ဒါဝင်နူးနက်ဇ် ရဲ့ ဂိုးတွေနဲ့ အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့ လီဗာပူးလ်

Published 1 year ago by Bawlonelive

ဒါဝင်နူးနက်ဇ် ရဲ့ ဂိုးတွေနဲ့ အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့ လီဗာပူးလ်

--------------------------------------- 

နယူးကာဆယ် ၁ - ၂ လီဗာပူးလ် 

လီဗာပူးလ်ရဲ့ ပြန်လာနိုင်စွမ်းက အံအားသင့်စရာကောင်းပါတယ်။ တစ်နာရီကျော်လောက် နယူးကာဆယ်ရဲ့ တစ်ယောက်အသာ ၊ (၁)ဂိုးအသာကို အဝေးကွင်းမှာ နောက်ကလိုက်ကစားခဲ့ပြီး လီဗာပူးလ် ဟာ ဘာလဲဆိုတာကို ပြသနိုင်ခဲ့တယ်။ ဒီနိုင်ပွဲက သူ့တို့နဲ့ ထိုက်တန်လွန်းပါတယ်။ 

ဒီပွဲမှာ လီဗာပူးလ် အစကောင်းခဲ့လားဆိုရင် လုံးဝမကောင်းခဲ့ပါဘူး။ ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်မှုမရှိခဲ့သလို အပေးအယူတွေလည်း လွဲနေခဲ့ပြီး ပြိုင်ဘက်တိုက်စစ်ဆင်ရင်လည်း ကွင်းလယ်မှာ ဖြတ်တောက်နိုင်ခြင်းမရှိခဲ့တာကြောင့် ကွင်းလယ်က လစ်ဟာချက်တော်တော်ကြီး နေခဲ့ပါတယ်။ 

ဒီလိုနဲ့ ပွဲချိန်(၂၅)မိနစ်မှာ နယူးကာဆယ်က ဂိုးစရခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ အမှားကနေ ဂေါ်ဒွန် ဘောလုံးရသွားကာ တောက်လျှောက်ဆွဲယူ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၂၈)မိနစ်မှာတော့ နယူးကာဆယ်တိုက်စစ်မှုး အီဆက် ကို ဗန်ဒိုက် တားဆီးပုံကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်ထိခဲ့တာကြောင့် ပွဲက နယူးကာဆယ်ပွဲ ဖြစ်သွားပြီလို့ တွေးမိခဲ့ပါတယ်။ 

နယူးကာဆယ် ရဲ့ အမှားကတော့ တစ်ယောက်အသာ ၊ (၁)ဂိုးအသာနဲ့ ကစားနေရတဲ့ အချိန်မျိုးမှာ နောက်ထပ်ဂိုးတွေအတွက် ကစားအားကို သိပ်မတင်ပဲ ပုံမှန်အနေအထားနဲ့သာ ထိန်းကစားလိုက်တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ဆာလာ က အကောင်းဆုံးရုန်းကစားပေးသွားခဲ့တာကလည်း ကြည့်ရတာအားရဖို့ ကောင်းပါတယ်။ 

ပွဲချိန်(၈၁)မိနစ်မှာတော့ လီဗာပူးလ်အသင်း အမှတ်မထင်ချေပဂိုး ရခဲ့ပြီး လူစားဝင်တိုက်စစ်မှုး ဒါဝင်နူနက်ဇ် က သွင်းယူခဲ့တာပါ။ သရေဖြစ်သွားတော့မှ အနိုင်ဂိုးရဖို့ နယူးကာဆယ် ပိုကြိုးစားလာခဲ့ပေမယ့် လီဗာပူးလ် ရဲ့စုစည်းမှုက အကောင်းဆုံးဖြစ်နေလို့ ကျော်ဖြတ်ဖို့မလွယ်ကူတော့ပါဘူး။ ပွဲချိန်(၉၃)မိနစိမှာတော့ လီဗာပူးလ် အဖိုးတန်အနိုင်ဂိုးရခဲ့ပြီး ဆာလာ ခင်းပေးလိုက်တဲ့ ဘောလုံးကို ဒါဝင်နူးနက်ဇ် က အလိုက်သင့်ပြေးထွက်ကာ အကောင်းဆုံးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

မာဆေးလ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘာပေ

ဒဏ်ရာကြောင့် ဘာပေ ကိုပွဲချိန် (၃၂)မိနစ်မှာပဲ ရာမို့စ် နဲ့ လူစားလဲခဲ့ရပါတယ်။

Read More
အက်ဖ်အေဖလားချန်ပီယံ မန်ယူ

မန်စီးတီး ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ယူပြီး မန်ယူအသင်း အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တယ်။

Read More
ပြန်လာဖို့ ကြာနိုင်သေးတဲ့ ဟာလန်း နဲ့ ဒီဘရိုင်းနား

လက်ရှိအခြေအနေတွေအရတော့ ပါလာဖို့နည်းနည်းကြာဦးမယ့် ပုံပါပဲ။

Read More
PFA Players' Player of the year ဆုကို ရရှိခဲ့တဲ့ ဟာလန်း

ဟာလန်း ဟာ မန်စီးတီးအသင်းနဲ့ ပထမဆုံးရာသီမှာတင် ပြိုင်ပွဲစုံ သွင်းဂိုး (၅၂)ဂိုး ထိသွင်းယူခဲ့တာပါ။

Read More
UEFA  Men's Player of the Year ဆုကို ရရှိခဲ့တဲ့ဟာလန်း

မက်ဆီ လည်း ဒီဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေလို့ ဟာလန်း အတွက် စိုးရိမ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဟာလန်း ကသာ ဒီဆု ကိုအရယူနိုင်ခဲ့တာပါ။

Read More