ချန်ပီယံလိဂ်မှာ မန်ယူကို မေ့ထားလို့ရပြီ

Published 1 year ago by Bawlonelive

ချန်ပီယံလိဂ်မှာ မန်ယူကို မေ့ထားလို့ရပြီ ---------------------------------------

ကိုပင်ဟေဂင် ၄ - ၃ မန်ယူ

အေးအေးဆေးဆေးနဲ့ ကစားနေပြီး (၂)ဂိုးပြတ်နိုင်နေတာကြောင့် မန်ယူအသင်း နိုင်သွားပြီလို့ စောစောစီးစီးတွေးမိခဲ့တာက အမှားတစ်ခုပါပဲ။ မမျှတတဲ့ ဆုံးဖြတ်ချက်တွေရှိခဲ့တယ်ဆိုပေမယ့် ကိုပင်ဟေဂင် နဲ့ မန်ယူကြားမှာ တစ်ယောက်လျော့သွားတာနဲ့ ခုလောက်ထိ ဖြစ်သွားတာကတော့ အဓိပ္ပါယ်မရှိပါဘူး။ ကိုပင်ဟေဂင်အသင်းရဲ့ ဖြတ်တင်ဘော မှန်သမျှကို တားဆီးနိုင်ခြင်းမရှိပဲ ရပ်ကြည့်နေတဲ့ ကွင်းလယ်ခံစစ်နဲ့ ခံစစ်ကြောင့်သာ ရှုံးခဲ့ရတဲ့ပွဲ ဖြစ်ပါတယ်။ ပွဲချိန် (၃ နဲ့ ၂၈)မိနစ်တွေမှာ ဟွိုင်းလွန် (၂)ဂိုးဆက်သွင်းခဲ့ပေမယ့် အလှည့်အပြောင်းဖြစ်ခဲ့တာကတော့ ရက်ရှ်ဖို့ဒ် ရဲ့ အနီကတ်ပါ။ ကစားသမားတောင် သူ့ကိုယ်သူ ဘာမှန်းမသိလိုက်ပဲ ထိသွားတဲ့ အနီကတ်မျိုးလည်း ဖြစ်ပါတယ်။

(၁၀)ယောက် (၁၁)ယောက်ဖြစ်သွားတာနဲ့ ချက်ခြင်းဆိုသလို (၂)ဂိုးဆက်တိုက် (ပယ်နယ်တီ တစ်ကြိမ်အပါ) ပြန်ပေးခဲ့ရပြီး ပွဲချိန်(၄၅ နဲ့ ၄၅+၉)မိနစ်တွေမှာ Elyounoussi နဲ့ Goncalves တို့ကသွင်းယူခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် (၆၉)မိနစ်မှာတော့ မန်ယူအသင်း ပယ်နယ်တီရပြီး ဖာနန်ဒက်စ် ကန်သွင်းကာ ပွဲကို ဒုတိယကြိမ်မြောက်အဖြစ် ဦးဆောင်နိုင်ခဲ့ပေမယ့်  (၈၃)မိနစ် နဲ့ (၈၇)မိနစ် တွေမှာ Lerager နဲ့ Bardghji တို့ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရကာ ကိုပင်ဟေဂင်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ပေးလိုက်ရတဲ့ ဂိုးတွေကဆင်တူပုံစံမျိုးတွေဖြစ်ပြီး ဂိုးဧရိယာထဲ ထိန်းချုပ်နိုင်စွမ်းအားနည်းတာကိုလည်း ထင်ထင်ရှားရှားမြင်ခဲ့ရပါတယ်။ တစ်ဖက်မှာ ဘိုင်ယန်မြူးနစ်က ဂါလာတာစာရေး ကို နိုင်ခဲ့ချိန်မှာ မန်ယူအသင်းက ကိုပင်ဟေဂင်ကို ရှုံးခဲ့လို့ ချန်ပီယံလိဂ်မှာ မန်ယူကို မေ့ထားလို့ရပြီလို့သာ ပြောချင်ပါတယ်။

လေဗာကူဆင်မှာပဲဆက်နေဖို့ ရွေးချယ်ခဲ့တဲ့ အလွန်ဆို

သူကို လိုချင်တဲ့အသင်းကတော့ သူရဲ့ကစားသမားဘဝအသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးလ် နဲ့ ဘိုင်ယန်မြူးနစ်တို့ပါ။

Read More
စပါးကို ဂိုးပြတ်နိုင်ခဲ့တဲ့ ချယ်လ်ဆီး

စပါးအသင်း ရသွားတဲ့ အနီကတ် (၂)ကတ်က ဒီပွဲရဲ့အဖြေပါပဲ။

Read More
မာဆေးလ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘာပေ

ဒဏ်ရာကြောင့် ဘာပေ ကိုပွဲချိန် (၃၂)မိနစ်မှာပဲ ရာမို့စ် နဲ့ လူစားလဲခဲ့ရပါတယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၈)+(၁၉)

" အလှည့်အပြောင်းများစွာနဲ့ ပရီးမီးယားလိဂ် "

Read More
ရီးယဲလ်အသင်းနဲ့ သတင်းတွေထွက်လာတဲ့ မော်ရင်ဟို

ဆော်ဒီကိုမသွားချင်တဲ့ မော်ရင်ဟိုကို ရီးယဲလ်ကသာ ကမ်းလှမ်းလာရင်မော်ရင်ဟို လုံးဝကို လက်ခံပါလိမ့်မယ်။

Read More