အန်ဖီးလ်မှာ ချယ်လ်ဆီးကို အမှားအယွင်းမရှိ အနိုင်ယူခဲ့တဲ့ လီဗာပူးလ်

Published 2 months ago by Bawlonelive
အန်ဖီးလ်မှာ ချယ်လ်ဆီးကို အမှားအယွင်းမရှိ အနိုင်ယူခဲ့တဲ့ လီဗာပူးလ်
----------------------------
 
လီဗာပူးလ် ၂ - ၁ ချယ်လ်ဆီး
 
ဒီပွဲက တိုက်စစ်ကစားဟန် အနည်းငယ်ဆင်တဲ့ အသင်း (၂)သင်းရဲ့ပွဲဖြစ်လို့ ပွဲအစပိုင်းမှာတော့ (၂)သင်းလုံး ကစားရကျပ်ခဲ့တဲ့ အခြေအနေရှိခဲ့ပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှကွာခြားချက်က ထွက်လာပြီး အသင်း(၂)သင်းရဲ့ တောင်ပံတိုက်စစ်ကစားပုံ ခြားနားချက်ကပဲ ပွဲရဲ့အဖြေလို့တောင်ပြောချင်ပါတယ်။ ကောင်းလှပါတယ်ဆိုတဲ့ ဆန်ချို လည်းတကယ့်တကယ်တမ်းမှာ ဘယ်လိုမှအဆင်မပြေပဲ ဘောလုံးကရှေ့မရောက်ပဲ သူ့အနားမှာတင်လည်နေပါတယ်။ ပွဲချိန်(၂၉)မိနစ်အရောက်မှာတော့ လီဗာပူးလ် ပယ်နယ်တီရခဲ့ပြီး လွှတ်ပေးထားရင်တောင် ဂိုးချင်မှ ဂိုးမယ့်အနေအထားကို ကိုးဝဲလ် ပါးနပ်မှုမရှိပဲ တားဆီးခဲ့တာကြောင့် ပေးလိုက်ရတာဖြစ်ပြီး ဒီပယ်နယ်တီကို ဆာလာ က ကန်သွင်းယူခဲ့ပါတယ်။
 
ချယ်လ်ဆီး ကစားရကျပ်နေခဲ့တဲ့အချိန်မှာ အဖြေရှာပေးနေကြ ပယ်လ်မာ လည်း ခြေမပေါ်သလို သူ့ဆီကလည်း ဘောလုံးမထွက်တာကြောင့် ဘာမှလုပ်လို့မရတဲ့ ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။ ပထမပိုင်းရဲ့ နောက်ပိုင်းမိနစ်တွေမှာတော့ လီဗာပူးလ်ရဲ့ ဖိအားပေးမှုတွေကိုသာမြင်ခဲ့ရတာပါ။
 
ဒါပေမယ့် ဒုတိယပိုင်း စစခြင်း ပွဲချိန်(၄၈)မိနစ်မှာ ဂျက်ဆင် က ချယ်လ်ဆီးအတွက် ချေပဂိုးပြန်သွင်းပေးခဲ့ပေမယ့် အဲဒီအပျော်က မိနစ်ပိုင်းသာခံခဲ့ပြီး ပွဲချိန်(၅၁)မိနစ်မှာတော့ လီဗာပူးလ် က ဦးဆောင်ဂိုးထပ်သွင်းခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ ဂိုးမှာ ဆာလာရဲ့အကွက်မြင်မှုနဲ့ ဂျုံးစ်ရဲ့ အလိုက်သင့်ပြေးထွက်မှုတွေက အဓိကကျခဲ့ပြီး အဆင့်အတန်းမြင့်တဲ့ ဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။ (၂-၁)ဖြစ်သွားတဲ့အချိန်မှာ လီဗာပူးလ် ကစားအားလျှော့ချလိုက်တာကြောင့် ချယ်လ်ဆီးက ပွဲကိုပြန်စီးသလိုဖြစ်ခဲ့ပေမယ့် ထိထိရောက်ရောက်တော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။
 
ဒီပွဲမှာ လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားပုံ ၊ ဘယ်နေရာကမဆို အသင်းဖော်ဆီတိကျတဲ့ ဖြတ်တင်ဘော ပေးပို့နိုင်စွမ်းတွေကိုတော့ မဖြစ်မနေချီးကျူးရပါလိမ့်မယ်။ ချယ်လ်ဆီးကို နိုင်အပြီးမှာတော့ စလော့ရဲ့ လီဗာပူးလ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်သွားခဲ့ပါပြီ။
ကင်ဗင်ဖီလစ် အနာဂတ် အဖြေပေါ်တော့မယ်

ဒီ ဇန်နဝါရီမှာ မဖြစ်မနေကို အဖြေထွက်ရမယ့်အနာဂတ်တစ်ခုရှိနေပါတယ်။

Read More
ဆော်ဒီကို ပြောင်းမှာမဟုတ်တဲ့ ဆန်ချို

ဆန်ချို ကို စိတ်ဝင်စားတဲ့ အသင်းက နည်းပြ ဂျရတ် ရဲ့ အယ်လ်အီတီဖတ်အသင်းဖြစ်ပြီး အငှားနဲ့ ခေါ်ချင်တယ်ဆိုတာပါ။

Read More
ဝက်စ်ဟမ်းအသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ခဲ့တဲ့ ဘိုဝင်

ဘိုဝင် ကို လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ စိတ်ဝင်စားတယ်ဖြစ်နေတုန်းမှာပဲ ဝက်စ်ဟမ်းအသင်းက ခပ်မြန်မြန်နဲ့စာချုပ်သက်တမ်းတိုးလိုက်တာပါ။

Read More
(၃)လထိ နားရဖို့ရှိနေတဲ့ မာတီနက်ဇ်

မာတီနက်ဇ် ဟာ သူ့ရဲ့ခြေထောက် ဒဏ်ရာကို ဒုတိယအကြိမ် ခွဲစိတ်ကုသမှုခံယူရတော့မှာပါ။

Read More
ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံအသစ်တွေ ထွက်ပေါ်

အိမ်ရှင်နိုင်ငံ (၆)နိုင်ငံထိ ရှိလာမှာလည်း ဖြစ်ပါတယ်။

Read More