လေဗာကူဆင်မှာ ရလဒ်ကောင်းတွေနဲ့ ရှေ့ဆက်နေတဲ့ အလွန်ဆို

Published 1 year ago by Bawlonelive

လေဗာကူဆင်မှာ ရလဒ်ကောင်းတွေနဲ့ ရှေ့ဆက်နေတဲ့ အလွန်ဆို

-------------------------------- 

လေဗာကူဆင်နည်းပြ အလွန်ဆိုအပေါ်ချီးကျူး ပြောဆိုမှုတွေကတော့ အခုနောက်ပိုင်းမှာတော်တော်လေးကို မြင်နေတွေ့နေရပါတယ်။ လာမယ့်ရာသီမှာ အလွန်ဆိုရီးယဲလ်နည်းပြဖြစ်လာမလားဆိုတာကလည်း စိိတ်ဝင်စားဖို့ကောင်းတဲ့ အခြေအနေတစ်ခုပါ။ 

အခုဆို အလွန်ဆို လက်ထက်မှာလေဗာကူဆင်အသင်းဟာ မှတ်တမ်းကောင်းတစ်ခု ရခဲ့ပါတယ်။ဒါကတော့ လေဗာကူဆင်အသင်းဟာ ဥရောပပြိုင်ပွဲ အုပ်စုအဆင့်ပထမ (၃)ပွဲဆက်နိုင်ပွဲ ရခဲ့တယ်ဆိုတာပါပဲ။ ဒါက ၂၀၀၁ - ၂၀၀၂ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ 

အဲဒီတုန်းကတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပထမ (၃)ပွဲဆက် နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်းတက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီတစ်ခါမှာ အလွန်ဆို အလှည့်မှာတော့ယူရိုပါလိဂ် ပါ။ ဒီရာသီပြိုင်ပွဲစုံမှာလည်း ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်အသင်း ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်နိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းတာတော့ အမှန်ပါပဲ။

လီဗာပူးလ် အာဆင်နယ် ပွဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ

ဘောလုံးမှာက သူ့အလှည့် ၊ ကိုယ့်အလှည့်ပြန်ပေးရတာလေးတွေရှိလို့ ဒါလေးတွေထည့်တွက်မယ်ဆို အရင်ကလို (၅)ဂိုးပြတ်တွေ ဘာတွေဖြစ်မလာနိုင်တော့ပါဘူး။

Read More
တန်ဟက် ရဲ့ အသုံးစရိတ် ပေါင်သန်း (၃၀၀)ကျော်ပြီ

အသင်းကိုလည်း တန်ဟက် စိတ်တိုင်းကျပြင်ဆင်နေပြီး အပြောင်းအရွှေ့တွေကအချိန်နည်းနည်း ကြန့်ကြာတာမျိုးတွေရှိပေမယ့် အချိန်တန်ရင် သူ လိုချင်တဲ့သူ အကုန်ရနေပါတယ်။

Read More
ရလဒ်ကောင်းဖို့လိုတဲ့ အာဆင်နယ်

ပထမအကျော့ရလဒ်ကတော့ အာဆင်နယ်နိုင်ပြီး (၂-၁)ဖြစ်ပါတယ်။

Read More
မာဆေးလ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘာပေ

ဒဏ်ရာကြောင့် ဘာပေ ကိုပွဲချိန် (၃၂)မိနစ်မှာပဲ ရာမို့စ် နဲ့ လူစားလဲခဲ့ရပါတယ်။

Read More
လီဗာပူးလ် - ချယ်လ်ဆီး ပွဲကြိုသုံးသပ်ချက်

ဒီပွဲမှာ ချယ်လ်ဆီးက ဘယ်လိုရလဒ်ပဲ ထွက်ထွက်ဖိအားကင်းကင်းနဲ့ ကစားရမှာက ကျေနပ်စရာပါ။

Read More