ဒဏ်ရာကနေ ပြန်လာပြီဖြစ်တဲ့ ဂျေးဆု

Published 1 year ago by Bawlonelive

ဒဏ်ရာကနေ ပြန်လာပြီဖြစ်တဲ့ ဂျေးဆု 

----------------------------------- 

အာဆင်နယ်အသင်းတိုက်စစ်မှုး ဂျေးဆု ဒဏ်ရာကနေပြန်လာပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါပြီ။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျေးဆု ဒဏ်ရာရခဲ့လို့ တိုက်စစ်ပိုင်း ခက်ခဲခဲ့ရပြီး ဒီရာသီစခါနီးမှာလည်း ဒဏ်ရာနဲ့ ထပ်ကြုံလာခဲ့ရပေမယ့် အန်ကီတီယာ ရာသီအစ (၂)ပွဲမှာ အလုပ်ဖြစ်ခဲ့လို့ အားနည်းချက်အများကြီးတော့မရှိခဲ့ပါဘူး။ 

ဒါပေမယ့် အန်ကီတီယာ နဲ့ ဂျေးဆု ကြားမှာ ကွာခြားချက်ရှိတာကြောင့် ဂျေးဆု ပြန်လာခြင်းက အာဆင်နယ်ကို အင်အားပိုတောင့်တင်းသွားစေခဲ့ပြီး ရာသီအစ (၂)ပွဲထက်လည်း တိုက်စစ်ပိုင်း ပို အသက်ဝင်လာနိုင်ပါတယ်။ အရေးကြီးတာကတော့ ဂျေးဆု မကြာခဏဒဏ်ရာရမနေဖို့ဖြစ်ပြီး မဟုတ်ရင် ကျဥ်းထဲကျပ်ထဲရောက်ချိန်မှာ အခက်အခဲအများကြီးဖြစ်လာနိုင်ပါတယ်။ 

ဒဏ်ရာကနေ အခုမှပြန်လာတာဖြစ်လို့ ပရီးမီးယားလိဂ်ပွဲစဥ်(၃) ဖူလ်ဟမ် နဲ့ပွဲမှာ အရန်လူစာရင်းလောက်မှာသာ ရှိနေလောက်နိုင်ပေမယ့် ပရီးမီးယားလိဂ်ပွဲစဥ်(၄)မန်ယူ နဲ့ပွဲမှာတော့ ပွဲထွက်လူစာရင်းမှာ ပါလာနိုင်ပါတယ်။

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၅)

" ကံကောင်းသွားတဲ့ မန်စီးတီး နဲ့ (၆)ပွဲဆက် ဟွိုင်းလွန် " 

Read More
မန်စီးတီး - အာဆင်နယ် ကွန်မြူနတီဒိုင်း ပွဲကြိုသုံးသပ်ချက်

မနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလုခဲ့ကြတဲ့အသင်း(၂)သင်းရဲ့ ပွဲဆိုတော့လည်း ပုံမှန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

Read More
စပါးအသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ဗာနာ

ဗာနာ ဟာ စပါးအသင်းကို ရာသီကုန်ထိ အငှားစာချုပ်နဲ့ရောက်လာခဲ့တာပါ။

Read More
မန်ယူ ကယ်တင်ခဲ့ကြတဲ့ မက်ဂွိုင်းယား နဲ့ အိုနာနာ

မက်ဂွိုင်းယား ကတော့လုံးဝကိုပုံစံကောင်းပြန်ရသွားခဲ့ပြီဖြစ်ပြီး အိုနာနာ ကလည်းသူ့ရဲ့ အဆင့်အတန်းတစ်ခုကို ဒီပွဲမှာပြသနိုင်ခဲ့ပါတယ်။

Read More
ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ လုခ်ရှော

သူပြန်လာခဲ့လို့ခံစစ်ပိုင်းအတွက် ကစားသမား ရွေးချယ်မှုတစ်ခုတော့ ပိုသွားခဲ့ပါပြီ။

Read More