွေးဂိုးအဖြစ်ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားလို့ ဒီအပိုင်းမှာတော့ နယူးကာဆယ်ထက် အများကြီးပိုသာပါတယ်။ ဒါပေမယ့် လက်ရှိခြေစွမ်းအရနဲ့တော့ နယူးကာဆယ်ကို အဝေးကွင်းမှာနိုင်ဖို့ဆိုတာမလွယ်ပါဘူး။ 

ပြောရရင် နယူးကာဆယ် ဘယ်လိုမှ မရှုံးနိုင်ပါဘူး။ ဒါပေမယ့် နိုင်ဖို့ကလည်း ခက်ပါလိမ့်မယ်။ ဒီတော့ သရေရလဒ်ကိုသဘောကျပါတယ်။ နယူးကာဆယ် (၂ - ၂) လီဗာပူးလ် ဖြစ်နိုင်ပါတယ်။

အက်သလက်တီကို ကိုသွားပါမယ်

အခုဆို ဒေါ့ဘွတ်ခ် အက်သလက်တီကို ကို ရောက်ရှိိဖို့ တော်တော်လေးနီးစပ်နေ ပြီဖြစ်ပါတယ်။

Read More
မန်ယူကိုနိုင်ပြီး အဆင့်(၁)ဖြစ်သွားတဲ့ အာဆင်နယ်

အာဆင်နယ် က အနိုင်ကိုထိန်းဖို့လောက်ပဲ အာရုံရှိပြီး မန်ယူကို ပိတ်ကစားသွားခဲ့သလို သူတို့ရဲ့ပုံစံအတိုင်း တိုက်စစ်ကို မြိုင်မြိုင်မကစားနိုင်ခဲ့ပါဘူး။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၈)+(၁၉)

" အလှည့်အပြောင်းများစွာနဲ့ ပရီးမီးယားလိဂ် "

Read More
လီဗာပူးလ် - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

လက်ရှိမှာ အာဆင်နယ်က ရမှတ် (၃၉)မှတ် ၊ လီဗာပူးလ် က ရမှတ် (၃၈)မှတ်ပါ။

Read More
ပရီးမီးယားလိဂ် ပွဲစဥ်(၂)မှာတင် စရှုံးတဲ့ မန်ယူ

လက်ရှိမန်ယူဟာ မနှစ်က မန်ယူကိုတောင် မမီသေးပါဘူး။

Read More