ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၈)+(၁၉) " အလှည့်အပြောင်းများစွာနဲ့ ပရီးမီးယားလိဂ် "
⚽⚽⚽⚽
⚽ လီဗာပူးလ်ကို သရေကစားလို့ဟုတ်မလားတော့ မတွေးလိုက်ပါနဲ့။ဝက်စ်ဟမ်းကို ရှုံးပါတယ်။ ဒါဟာပုံမှန်ပါပဲ မိုင်ဖရန့်ပေါ့။ ဘယ်လိုမှအထင်ကြီးလို့မရသလို ဖြစ်ချင်တိုင်းကိုဖြစ်နေခဲ့ကြတယ်။
⚽ မန်ယူ (၀-၂)ဗီလာမှာ အိုးထရက်ဖို့ဒ် ဟာ ငြိမ်သက်လို့။ ဒုတိယပိုင်းမှာတော့ နတ်ရေကန်ထဲက တက်လာကြတဲ့အတိုင်း အရာအားလုံးဟာပြောင်းပြန်။ ဂါနာချို (၂)ဂိုး ၊ ဟွိုင်းလွန် က(၁)ဂိုး။ ဒီလိုနဲ့ပဲ Comeback ခဲ့ကြသည်ပေါ့။ ဒါပေမယ့် နောက်ပွဲသူတို့ကို ယုံစားလို့ရမှာလားဆိုတဲ့အတွေးကတော့ ချာချာလည်။
⚽ ခြေသာလျက်နဲ့ လီဗာပူးလ်မနိုင်တာကို ငြင်းဆန်ကြမယ် မထင်ပါဘူး။ အာနိုးလ် ကလည်းဘားတန်းကိုမှ ထိအောင်ကန်လိုက်သလားပါပဲ။ သရေရလဒ် ထက်ပိုသင့်တာဆိုပေမယ့် တခြားအသင်းကြီးတွေရဲ့ ရလဒ်ဆိုးတွေက ခံသာစေခဲ့ပါတယ်။
⚽ ဒီရာသီမှာ မထင်ထားတဲ့ အသင်းတစ်သင်းဆိုရင် ဒီအသင်းက လီဗာပူးလ်ပါပဲ။ သူက်ိုယ်တိုင်လည်း ကောင်းသလို သူဖြစ်ဖို့အတွက် ပြိုင်ဘက်ကလွဲချော်ပေးရတဲ့ ကံတရားကိုလည်းပိုင်ဆိုင်ထားတယ်။ ဒီလိုနဲ့ပဲ ဘန်လေကို နိုင်ပြီးရာသီဝက်ချန်ပီယံဖြစ်ခဲ့တယ်။
⚽ အာဆင်နယ် ချန်ပီယံ ဖြစ်ချင်ရင် လီဗာပူးလ်ဆီကနေ သူတို့ရမှတ်ယူကိုယူနိုင်ရမယ်။ဒါကိုလုပ်နိုင်ခဲ့ကြတယ်။တဖြည်းဖြည်းနဲ့ရှေ့ဆက်လာကြတယ်။ ယုံကြည်မှုတွေပိုလာတယ်။ ဒါပေမယ့် တစ်ခဏလေးအတွင်းမှာပဲ ဒီအရာပြိုပျက်သွားမယ်လို့တော့ မတွေးမိခဲ့ဘူး။⚽ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ နိုင်ရင် ရာသီဝက်ချန်ပီယံဖြစ်ပြီဆိုတဲ့ အခွင့်အရေးဟာ ဘယ်လောက်တောင်မှကောင်းလိုက်သလဲ။ အာဆင်နယ်ကအာဆင်နယ် ဆိုသလိုပါပဲ။ မလုပ်နိုင်ခဲ့ကြပါဘူး။ ရှုံးနိမ့်ခဲ့ကြတယ်။ VARကို အပြစ်တင်လို့ရပေမယ့် အိုဒီဂတ်လည်း လီဗာပူးလ်နဲ့ပွဲမှာ လက်နဲထိခဲ့တာပဲမဟုတ်လား။ မျှော်လင့်ချက်တွေကရှိနေသေးလို့ ရှေ့လာမယ့်ပွဲတွေမှာ အခုလိုတွေထပ်မဖြစ်စေချင်တော့ဘူး။
⚽ ဝုလ်ဗ်ကို ရှုံးတာက ပုံမှန်ပါ။အခွင့်အရေးတွေရပေမယ့် အိမ်ကွင်းကောင်းတဲ့ အသင်းနဲ့ဆို အခုလိုတွေဖြစ်မှာပါပဲ။ အန်ကွန်ကူ ပြန်လာတာအသင်းအတွက်ကောင်းပေမယ့် နောက်ပွဲပြန်လာဖို့က ပိုအရေးကြီးခဲ့တာပါ။ဒါကိုလည်း ချယ်လ်ဆီးတို့လုပ်နိုင်ခဲ့ကြတယ်။ ပဲလေ့စ်ကို အနိုင်ယူတယ်။ခြေပြန်မှန်လာတယ်လို့ ခံစားရပါတယ်။
⚽ မန်စီးတီး ပြန်လာပြီလို့ပြောရင်နည်းနည်းများသွားမလား။ ဒါပေမယ့်အဲဗာတန်နဲ့ပွဲက ခြေစွမ်းအရတော့အထင်ကြီးစရာပါ။ မန်စီးတီးဆိုတာကလည်း ဘယ်အချိန်မှာ ဘယ်လိုရမှတ်ယူရမလဲကိုကောင်းကောင်းကြီးသိနေလို့ လာမယ့်ပွဲတွေမှာလည်း နိုင်ပွဲတွေပြန်ဆက်မယ်ထင်ပါတယ်။
ဒီပွဲရဲ့ ရလဒ်ပိုင်းကတော့ ခန့်မှန်းရခက်ပါတယ်။
Read Moreကလော့ ရဲ့ နောက်ဆုံးရာသီက လိဂ်ဖလားနဲ့ပြီးသွားတာကပဲ ကျေနပ်စရာပါ။
Read Moreဇန်နဝါရီလ ပထမအပတ်ထဲမှာ ဒီပွဲစဥ်ကို ကစားသွားကြရမှာဖြစ်ပါတယ်။
Read Moreဆေးစစ်မှုတွေကိုတော့ ဒီနေ့ (ဗုဒ္ဓဟူး)မှာပြုလုပ်သွားမှာဖြစ်ပါတယ်။
Read Moreလာမယ့်ရာသီမှာ အလွန်ဆိုရီးယဲလ်နည်းပြဖြစ်လာမလားဆိုတာကလည်း စိိတ်ဝင်စားဖို့ကောင်းတဲ့ အခြေအနေတစ်ခုပါ။
Read More