ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဗီနီစီယက်စ်
-------------------------------
ရီးယဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဗီနီစီယက်စ် ဟာ (၂၀၂၇)ခုနှစ်ထိ အသင်းနဲ့စာချုပ်သက်တမ်းတိုးလိုက်ပါပြီ။ ရီးယဲလ်ကို ရောက်ခါစက အဆင်ပြေဖို့ ၊ အထိုင်ကျဖို့ ခက်ခဲခဲ့ပေမယ့် ခြေစွမ်းမကောင်းဘူးဆိုရင်တောင် ပုံမှန်ကစားခွင့်ရတဲ့ ကံကောင်းမှုလေးက သူဘက်မှာရှိနေတတ်ပြီး ဒီလိုနဲ့ပဲ အချိန်တွေကြာလာတော့ ဒီနေ့မှာ မြင်တွေ့နေကြရတဲ့ ဗီနီစီယက်စ် ဖြစ်လာခဲ့တာပါပဲ။
အခု ဆိုရင်တော့ ဗီနီစီယက်စ် ဟာရီးယဲလ်မှာသာ အချိန်တော်တော်ကြာကြာ ဖြတ်သန်းသွားမယ့်ပုံပါ။စာချုပ်သစ်ရဲ့စာချုပ်လျော်ကြေးကတော့ ယူရို (၁)ဘီလီယံ ဖြစ်ပါတယ်။ ရီးယဲလ်အသင်းနဲ့ ဆုဖလားတွေများစွာရယူထားတဲ့ ဗီနီစီယက်စ် ရှေ့ဆက်ပြီးဘာတွေဆက်လုပ်ပြဦးမလဲ ဆိုတာ စောင့်ကြည့်သွားရမှာပါ။ လက်ရှိမှာတော့ ရီးယဲလ်အသင်းဟာ နောက်ထပ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ရိုဒရီဂို ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပါတယ်။
ဒီတော့ အပြန်အလှန် ထိုးဖောက်မှုတွေကို မြင်ခဲ့ရပြီး ပွဲက မြိုင်မြိုင်ဆိုင်ဆိုင်လည်း ရှိခဲ့ပါတယ်။
Read Moreရမှတ်ခွဲယူခဲ့ကြတဲ့ မန်စီးတီး နဲ့မန်စီးတီး က ဂိုးကန်ချက်တွေများခဲ့တယ်ဆိုပေမယ့် နိုင်ပွဲတစ်ပွဲအတွက် လုံလောက်ခြင်းမရှိခဲ့ပါဘူး။
Read Moreတစ်နာရီကျော်လောက် နယူးကာဆယ်ရဲ့ တစ်ယောက်အသာ ၊ (၁)ဂိုးအသာကို အဝေးကွင်းမှာ နောက်ကလိုက်ကစားခဲ့ပြီး လီဗာပူးလ် ဟာ ဘာလဲဆိုတာကို ပြသနိုင်ခဲ့တယ်။
Read Moreမန်စီးတီး က သူတို့ရဲ့လူငယ်ထုတ်ကုန်တွေထဲက အကောင်းဆုံးတစ်ယောက်ကို ရောင်းချမယ့် ဆုံးဖြတ်ချက်က အံအားသင့်စရာကြီးပါ။
Read Moreလီဗာပူးလ်ကလည်း အခွင့်အရေးတွေရပေမယ့် ဖြုန်းတာနဲ့ အိုနာနာ လက်စွမ်းပြတာတွေကြောင့် ပထမပိုင်းမှာတစ်ဂိုးသာရခဲ့ပါတယ်။
Read More