ရမှတ်ခွဲယူခဲ့ကြတဲ့ မန်စီးတီး နဲ့ ချယ်လ်ဆီး

Published 1 year ago by Bawlonelive

ရမှတ်ခွဲယူခဲ့ကြတဲ့ မန်စီးတီး နဲ့ ချယ်လ်ဆီး

---------------------------------- 

မန်စီးတီး ၁ - ၁ ချယ်လ်ဆီး 

ဒီပွဲရဲ့ အနေအထားကတော့ မန်စီးတီး ညံ့ခဲ့တယ်။ ချယ်လ်ဆီး ကောင်းခဲ့တယ်လ်ို့သာ ပြောရမှာပါ။ မန်စီးတီး က ဂိုးကန်ချက်တွေများခဲ့တယ်ဆိုပေမယ့် နိုင်ပွဲတစ်ပွဲအတွက် လုံလောက်ခြင်းမရှိခဲ့ပါဘူး။ မန်စီးတီး ကစားပုံက လျော့တိလျော့ရဲဖြစ်ခဲ့ပြီး ချယ်လ်ဆီးကတော့ စနစ်တကျနဲ့ပွဲကို ချဥ်းကပ်ခဲ့တာပါ။ 

အန်ဇိုဖာနန်ဒက်ဇ် ၊ ကိုင်စီဒို တို့က ကွင်းလယ်မှာထိုင်ထားပြီး သူတို့ရှေ့မှာ ဂယ်လန်ဟာ က မန်စီးတီးဘောလုံးတည်တာနဲ့ ရအောင်လိုက်ဖျက်ပါတယ်။ အဲဒီကနေ ဘောလုံးရတာနဲ့ တောင်ပံတွေဆီ ထည့်ပေးပြီး တိုက်စစ်ဆင်ခဲ့ပါတယ်။ ဒီအနေအထားက အလုပ်ဖြစ်ခဲ့သလို မန်စီးတီးခံစစ်ကလည်း အားနည်းချက်တွေများခဲ့ပြီး အရှေ့ကိုရောက်လွန်းပါတယ်။ စတာလင် ၊ ပယ်လ်မာ တို့လို ကစားသမားတွေရှိနေတဲ့ အသင်းမှာ အရှေ့ကိုတော်တော်လေးတက်ထောက်ကြတဲ့ မန်စီးတီး ခံစစ်တန်းကိုလည်း နားမလည်နိုင်အောင်ပါပဲ။ ဒီလိုအခြေအနေကနေ ချယ်လ်ဆီး (၄)ကြိမ်လောက် အပိုင်အခွင့်အရေးတွေရခဲ့ပြီး (၁)ကြိမ်ကိုတော့ စတာလင် က ပွဲချိန်(၄၂)မိနစ်မှာ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ကျန်တဲ့ အခွင့်အရေးတွေကို ဂျက်ဆင် ၊ စတာလင် ၊ အန်ကွန်ကူ ၊ ဂျက်ဆင် နဲ့ အန်ဇိုဖာနန်ဒက်ဇ် တို့ လုကန်ပြီး ဖြုန်းတီးခဲ့ကြလို့သာ မန်စီးတီး ဂိုးပြတ်မရှုံးခဲ့တာပါ။ 

ဒုတိယပိုင်းကတော့ မန်စီးတီးအတွက် ဖြစ်ခဲ့ပြီး ဂိုးရဖို့ပိုကြိုးစားခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ အနိုင်ဂိုးကို ထိန်းဖို့သာပိုအာရုံစိုက်ခဲ့တာပါ။ တိုက်စစ်မှုးတွေမှာ ဖြစ်တတ်တဲ့ ပုံစံအတိုင်း ဟာလန်း လည်း အလွဲတွေကများနေခဲ့ပြီး နောက်ဆုံးမှာတော့ ထုံးစံအတိုင်း ကယ်တင်ရှင်က ရိုဒရီ သာဖြစ်ခဲ့ပါတယ်။ ပွဲချိန်(၈၃)မိနစ်မှာ ရိုဒရီ ရဲ့ကန်ချက် ဂိုးဝင်သွားခဲ့လို့သာ မန်စီးတီး တို့ သရေရခဲ့တာပါ။ မန်စီးတီးတို့ သရေရခဲ့တာပဲ ကံကောင်းခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ဒီပွဲရလဒ်ကြောင့် အဆင့်(၃)ဖြစ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ အပိုင်စားနေရာယူထားတဲ့ အဆင့် (၁၀)မှာပဲ ဆက်ရှိနေခဲ့ပါတယ်။

အာတီတာ မှာ အပြည့်အဝတာဝန်ရှိတဲ့ ရှုံးပွဲ

လူငယ်အရန်တွေပါလာတယ်။ ရှုံးသွားရင် ဘာမှမဖြစ်ဘူးဆိုတဲ့ ပုံနဲ့ကစားခဲ့တယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၁)

" VAR လွှမ်းမိုးသော နေ့ရက်များ "

Read More
လီဗာပူးလ် - မန်စီးတီး ပွဲကြိုသုံးသပ်ချက်

အသင်းကောင်း (၂)သင်းဖြစ်သလို ရှုံးဖို့လည်း မလွယ်ကြတဲ့ အသင်းတွေပါ။

Read More
ဆော်ဒီအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ မန်စီနီ

မန်စီနီ ဟာ ဆော်ဒီအသင်းမှာ (၄)နှစ်အတွက် ယူရိုသန်း(၁၀၀)တန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Read More
ပရီးမီးယားလိဂ်(၄)နှစ်ဆက်ချန်ပီယံ မန်စီးတီး

ဖိုဒန် ရဲ့ အလန်းစားဂိုး ကစောစောစီးစီးပွဲပြီးပြီလို့ မပြောရုံတမယ်ဖြစ်ခဲ့တာပါ။

Read More