ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ လီဗာပူးလ်
-----------------------------
လီဗာပူးလ် ၄ - ၁ ချယ်လ်ဆီး
လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ရဲ့ သရေပွဲတွေက ဒီတစ်ခါမှာတော့ လီဗာပူးလ်အသင်းရဲ့ ဂိုးပြတ်ရလဒ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါပြီ။ လူမစုံတဲ့ လီဗာပူးလ်ကို ချယ်လ်ဆီးအသင်း ခက်ခဲအောင် ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ လီဗာပူးလ်ဘက်ကတစ်သင်းလုံးကောင်းပြီး ချယ်လ်ဆီးဘက်က တစ်သင်းလုံး လိုအပ်ချက်များခဲ့တဲ့ ပွဲမျိုးလည်းဖြစ်ပါတယ်။ ပွဲချိန် (၁၀)မိနစ်နောက်ပိုင်းမှာတော့ ပွဲကို လီဗာပူးလ်ကသာ လိုသလိုပုံသွင်းသွားခဲ့ပြီး ချယ်လ်ဆီးက လီဗာပူးလ်နောက်ကနေ လိုက်မျောနေခဲ့ရတာပါ။ ဂျိုတာ ၊ ဒီယက်ဇ် ၊ နူနက်ဇ် တို့ (၃)ဦးရဲ့ တိုက်စစ်မှာ ရွှေ့လျားကစားနေတဲ့ ပုံကိုလည်း ချယ်လ်ဆီးခံစစ်က ဘယ်လိုမှမတားဆီးနိုင်တော့ ဂိုးတွေပေးခဲ့ရတာကလည်း ဘာမှမဆန်းပါဘူး။
ပထမပိုင်းမှာတင် ပွဲချိန်(၂၃) ၊ (၃၉)မိနစ်တွေက ဂျိုတာ ၊ ဘရက်ဒလေ တို့ရဲ့ သွင်းဂိုးတွေနဲ့ (၂)ဂိုးပြတ်ဦးဆောင်ထားလို့ ပွဲက လီဗာပူးလ်အတွက် သက်တောင့်သက်သာပါပဲ။ ချယ်လ်ဆီးကတော့ ဂိုးရဖို့ မြန်နှုန်းမြင့်ပြီး အတင်းဇွတ်တိုးနေတာတွေကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ အန်ဇိုဖာနန်ဒက်ဇ် နဲ့ ကိုင်စီဒို ကွင်းလယ်ကလည်း ငွေကြေးများစွာသုံးထားခဲ့ရပေမယ့် ထိပ်တန်းအဆင့်ဖြစ်လာဖို့ထက် အားနည်းချက်တွေကသာ အပြည့်ဖြစ်နေတာကြောင့် ဝေဖန်ချင်စရာတော်တော်ကောင်းနေပါပြီ။
ပွဲချိန် (၆၅)မိနစ်မှာ ဆိုဘိုဆလိုင် ရဲ့ တတိယ ခေါင်းတိုက်ဂိုး ၊ ပွဲချိန် (၇၉)မိနစ်မှာ နူနက်ဇ် ဖန်တီးမှုကနေ ဒီယက်ဇ် က စတုတ္ထဂိုး လီဗာပူးလ်အတွက်သွင်းယူပေးခဲ့ကြပါတယ်။ နူနက်ဇ် ရဲ့ ပယ်နယ်တီလွဲချော်မှု ၊ ဘားတန်းတွေ တိုင်တွေနဲ့ မိတ်ဆက်မှုတွေကြောင့်သာ လီဗာပူးလ် အခုထက်ပိုပြီး ဂိုးမရခဲ့တာပါ။ ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် (၇၁)မိနစ်မှာ အန်ကွန်ကူ က သွင်းယူခဲ့တာဖြစ်ပါတယ်။
ဂျေးဆု မကြာခဏဒဏ်ရာရမနေဖို့ဖြစ်ပြီး မဟုတ်ရင် ကျဥ်းထဲကျပ်ထဲရောက်ချိန်မှာ အခက်အခဲအများကြီးဖြစ်လာနိုင်ပါတယ်။
Read Moreဘီလ်ဘာအို မှာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ပေးဆပ်ခဲ့သူပါ။
Read MoreAdd-ons ကြေးလည်း ပါဝင်တာကြောင့် အနာဂတ်မှာ ပြောင်းရွှေ့ကြေးဟာ ပေါင်(၅၈)သန်းထိ မြင့်တက်လာနိုင်ပါတယ်။
Read Moreဆန်ချို ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ မန်ယူအသင်းကနေ ထွက်ခွာဖို့ရှိနေပါတယ်။
Read Moreချယ်လ်ဆီးအသင်း အားပေးသူတွေက ပိုချက်တီနို ကို စိတ်ပျက်နေကြပြီ။
Read More