မန်ယူ - ဘိုင်ယန်မြူးနစ်
ဗုဒ္ဓဟူးမနက် (၂:၃၀)နာရီ
ဒီပွဲမှာ မန်ယူနိုင်ပြီး ဂါလာတာစာရေးနဲ့ ကိုပင်ဟေဂင် သရေကျမယ်ဆို မန်ယူနောက်တစ်ဆင့်တက်ပါပြီ။ မန်ယူ ဒီပွဲနိုင်ပြီး တစ်ဖက်က အနိုင်အရှုံးပေါ်ရင်တော့ ယူရိုပါလိဂ်ဝင်ပါတယ်။ လက်ရှိမန်ယူက နိုင်လိုက်ရှုံးလိုက်ဖြစ်နေပြီး ချယ်လ်ဆီးကိုနိုင်လို့ တော်တော်အဆင်ပြေပြီထင်ပေမယ့် ဘုန်းမောက်ကိုပြန်ရှုံးခဲ့ပါတယ်။ ဒီပွဲမှာ ဗာရန်း ပြန်ပါလာဖို့ရှိသလို လုခ်ရှော ဘယ်နောက်ခံနေရာပြန်ကစားနိုင်ပါတယ်။တွမ်မီနေး ကို အချိန်ပြည့်တိုက်စစ်မသွားပဲ ကွက်ပျောက် ရောက်ပြီး တစ်ချက်ချက် တက်သွားမယ့် ပုံသုံးလာနိုင်သလို လီဗာပူးလ် နဲ့ပွဲ ပယ်ခံထားရလို့ ဖာနန်ဒက်စ် ပုံမှန်ထက်ပိုရုန်းလာပါလိမ့်မယ်။
အိမ်ကွင်းမှာ ကိုပင်ဟေဂင် ကို သရေကစားပေးလို့ ဘိုင်ယန်မြူးနစ် က ဒီပွဲမှာမျှော်လင့်ချင်စရာကောင်းမနေပါဘူး။ ပြီးတော့ ဖရန့်ဖတ်ကို (၅-၁) နဲ့ရှုံးသွားပါသေးတယ်။ ခြေစွမ်းအကျပိုင်းကိုရောက်နေတာပါ။ ဒီပွဲရလဒ်မကောင်းရင် (၃) ပွဲဆက်ရလဒ်မကောင်းတာမျိုးဖြစ်နိုင်ပေမယ့် လက်ရှိမှာ ဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒက်စ်လီဂါ က ချန်ပီယံလိဂ်ထက်ပို အရေးကြီးနေပါတယ်။ ဘောလုံးပွဲတွေမှာ ဆွဲခေါ်သွားတာတွေက အမြဲလိုလို ရှိနေခဲ့လို့ ဒီပွဲမှာ ဒီလိုဖြစ်လာရင်လည်း ထူးဆန်းစရာတော့မရှိပါဘူး။
အနိုင်အရှုံး ရွေးချယ်တဲ့ နေရာမှာတော့ အနိုင်ရဖို့ မဖြစ်မနေ လိုအပ်နေတဲ့ မန်ယူအသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။ မန်ယူ (၁-၀) ဘိုင်ယန်မြူးနစ် ရလဒ်မျိုး ဖြစ်လာနိုင်ပါတယ်။
" စတန်းဖို့ဒ်ဘရစ်ချ် က အော်မြည်ကြေကွဲသံ "
Read More" မှန်းဆရခက်ခဲတဲ့ ပရီးမီးယားလိဂ် "
Read Moreထောက်ပြစရာရှိတာကတော့ ရိုမဲရိုး လက်နဲ့မထိခင် စပါးကစားသမား ပြစ်ဒဏ်ကျူးလွန်ခံရမှုကို VAR က လျစ်လျူရှုခဲ့တာပါပဲ။
Read Moreရမှတ်ခွဲယူခဲ့ကြတဲ့ မန်စီးတီး နဲ့မန်စီးတီး က ဂိုးကန်ချက်တွေများခဲ့တယ်ဆိုပေမယ့် နိုင်ပွဲတစ်ပွဲအတွက် လုံလောက်ခြင်းမရှိခဲ့ပါဘူး။
Read MoreEl Clasico ပွဲစဥ်မတိုင်ခင် ဘာစီလိုနာအသင်းအတွက် သတင်းကောင်းတစ်ခုပါပဲ။
Read More